Wednesday, January 28, 2026

“စစ်ပညာရပ်ကို တတ်မြောက်ထားမှ ပအိုဝ်းဒေသကို ဖျက်သည့်အဖျက်သမားများကို တိုက်ထုတ်နိုင်မည်” ဟု PNO ပြော

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေသည့် ပြည်သူ့စစ် PNO က ရပ်ရွာဒေသလုံခြုံရေးခေါင်းစဉ်ဖြင့် တပ်သားစုဆောင်းပြီး ရာနှင့်ချီရှိသော ဒေသခံများကိုစစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်အထက်မှ အသက် ၄၀ နှစ်အောက် လူငယ်လူရွယ်များကို အခြေခံစစ်ပညာသင်တန်းပေးပြီး၊ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ နာယက ခွန်နေဝင်းထွန်းက သင်တန်းသားများကို လာရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း PNO က ပအိုဝ်းဘာသာဖြင့် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသော ဓာတ်ပုံများထဲတွင် စစ်ကောင်စီတပ်သား စစ်ဝတ်စုံအချို့နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သား စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသူ ရာနှင့်ချီတွေ့ရသည်။

ထိုအခြေခံစစ်ပညာသင်တန်းကို အမှတ်စဉ် (၁) အဖြစ် ဇွန် ၁၃ ရက်မှ ဇွန်လိူင် ၁၃ ရက်အထိ တစ်လတိတိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ ပူးပေါင်းသင်တန်ပေးနေပြီး၊ ပအိုဝ်းဒေသကို ယခင်လို တည်ငြိမ်အေးချမ်းလာအောင် တပ်မတော်အဖွဲ့ကလည်း အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေး လျက်ရှိသည်ဟု အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနာချုပ်ဗိုလ်မှူးချုပ်ကျော်သူရက ပြောဆိုထားသည်။

အလားတူ စစ်ပညာရပ်ကို တတ်မြောက်ထားမှ ပအိုဝ်းဒေသကို ဖျက်သည့်အဖျက်သမားများကို တိုက်ထုတ်နိုင်မည်ဟု PNO စစ်ဒေသမှုး (ဒု) ဗိုလ်မှူးကြီး ခွန်ကျော်သူက ပြောဆိုထားသည်။

ထို့အပြင် ယမန်နေ့ ဇွန်လ ၂၆ ရက်တွင်လည်း ကျောက်တလုံးမြို့နယ်ရှိ ပြည်သူ့စစ် PNO ၏ဥက္ကာ ဦးအောင်ခမ်းထီထံ စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လာရောက်တွေ့ဆုံ အကြံညဏ်တောင်းယူခဲ့သည်ဟု PNO ကထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ အသေးစိတ်ကိုတော့ မသိရပေ။

ဦးအောင်ခမ်းထီး ဦးဆောင်သည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ပြည်သူ့စစ် PNO အဖြစ်အသွင်ပြောင်းခဲ့သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်ထားသည့် နေရာများတွင် ဒေသခံများကို စစ်သင်တန်းအကြိမ်ကြိမ်ပေးပြီး၊ သျှမ်း-ကယားနယ်စပ်ဒေ တိုက်ပွဲများတွင် စစ်ကောင်စီနှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...