Wednesday, January 28, 2026

နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

နောင်ချို

ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသဖြင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနက်အစောကြီး ၄ နာရီလောက်ကတည်းက စပစ်နေတာ။ စစ်ကောင်စီတပ်ထဲက အထိနာမယ်ထင်တယ်။ ၇ နာရီလောက်ကျတော့ ဂျက်လေယာဉ်နဲ့ပါ လာဝဲပြီး ပစ်တာ။ ၁၀ နာရီခွဲလောက်အထိ ဂျက်လေယာဉ်နဲ့ ၃ ခါ မြို့ပေါ် လာဝဲတာ။ အခုတော့ ခမရ-၁၁၄ တပ်ထဲကနေ လက်နက်ကြီးနဲ့ ရမ်းထုနေတဲ့ အသံကြားရတယ်”ဟု နောင်ချိုမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့နံနက် (အောက်တိုဘာ ၂၉ ရက်) တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၆ လောင်း၊ လက်နက် ၇ လက်၊ ၆၀ မမ (60 mm) မော်တာ ၁ လုံး၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းလမ်းပိုင်း၌ ယာဉ်သွားလာမှုမရှိဘဲ ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်)က ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေနတ်ထိမှန်ပြီး စစ်ကားတစ်စီးမှာ မီးလောင်နေသည်ဟု နောင်ချိုဒေသခံထံများထံမှ သိရသည်။

“ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ PDF တပ်ဖွဲ့တွေက သျှမ်းပြည်တောင်ပိုင်းကနေ လာမယ့် စစ်ကောင်စီရဲ့ စစ်ကူတွေကို ဖြတ်တောက်ချင်တာလို့ ပြောလို့ရတယ်။ အခုတောင် အောင်ပန်းဘက်ကလာတဲ့ စစ်ကူတွေက ရပ်စောက်အရောက်မှာ ကုန်းကြောင်းနဲ့ မြောက်ပိုင်းကို ကူးနေတယ်လို့ ကြားတယ်”ဟု နောင်ချိုမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း နောင်ချိုမြို့နယ် သံဘိုရွာ နတ်စင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်း ၁ ခုအား TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သံဘိုရွာ ဘုန်းကြီးကျောင်းမှာ မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “စစ်ဆင်ရေး-၁၀၂၇”ဖော်ဆောင်ရာ တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် ခရီးသွားလာခြင်း မပြုလုပ်ရန်လည်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...