တိုက်ပွဲ

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားတိုက်ပွဲများကြောင့် နမ္မတူနှင့်သီပေါသို့ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးခဲ့ရာ နမ္မတူမြို့နယ် နှင့် သီပေါမြို့နယ်သို့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရောက်ရှိနေကြောင်းသိရသည်။ ပန်လုံအုပ်စု နမ့်ဆီလင်းနှင့် မန်မိုင်နောင်ငင်းရွာ၊ လွယ်ပန်ပြည့်ရွာဘက်တွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ ပန်လုံအုပ်စုမှဒေသခံများ မန်စံမိုင်းမုအုပ်စုတွင် ၆...

သီပေါရောက် နမ္မတူမှစစ်ဘေးရှောင် ရာဂဏန်းနေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လိုပါသော်လည်း နေ့စဉ်နှင့်အမျှ ကြားနေရသော ပစ်ခတ်သံများကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။ ပန်လုံအုပ်စု ပန်လုံရွာမှ ဒေသခံတဦးက - “ဒီမနက် သြဂုတ်လ ၂၂ ရက် သေနတ်သံထပ်ထွက်တယ်။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ကြတယ် လို့တော့မသိဘူး။...

လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် အစိုးရတပ်နှင့်တအာင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲ များငြိမ်သွားပြီ ဟုဆိုသော်လည်း ဒေသခံများစိုးရိမ်မှုရှိနေသေးသဖြင့် ရွာသား ၁၀၀ ၀န်းကျင်မှာ လားရှိုးသို့ တိမ်းရှောင်နေကြောင်းသိရသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့သည့် လွယ်ပန်ထီးနှင့် ၀မ့်ပန်ခုတ်ရွာတိုက်ပွဲကြောင့် သြဂုတ်လ ၂၂ ရက်မနက်ပိုင်းက ဒေသခံ တအာင်းလူထု ၁၀၀ ၀န်းကျင်ခန့် မိုင်းယော်သို့ရောက်ရှိကာ ကား...

လားရှိုးမြို့မြောက်ဘက်မှာ မဟာမိတ်တပ်ဖွဲ့နဲ့အစိုးရတပ်ပစ်ခတ်မှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်းသိရပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ လားရှိုးမြို့အရှေ့ဘက်မိုင် ၃၀ ကျော်အကွာက မိုင်းယော်တိုက်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ မိုင်းယော်တိုက်နယ်အရှေ့ဘက်မိုင် ၂၀ လောက်အကွာမှာရှိတဲ့ ပန်ကိန် ဟိုဆေ အုပ်စုဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ တအာင်း TNLA နဲ့...

ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား အစိုးရတပ်မတော် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်အစိုးရတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေကြောင်းသိရသည်။ ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများ နေစဉ်ဖြစ်ပွါးနေခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရစစ်တပ်မှ စစ်အင်အားများဆက်တိုက်ဖြည့်တင်းနေကြောင်းသိရသည်။ "ဒီဘက်မှာ သျှမ်းတပ်တွေသိပ်မရောက်ဘူး။ ဝမ့်ဟိုင်းတပ်တော့ မကြာမကြာရောက်တတ်ပါတယ်။ အများဆုံးက ကချင်တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘဲရှိတယ်။ အခုတိုက်ပွဲပြင်းထန်နေတာက မုံးဝင်း၊ တာမိုးညဲ ဘက်ကပေါ့။ အခု...

သျှမ်းပြည်အလယ်ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် ပိုက်စိပ်တိုက်ရှာ  

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ် အတွင်းရှိ RCSS/SSA တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော် မှ အင်အားဖြည့်ကာ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ဇူလိုင်လဆန်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် - မတ်ဝေါင်းကျေးရွာ၊ နမ့်အုပ်ကျေးရွား၊ ဟိုပုံကျေးရွာ ဘက်တို့လည်းကောင်း၊ မိုင်းကိုင်မြို့နယ် - ဟမ်းငိုင်းကျေးရွာအုပ်စု၊...

မြောက်ပိုင်းစစ်ရေးပြသနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့ နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးလက်ဒေသခံ ရာဂဏန်း နေရပ်မှ တိမ်းရှောင်နေရသည်ဟု ဆိုသည်။ နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တခုက ဇူလိုင်လ ၁၆ ရက် ၂၀၁၈ ရက်နေ့၌ နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့်...

တိုက်ပွဲဖြစ်ပွားရာ မိုင်းကိုင်ဘက်သို့ စစ်အင်အားအပြိုင်ဖြည့်နေမှု သျှမ်းလူထုစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်းနယ်စပ် သီပေါမြို့နယ် နှင့် မိုင်းကိုင် မြို့နယ်အတွင်း အစိုးရတပ် အင်အားအများအပြား ဖြည့်တင်းသကဲ့သို့ သျှမ်းပြည်တပ်မတော် နှစ်ခုစလုံးလည်း အင်အားပိုမိုဖြည့်တင်း နေသည်ဟု ဒေသခံတပ်မှူးများပြောပြချက်အရသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် နှင့် ကျေးသီးမြို့နယ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက် မဲခရိုင် သီပေါမြို့ နယ်အတွင်း...

သျှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုကို အင်အား တရာခန့်ရှိ အစိုးရတပ်မတော်က ယနေ့ တက်တိုက်ခဲ့သည်ဟုသိရသည်။ ဇူလိုင် ၉ ရက် မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရသေး ကြောင်း၊ အစိုးရတပ်မတော်ဘက်တွင် မိုင်းပန်အခြေစိုက်...

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး  

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွါးရာ အစိုးရတပ်၏ ကျည်ဆံနှင့်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။ ယမန်နေ့ မေလ ၂၂ ရက်နေ့ မိုင်းကိုင်မြို့နယ် မိုင်းခွန်ရွာအနီး အစိုးရတပ်နှင့် RCSS/SSA တို့ကြား မိနစ် ၂၀ အကြာတိုက်ပွဲ  ဖြစ်ပွါးခဲ့ရာ အစိုးရတပ်၏ ကျည်ကပ်၊...

Latest news