Thursday, January 29, 2026

တိုက်ပွဲ

စစ်ရေးလား၊ နိုင်ငံရေးလား၊ အဖွင့်ထူးခြားသည့် ၂၀၂၅

နိဒါန်း နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်သည် အလွန်ထူးခြားနေသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များဖြင့် ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ပြခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် မြို့ပေါင်း (၉၅) မြို့အထိ တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရအကူအညီရယူကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) အပေါ် ဖိအားပေးကာ တွေ့ဆုံဆွေးနွေးရေးကို တဆာဆာဟစ်ကြွေးနေရပြီမဟုတ်ပါလား။ စစ်အာဏာရှင်စနစ်...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

ကျောက်ဂူ စစ်ကောင်စီနှင့် DPLF တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုအမျိုးသားလွတ်မြောက်ရေး တပ်ဦး (DPLF)တပ်ဖွဲ့ဝင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် (ဇန်နဝါရီ ၁၁ ရက်)နေ့မှ ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နေ့အထိ စစ်ကောင်စီနှင့် ဓနုတပ် (DPLF) တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး...

ဆီဆိုင်နယ်စပ်တိုက်ပွဲတွင် PNO ဘက်မှ ကလေးစစ်သားနှစ်ဦး အပါအဝင် စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးအနီး တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးအပါဝင်စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ ကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ထံမှစုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉)ရက် နေ့ မနက် (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ အထိုင်ချသည့် ရွှေတစ်ဂူစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုကဲ့သို့...

မံစီမြို့ KIA ပူးပေါင်းတပ် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်

ကချင်ပြည်၊ မံစီမြို့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့ (ဇန်နီဝါရီလ ၈ ရက်) နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ -၃၁၉) ၊ ခြေမြန်တပ်ရင်း (ခမရ...

နမ့်ခမ်းမြို့သို့ ဗန်းမော်မြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀၀ ထပ်မနည်းရှိနေ

ကချင်ပြည် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် နမ့်ခမ်းမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ထပ်မနည်းရှိနေကြောင်းသိသည်။ ပြီးခဲ့သည့် ၂၀၂၄ (ဒီဇင်ဘာလ ၄ ရက်)မှစပြီး စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့သည် ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲမျာ စတင်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် စစ်ကောင်စီမှ ဗန်းမော်မြို့ပေါ်နှင့်...

ဗန်းမော်မြို့ တိုက်ပွဲပြင်းထန်နေပြီး မြို့အကြီးအကျယ် ပျက်စီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်အရှိန် မြှင့်တင် တိုက်ခိုက်နေ၍ ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး နေရာတချို့ မီးလောင်နေကာ မြို့အကြီးအကျယ် ပျက်စီးနေပြီဟု သတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၆ ရက်) ညနေပိုင်းတွင် ပြောသည်။ ယနေ့ နနံနက်အစောပိုင်းကစ၍ ဗန်းမော်မြို့တွင်း...

နှစ်သစ်အစတွင် စစ်ကောင်စီမှ ဖယ်ခုံဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းသို့ ယခုနှစ်သစ်စပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲမှုပြင်းထန်စွာ ပြုလုပ်ဆောင် လာသည်ဟု စုံစမ်းသိရှိရသည်။ သျှမ်း- ကယား(ကရင်နီ) နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာနှင့် ဆောင်ပလန် ကျေးရွာကြားကို ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်) နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်...

နောင်ချို တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ် လက်နက်ကြီး တစ်ဖက်သက်ပစ်ခတ်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက်...

ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဓနုPDF အပြင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲအပြိုင်ဖြစ်

သျှမ်းပြည် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ ထိတွေ့တိုက်ပွဲအပြင် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲအပြိုင်အဆိုင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်ဂူကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားနေစဉ် သျှမ်းတပ်နှစ်တပ်လည်း အင်တောမြို့အနီး (၃)...

Latest news