မူဆယ် – လားရှိုး တောတွင်း ရှောင်ကွင်းလမ်းကြမ်းတမ်း ကားသမားများအခက်ကြုံနေ

သျှမ်းပြည် မြောက်ပိုင်း မူဆယ် – လားရှိုးသို့ သွားသည့် တောတွင်း ရှောင်ကွင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းများကြမ်းတမ်းနေပြီး၊ ဂိတ်ကြေးများအဆမတန်ကောက်ယူမှုကြောင့် ကားသမားများ အခက်ကြုံ နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မြောက်ပိုင်း မိုးဦးရာသီမှ စ၍ မူဆယ် – လားရှိုးသို့ သွားသည့် တောလမ်းတွင် မိုးရွာတွင်းမှုကြောင့် လမ်းများကြမ်းတမ်းခြင်း၊ ကားငယ်များ သွားလာရန်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လမ်းက မိုးရွာရင်တော်တော်ဆိုးတယ်။ မိုင်းတီ၊နမ့်ခမ်းနားမှာလည်း လမ်းကကြမ်းတယ်။ ၆ ဘီးတွေတောင် မနည်းသွားနေရတာ။ လယ်ထွန်စက်တွေနဲ့ပါ ဆွဲခိုင်းနေရတာ။ မြေနီလမ်းတွေ ဆိုတော့ အရမ်းအခြေနေ ဆိုးတာပေါ့။ လမ်းကလည်းအရမ်းချော်တယ်။ ကုန်ဈေးနှုန်းတွေလည်း တက်ဖို့ပဲရှိတယ်”ဟု ကားသမားတစ်ဦးက ပြောသည်။

မူဆယ်မှ လားရှိုးမြို့သို့ သွားသည့် တောလမ်းတကြောတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုံ ဂိတ်များ ငွေကြေးတောင်းမှုများကြောင့် ကားသမားများအတွက် အခက်အခဲများဖြစ်စေကြောင်း ၎င်းကဆက်ပြောသည်။

“ဂိတ်တွေကတော့ တအာင်း၊ ကချင်၊ရှမ်း နဲ့ တော်လှန်‌ရေးတပ် တွေရှိတယ်။ အများဆုံးက‌တော့ တအာင်းဂိတ်တွေ။တောင်းတာလည်းအရမ်းတောင်တယ်။‌ ကျနော်တို့ကလည် ဆီဖိုးတွေ၊ ဂိတ်ကြေးတွေ၊ လမ်းက အခွန်ခတွေ၊ အဲ့လမ်းမှာ ကားခံရင်လည်း ထွန်စက်နဲ့ဆွဲရင် ပေးရတာ တွေလည်းရှိသေးတယ်။”ဟု ကားသမားတစ်ဦးက ပြောသည်။

မူဆယ်မှ လားရှိုးမြို့ထိ လမ်းတလျောက် လက်နက်ကိုင်များအတွက် ပေးဆောင်ရသည့်ငွေပမာဏမှာ ကျပ်ငွေ ၂ သိန်းမှ ၄ သိန်းခန့် ရှိကြောင်း သိရသည်။

ယခင်တွင် မူဆယ်မှ လားရှိုးမြို့ထိ ကားခ တစ်ယောက်လျှင် ၃ သောင်းဝန်းကျင်သာကုန်ကျပြီး ယခုတွင် ကားခ တစ်ယောက်လျှင် ၁ သိန်းခွဲထိ ရှိပြီး ကုန်ပစ္စည်းတင်ပို့ခ များလည်း ဈေးတက်နေကြောင်း ခရီးသည်များက ပြောသည်။

သျှမ်းပြည်တွင် “၁၀၂၇ စစ်ဆင်ရေး” စစ်ကောစီနှင့် ညီနောင်မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်း ဆက်သွယ်‌ရေးများ၊ တံတားများပျက်စီးမှုနှင့် ပြည်ထောင်စုလမ်းမကြီး များလည်း ပိတ်ထားခဲ့ရပြီး ကားသမား များလည်း ယခင်က မှောင်ခိုလမ်းဖြစ်ခဲ့သည့် တောလမ်းကို ပြန်လည်အသုံးပြုနေခဲ့ကြ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...