“စစ်ပညာရပ်ကို တတ်မြောက်ထားမှ ပအိုဝ်းဒေသကို ဖျက်သည့်အဖျက်သမားများကို တိုက်ထုတ်နိုင်မည်” ဟု PNO ပြော

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေသည့် ပြည်သူ့စစ် PNO က ရပ်ရွာဒေသလုံခြုံရေးခေါင်းစဉ်ဖြင့် တပ်သားစုဆောင်းပြီး ရာနှင့်ချီရှိသော ဒေသခံများကိုစစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်အထက်မှ အသက် ၄၀ နှစ်အောက် လူငယ်လူရွယ်များကို အခြေခံစစ်ပညာသင်တန်းပေးပြီး၊ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ နာယက ခွန်နေဝင်းထွန်းက သင်တန်းသားများကို လာရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း PNO က ပအိုဝ်းဘာသာဖြင့် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသော ဓာတ်ပုံများထဲတွင် စစ်ကောင်စီတပ်သား စစ်ဝတ်စုံအချို့နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သား စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသူ ရာနှင့်ချီတွေ့ရသည်။

ထိုအခြေခံစစ်ပညာသင်တန်းကို အမှတ်စဉ် (၁) အဖြစ် ဇွန် ၁၃ ရက်မှ ဇွန်လိူင် ၁၃ ရက်အထိ တစ်လတိတိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ ပူးပေါင်းသင်တန်ပေးနေပြီး၊ ပအိုဝ်းဒေသကို ယခင်လို တည်ငြိမ်အေးချမ်းလာအောင် တပ်မတော်အဖွဲ့ကလည်း အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေး လျက်ရှိသည်ဟု အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနာချုပ်ဗိုလ်မှူးချုပ်ကျော်သူရက ပြောဆိုထားသည်။

အလားတူ စစ်ပညာရပ်ကို တတ်မြောက်ထားမှ ပအိုဝ်းဒေသကို ဖျက်သည့်အဖျက်သမားများကို တိုက်ထုတ်နိုင်မည်ဟု PNO စစ်ဒေသမှုး (ဒု) ဗိုလ်မှူးကြီး ခွန်ကျော်သူက ပြောဆိုထားသည်။

ထို့အပြင် ယမန်နေ့ ဇွန်လ ၂၆ ရက်တွင်လည်း ကျောက်တလုံးမြို့နယ်ရှိ ပြည်သူ့စစ် PNO ၏ဥက္ကာ ဦးအောင်ခမ်းထီထံ စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လာရောက်တွေ့ဆုံ အကြံညဏ်တောင်းယူခဲ့သည်ဟု PNO ကထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ အသေးစိတ်ကိုတော့ မသိရပေ။

ဦးအောင်ခမ်းထီး ဦးဆောင်သည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ပြည်သူ့စစ် PNO အဖြစ်အသွင်ပြောင်းခဲ့သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်ထားသည့် နေရာများတွင် ဒေသခံများကို စစ်သင်တန်းအကြိမ်ကြိမ်ပေးပြီး၊ သျှမ်း-ကယားနယ်စပ်ဒေ တိုက်ပွဲများတွင် စစ်ကောင်စီနှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...