ဆီဆိုင်တွင် တိုက်ပွဲအခြေနေကြောင့် ဒေသခံများ ထပ်မံစစ်ရှောင်ရန် ပြင်ဆင်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ အခြေနေများကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO)နှင့် တော်လှန်ရေးအင်အားစုတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး ကျေးရွာဖက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယမန်နှစ်(၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်)နေ့တွင် ဆီဆိုင်မြို့နှင့် ကျေးရွာများတွင် စစ်ကောင်စီ၊ PNOနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုနှစ် (ဇန်နဝါရီလ ၂၄ ရက်) နေ့ဆိုလျှင် တစ်နှစ်ပြည့်တော့မည် ဖြစ်ပြီး တိုက်ပွဲများ ဖြစ်လာနိုင်မည့် အခြေအနေရှိသည်ဟု ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလ (၂၄ )ရက်ဆို တိုက်ပွဲက တစ်နှစ်ပြည့်တော့မှာ။ အခုထိ လက်နက်သံတွေ ကြားနေရတုန်းပဲ။ထီဆုံဘက်ဆို နေ့တိုင်း တိုက်ပွဲဖြစ်တယ်။ စစ်ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေဆိုတော့ ရှောင်ဖို့တွေပါ ပြင်နေရတယ်။ အရင်က စစ်ရှောင်တာ နလန်မထူသေးဘူး။ခု ထပ်ရှောင်ဖို့ ပြင်နေရပြီ။” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဆီဆိုင်မြို့ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးသွားသည့်မြင်ကွင်း

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီး ယနေ့ချိန်ထိ နေရပ် မပြန်နိုင်သေးသည့် စစ်ရှောင်များလည်း ရှိသေးကြောင်းနှင့် ဆီဆိုင်မြို့တွင်းသို့ လူဦးရေ သုံးပုံ နှစ်ပုံမျှသာ ပြန်လာကြကြောင်း ၎င်း အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

စစ်ရှောင်ရန်ပြင်ဆင်နေသော်လည်း သခိုးရန်ကိုလည်း ကြောက်နေရကြောင်းနှင့် စုဆောင်းထားသမျှ သခိုးလက်ထဲ ပါသွားမည် စိုးရိမ်ကြောင်း ဆီဆိုင် နေရပ်ပြန်စစ်ရှောင်တစ်ဦးက ပြောသည်။

“စစ်ရှောင်ဖို့ အထုတ်တွေ ကြိုပြင်ထားရတယ်။ ပြေးမယ်ဟေ့ဆိုရင် အရင်တစ်ခေါက်တုန်းကလို ဘာမှ မပါပဲ မပြေးရလေအောင် ပြင်ဆင်ထားရတယ်။ သခိုးရန်ကလည်း ကြောက်ရသေးတယ်။အရင်တစ်ခေါက်ကဆိုရင် ဘာမှ ရစရာမကျန်ဘူး။သခိုးတွေ ဝင်မွှေထားတာ။ အကုန်လုံး အသစ်ကနေ ပြန်စရတယ်။ လွယ်တော့ မလွယ်ဘူးပေါ့။” ဟု အဆိုပါ နေရပ်ပြန်စစ်ရှောင်တစ်ဦးက ပြောသည်။

ထို့အပြင် သူခိုးများသည် ပေါ်ပေါ်ထင်ထင် ခိုးမှုတွေ လုပ်ဆောင်နေပြီး ဒေသခံများမှ ရဲတိုင်လျှင်လည်း အရေးယူပေးမှုမရှိဘဲ ပြန်လွှတ်ပေးနေသောကြောင့် ၎င်းတို့သည် ပို၍ အတင့်ရဲနေကြောင်း ၎င်း စစ်ရှောင်တစ်ဦးက ဆိုသည်။

ဆီဆိုင်မြို့ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးသွားသည့်မြင်ကွင်း

ယခုလက်ရှိ ဆီဆိုင်တွင် လက်နက်ကြီး၊ လက်နက်ငယ်အသံများ နေ့စဉ်ကြားလာနေရပြီး စစ်ကောင်စီနှင့် PNO က်မှလည်း နေ့စဉ် အဝင်အထွက် တင်းကျပ်စစ်ဆေးမှုတွေ လုပ်ဆောင်လာနေသည်ဟု သိရှိရသည်။

ဆီဆိုင်မြို့သည် ယခင် (၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်) တိုက်ပွဲကြောင့် နေအိမ်နှင့် ဈေး အဆောက်အုံများ မီးလောင်ပျက်စီးခဲ့ပြီး ယနေ့အချိန်ထိအားလုံးနီးပါး ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပေ။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...