Tuesday, January 27, 2026

ညီနောင်မဟာမိတ်

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထား

သျှမ်းပြည် နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၆ နာရီခန့်မှပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီး...

လောက်ကိုင်မြို့ ပိတ်မိနေသည့် ပြည်သူအချို့ အရဲစွန့်ပြီးနေရပ်ပြန်

“ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် သျှမ်းပြည် လောက်ကိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူအချို့ အရဲစွန့်ပြီး နေရပ်ပြန်သွားကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၅ ရက်) နံနက်အစောပိုင်းမှစပြီး လောက်ကိုင်မြို့အတွင်း ပိတ်မိနေသော ပြည်သူအချို့သည် ကားဖြင့် လောက်ကိုင်မြို့မှတဆင့် ချင်းရွှေဟော်-ပန်ဆန်း (...

နမ့်ခမ်းမြို့ တပ်စွဲထားသည့် စစ်ကောင်စီ ပြည်သူပိုင် ကုန်ပစ္စည်းများကို အဓမ္မယူစား

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း တပ်စွဲနေရာ ယူထားသည့် စစ်ကောင်စီတပ်သည် ပြည်သူပိုင် ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကို အဓမ္မယူဆောင်စားသုံးနေကြောင်းသိရသည်။ နမ့်ခမ်းမြို့ နမ့်ခမ်းဖောင်၊ ပေါက်တိုက်၊ ဟိုနောင်၊ အောင်မေတ္တာ ရပ်ကွက် နှင့် ဂျာမေ့ဗလီ တို့၌ စစ်ကောင်စီက တပ်စွဲ နေရာယူထားပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို ယူဆောင်စားသုံးနေကြောင်း လုံခြုံရေး...

“၁၀၂၇ စစ်ဆင်ရေး” ရက်တစ်ပတ်အတွင်း စစ်ရှောင် ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်‌ရေး”တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ယနေ့ (နိုဝင်ဘာ ၄...

စစ်ကောင်စီမှ ရဟတ်ယာဉ်လေးစင်းဖြင့် သိန္နီမြို့ပေါ်သို့ ပစ်ခတ်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လေးစင်းသည် ဝေဟင်မှနေ၍ ပြည်သူနေအိမ်များရှိရာ သိန္နီမြို့အတွင်းသို့ စက်သေနတ်များဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဉီးမှ သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီမှ...

ကွမ်းလုံမြို့ပေါ် ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

သျှမ်းပြည် ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ကွမ်းလုံမြို့တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန်...

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာ နှင့် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျက်စီးဆုံရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက် နေ့လည် ၂...

ပန်ဆိုင်းမြို့ လက်နက်ကြီးကျပေါက်ကွဲ အရပ်သား ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းအနီး လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား တစ် ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ ယနေ့ (နိုဝင်ဘာ ၁ ) ရက်တွင်...

နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ...

သိန္နီမြို့ပေါ် တိုက်ပွဲပြင်းထန်၊ ပြည်သူထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် ညီ‌နောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်အတွင်း ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းမှ စ၍ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်းအထိ မြောက်ပိုင်းမဟာမိတ်...

Latest news