နမ့်ခမ်း TNLA က SSPP တပ်သားများကို ကားတင်ပြီး မူဆယ်ဘက် ပို့ဆောင်

သျှမ်းပြည် နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေလ ၂၇ ရက်) နံနက် ၉ နာရီခန့်မှ စတင်ပြီး နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP တပ်စွဲထားသည့် ကျေးရွာများသို့ TNLA တပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းလာပြီး ၎င်းကျေးရွာများကို ဝိုင်းရံပိတ်ဆို့ကာ SSPP တပ်သားများအား လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်ကာ မူဆယ် သို့မဟုတ် မန်ဟီးရိုးမြို့သို့ ယာဉ်တန်းဖြင့် ပို့ဆောင်လိုက်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ဒီမနက် ၉ နာရီကျော်လောက်မှာ TNLA က တစ်ရွာချင်းစီကို ဝိုင်းပိတ်ပြီးတော့ SSPP တပ်သားတွေကို လက်နက်သိမ်းပြီး ကားပေါ်တွန်းတက်ခိုင်းတာမျိုး လုပ်တယ်။ သေနတ်သံလည်း မထွက်ဘူး။ တစ်ရွာချင်းစီ အဲ့လိုလုပ်ပြီးတော့ ညနေ ၃ နာရီလောက်မှာ ကားတင်ပြီး အပေါ်ဘက် (မူဆယ်)ကို သွားလိုက်တာ။ ပလောင်စစ်သားတွေက ရှေ့နောက်ကနေ စက်သေနတ်ချိန်ပြီး ကားတင်သွားတာ”ဟု နမ့်ခမ်းမြို့မှ အသက် ၅၀ ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်ရက်များကတည်းက မန်တုံ၊ ကွတ်ခိုင် နမ့်ဖတ်ကာတို့မှ အင်အားဖြည့်တင်းလာသည့် TNLA တပ်ဖွဲ့က SSPP တပ်သားများကို ဝိုင်းရံပိတ်ဆို့၍ ကားတင်ခေါ်ဆောင်သွားခံရသည့် ကျေးရွာများမှာ ရွှေလီမြစ်ကမ်းဘေးရှိ မန့်ဟောင်းရွာ၊ နောင်မလုံရွာ၊ နောင်တိန်းရွာ၊ နောင်ခမ်းရွာ၊ ကွန်ဟိုင်းရွာတို့ ဖြစ်ပြီး ညနေ ၃ နာရီခန့်တွင် ကား ၁၀ စီးထက်မနည်း ပါဝင်သည့် စစ်ယာဉ်တန်းဖြင့် မူဆယ်ဘက်သို့ ဦးတည်သွားကြောင်း သိရသည်။

ထို့အပြင် ယနေ့ (မေလ ၂၇ ရက်) နံနက်အစောပိုင်းအထိ တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် နောင်ခမ်းရွာတွင် SSPP နှင့် TNLA တပ်ဖွဲ့တို့ နှစ်ဘက်နီးကပ်စွာ နေရာယူထားခဲ့သော်လည်း တရုတ်နယ်စပ်ဂိတ်နှင့် စက်လှေဂိတ်များတွင် ကုန်သွယ်မှု မပြုလုပ်နိုင်ဘဲ ယာယီပိတ်ထားခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

“နောင်ခမ်းရွာက တရုတ်ဘက်က နောင်တောင်း နယ်စပ်ဂိတ်နဲ့ စပ်နေတာ။ အဲ့ဂိတ်မှာ SSPP နဲ့ TNLA နှစ်ဘက်စစ်သားတွေက ကပ်လျက်ပဲရှိနေတာ။ TNLA က အင်အားဖြည့်လာပြီးတော့ ကွန်ဟိုင်းနဲ့ နောင်ခမ်းရွာကြားကို ခြံစည်းရိုးကာပြီး ဖြတ်လိုက်တာ။ ကွန်ဟိုင်းမှာ SSPP တပ်သားများတယ်လို့ ပြောလို့ရတယ် ရွှေလီမြစ် မြောက်ဘက်မှာရှိတာ။ အဲ့ဒီနှစ်ရွာကြားကို TNLA က ဖြတ်လိုက်တော့ SSPP ဘက်က ဘယ်မှသွားလို့မရတော့ဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ TNLA တပ်ဖွဲ့က SSPP တပ်သားများကို သေနတ်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်သွားခြင်းတွင် ၎င်းတပ်သားများ၏ သေနတ်ကို သိမ်းဆည်းခြင်း ရှိ/မရှိကို သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“သင်္ကြန်မတိုင်ခင် ကတည်းက ဧပြီလနောက်ဆုံးထား ထွက်ခွာသွားဖို့ ပြောတယ်လို့ ကြားတယ်။ ဒါပေမယ့် မေလအထိ မထွက်ခွာသေးဘူး။ အတွင်းစည်းထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာကတော့ မသိနိုင်သေးဘူး။ အခုက အခြေအနေက ကြည့်တတ်ရင် ထုန့်မောဝ်းတစ်နေရာတည်း မဟုတ်ဘူး၊ SSPP က သိန္နီ၊ ကွတ်ခိုင်၊ ပန်ဆိုင်း ဒီနေရာတွေမှာ တပ်ဆုတ်ထားတယ်”ဟု နမ့်ခမ်းမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ နမ့်ခမ်းမြို့နယ် TNLA တပ်ဖွဲ့က SSPP တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်၍ နှင်ထုတ်ခြင်းနှင့် နမ့်ခမ်းမြို့နယ်မှ ထွက်ခွာခိုင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး စိုင်းဆုထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားပြီး TNLA သတင်းနှင့်ပြန်ကြားရေးဌာနသို့ စာပို့ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း နမ့်ခမ်းမြို့နယ်ရှိ နောင်တောင်း နယ်စပ်ဂိတ်အနီးတွင် သျှမ်းတပ် SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့အကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာခဲ့ခြင်းကြောင့် နှစ်ဘက်အပြန်အလှန် နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ကြကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ အတွင်းကလည်း TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်ထဲသို့ ညီနောင်မဟာမိတ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားစုဆောင်းရေး ကိစ္စအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေး စသည့် ကိစ္စများကို ဆက်လက်မလုပ် ဆောင်ရန် PSLF/TNLA မှ အထူးမေတ္တာရပ်ခံကြောင်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် စာပေးပို့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...