“ ကျေးလက်ကျန်းမာရေးက ပျက်ယွင်းဆိုးရွားလာ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ကတည်းကပျက်ယွင်းနေသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ဝန်ဆောင်မှုသည် ပိုမိုဆိုးရွားလာသည်။ 

သျှမ်းပြည်တောင်ပိုင်း စစ်ရေးမဖြစ်ပွားသည့် ကွန်ဟိန်းမြို့နယ်နှင့် မိုင်းနောင်မြို့နယ် အတွင်းရှိ မြို့နှင့် ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများတွင် ကျန်းမာရေး အသိပညာပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများမရရှိတော့ပေ။ 

ထို့ကြောင့် စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသရှိ ကျန်းမာရေးနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ခမ်း က ကျေးလက်ကျန်းမာရေးဆရာမ နန်းခေါဝ်ကို ဆက်သွယ်မေးမြန်းထားသည်။ 

မေး။                  ။ စစ်အာဏာသိမ်းပြီးနောက် ကျေးလက်ဒေသ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေရှိပါသလဲ။ 

ဖြေ။                  ။ စစ်အာဏာမသိမ်းခင်ကတည်းက အခု အာဏာသိမ်းပြီးရော ကျမတို့ သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နဲ့ မိုင်းနောင်မြို့နယ် အတွင်းရှိ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေ နောက်လမ်းခရီးခက်ခဲတဲ့နေရာတွေမှာက ကျေးလက် ကျန်းမာရေးဆရာမ နဲ့ ဆေးဝါးက လိုအပ်မှုက အရမ်းများပါတယ်။ မြို့နဲ့ဝေးတဲ့ကျေးရွာတွေမှာ နေမကောင်းဖြစ်ရင် အိမ်မှာရှိတဲ့ တိုင်းရင်းဆေးဝါးကိုပဲအဓိကသောက်နေရတယ်။

နောက်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေဆိုရင် မိုးတွင်းဆိုရင် လမ်းတွေကနွံတွေနဲ့ဆိုတော့ ဆိုင်ကယ်နဲ့သွား လို့မရဘူး။ လမ်းလျှောက်သွားရတယ်။ ကျမတို့ ဆရာမတွေဆိုရင် ကျေးရွာတဲ့ကွင်းဆင်းရင်လည်း ခက်ခဲသလို အရေးပေါ်လူနာဆိုရင်လည်း မြို့တက် ဆေးရုံးတက်ရရင်တော်တော် ဒုက္ခရောက်တယ်။ 

အခုနောက်ပိုင်း မိုးရွာရင်လည်း တောင်ပြိုတဲ့ပြဿနာတွေ ၊ သဘာဝသယံဇာတတူးဖော်မှုတွေကြောင်း ရေတွေကလည်း အခြေအနေဆိုးရွာလာတယ်။ တောင်ကျရေတွကလည်း ရှားလာတယ်။ ရေမသန့်တော့ ကလေးတွေ ဝမ်းပျက် ဝမ်းလျော အသက်ပါဆုံးရှုံးရတာရှိတယ်။ ယားနာတွေလည်း ဖြစ်တယ်။ ဒါက ကျမ ကွင်းဆင်းပြီး တွေ့လာတဲ့ ပြဿနာတွေပါ။​

မေး။      ။ ဆရာမ အနေနဲ့ ဝေလံတဲ့ ဒေသတွေကို သွားပြီး ဆေးကုရတဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုများတွေ ကြုံရလဲ။

ဖြေ။       ။  ကျမ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ မိုးတွင်း လူနာတွေဆီကို သွားရတဲ့အခါမှာ ရေကြီးတော့ ရေကိုဖြတ်ပြီးလမ်းလျှောက်ရတာ။ နောက်လှေနဲ့သွားရတာတွေလည်းရှိတယ်။ အသက်ရင်းပြီး သွားရတဲ့ ညအချိန်လည်းရှိတယ်။ ဒီဘက်က နိုင်ငံရေးက အရင်ကတည်းကမကောင်းတော့ ညအချိန်မတော် လူနာအိမ်သွားရင် တစ်ခုခုဖြစ်မှာတော့ကြောက်ပေမယ့် လူနာက အဓိကဆိုတော့ မငြင်းဆန်ရဲဘူး။ ကျေးရွာကလူတွေ က ရိုးရိုးနေမကောင်းရင် လာမခေါ်ကြဘူး။ အရေးပေါ်နောက် စိုးရိမ်တဲ့အခြေအနေ ရောက်မှ လာခေါ်တော့ ကျမကလည်း လိုက်ပေးရတယ်။ ကျမကုနိုင်တဲ့အခြေအနေမျိုးမရတေော့ရင် ဆေးရုံကိုလွှဲပြောင်းပေးလိုက်တယ်။ တချို့ရွာဆိုရင် လှေတခါ၊ ထော်လဂျီတခါ နောက်လမ်းလျှောက်တခါနဲ့မှ ရောက်သွားတာလည်းရှိတယ်။ 

မေး။                     ။ ဆရာမတို့နေတဲ့ ကွမ်ဟိန်း၊ မိုင်နောင်ဘက်က တိုင်းရင်းသားလက်နက်ကိုင်ရော စစ်ကောင်စီတပ်တွေရောရှိတော့ ဒီကြားထဲ ဆရာမအနေနဲ့လိုက်လျောညီထွေးအောင် ဘယ်လိုနေထိုင်လဲ။ ဆရာမအနေနဲ့ရော လုံခြုံမှုရှိရဲ့လား။ 

ဖြေ။                      ။  လက်နက်ကိုင်တွေကြားမှာ ခြိမ်းခြောက်တာခံရတယ်။ ၂၀၁၉ ခုနှစ်မှာတုန်းက ကျေးရွာဒေသတွင် ကွင်းဆင်းပြီး သားဆက်ခြား နဲ့ပတ်သက်ပြီး ဟောပြောပွဲတွေလုပ်တော့ လက်နက်ကိုင်တပ်ဖွဲ့တခုက ကျမကို လာခြိမ်းခြောက်တယ်။ ကျေးရွာတွေမှာ ကလေးတွေမွေးဖွားမှုများတော့ သားဆက်ခြား ဖို့အတွက် လက်မောင်းမှာ ပစ္စည်းထည့်တာ လိင်ဆက်ဆံခချိန် ကွန်ဒုံး(အကာအကွယ်)သုံးတာ အသိပညာပေးတွေလုပ်ခဲ့တယ်။ 

ဒီကိစ္စကို လက်နက်ကိုင်တပ်ဖွဲ့က သိတော့ ပေးမလုပ်ဘူး။ ဘာလို့ ကိုယ့်လူမျိုးကို မျိုးသုဉ်းအောင်လုပ်တာလဲ။ ဖြစ်နိုင်ရင် ကလေးများများမွေးခိုင်းရမယ်ဆိုပြီး ပြောတယ်။ နောက်ထပ် ကျေးရွာတွေမှာ ဘာအသိပညာမှ ထပ်မပေးဖို့လည်း လာတားတယ်။ သိရင် ဒဏ်ကြေးရိုက်မယ်၊ ပြီးမှ သူတို့ကို အဆိုးမဆိုနဲ့ဆိုပြီး ခြိမ်းခြောက်တာခံရတယ်။ 

နောက်ပြီး အမျိုးသမီးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပညာပေးတွေကိုလည်း ကျမတို့ ခိုးလုပ်ရတယ်။ ဘာကြောင့်လည်းဆိုတော့ကလေးတွေ ဆက်တိုက်မွေးလို့ သေဆုံးသွားတဲ့သုံးတဲ့ အမျိုးသမီးတွေကလည်း များတယ်လေ။ ဒါ့ကြောင့်အမျိုးသမီးနဲ့ပတ်သက်တဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်လေ။ 

ကျေးလက်ကျန်းမာရေး

မေး။                     ။ ကျေးလက် ဒေသမှာ အဓိက ကြုံတွေနေရတဲ့ ကျန်းမာရေးပြဿနာဆိုရင် ဘာတွေဖြစ်မှာလဲ။

ဖြေ။                      ။ ကျေးလက်ဒေသမှာ ကလေးမွေးလူနာဆို လက်သည်တွေနဲ့ မွေးကြတာများတယ်။ ဒီလောက်ခေတ်မီပြီး ဖွံ့ဖြိုးနေတာတောင် ကလေးမွေးတာကတော့ အရင်ခေတ်က ထုံးစံလိုမျိုး မွေးနေသေးတယ်။ ဒီလက်သည်မွေးတဲ့အချိန်မှာ ကျမ စိုးရိမ်ရတာက ကလေးရဲ့ ချက်ကို ညှပ်တဲ့ကပ်ကြေးပဲ။ ကပ်ကြေးက မသန့်ရှင်းရင် ပိုးဝင်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ အဲ့လို သေဆုံးမှုတွေကလည်း မနည်းတော့ဘူး။

နောက်ပြီး လက်သည်နဲ့မွေးတဲ့အချိန်မှာ ကိုယ်ခံအား နည်းတဲ့ ကိုယ်ဝန်သည်တွေက ညစ်အားမကောင်းရင် ကလေးကို မွေးရင်းတန်းလန်းနဲ့ ကျမကိုလာခေါ်တာတွေရှိတယ်။ အဲ့မှာ ကျမလည်း ခေါင်းတွေထူပူးလို့ အတက်နိုင်ဆုံး မွေးပေးတာရှိတယ်။ နောက်ပြီး အရမ်းအခြေအနေမဆိုးသေးရင် ဆေးရုံထိ ကိုယ်တိုင်လိုက်ပို့ပေးတာတွေရှိတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၀တုန်းကတော့ ကျမတို့ ဒေသမှာ ဖွံ့ဖြိုးမှုနည်းတော့ ကလေးသေဆုံးမှုနှုန်းများလွန်းတာကြုံရတယ်။​ကလေးတွေ သေဆုံးမှုများတော့ ကလေး သင်္ချိုင်းဆိုပြီးတော့ နာမည်ထွက်တယ်။ အဲ့တုန်းကလည်း ကျမတို့ ပညာပေးမှုတွေ တော်တော်လုပ်လိုက်ရတယ်။ 

မေး။                     ။ ဆရာမ အနေနဲ့ နောက်ဆုံး ဘာများပြောချင် အကြံပြုချင်ပါသလဲ။ 

ဖြေ။                      ။ ကျမတို့ ဒေသမှာ လိုအပ်ချက်တွေ ကတော့အများကြီးပါပဲ။ ကျန်းမာရေးက အရမ်းကို အရေးကြီးတယ်လေ။ ဖြစ်နိုင်ရင် မြို့နယ်ကျန်းမာရေးဌာနကိုယ်တိုင် ကျမတို့ ကျေးရွာတွေဘက် ကွင်းဆင်းပြီး လေ့လာစေချင်ပါတယ်။​ မြေပြင်မှာ ကျန်းမာရေး ချို့တဲ့ပြီး ကလေးတွေ လူကြီးတွေ ဘယ်လို ရင်ဆိုင်နေရတာလဲဆိုတာ သိနိုင်တာပေါ့။ နောက်ပြီး  ဝေးလံတဲ့ ဒေသတွေမှာ ကျန်းမာရေး ဗဟုသုတွေ အသိအမြင်ပိုကျယ်လာအောင် လုပ်ဖို့ပိုလိုအပ်တယ်။ အရမ်းဝေးတဲ့ ကျေးလက်ဆိုရင် ကျမတို့တောင်မရောက်နိုင်ဘူး။  သွားနိုင်အောင်လည်း သက်ဆိုင်ရာက စီစဉ်ပေးတာတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးစေချင်တယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းရင်တော့ သွားရလာရလွယ်မယ်။ ကျန်းမာရေးအတွက်လည်း လက်လှမ်းမီတာပေါ့။ ကျမတို့ဒေသက ဘယ်အစိုးရတက်တက် ကျန်းမာရေး၊ လူမှုရေးက ဘာမှ မပြောင်းလဲသွားဘူး။ အခုဆိုရင် ပိုဆိုးလာတာပဲရှိတယ်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...