လောက်ကိုင်မြို့ ပိတ်မိနေသည့် ပြည်သူအချို့ အရဲစွန့်ပြီးနေရပ်ပြန်

“ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် သျှမ်းပြည် လောက်ကိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူအချို့ အရဲစွန့်ပြီး နေရပ်ပြန်သွားကြကြောင်း စုံစမ်းသိရှိရသည်။

လောက်ကိုင်မြို့မှ နေရပ်ပြန်သူများ

ယနေ့ ( နိုဝင်ဘာလ ၅ ရက်) နံနက်အစောပိုင်းမှစပြီး လောက်ကိုင်မြို့အတွင်း ပိတ်မိနေသော ပြည်သူအချို့သည် ကားဖြင့် လောက်ကိုင်မြို့မှတဆင့် ချင်းရွှေဟော်-ပန်ဆန်း ( “ဝ” ဒေသ)သို့ ဝင်ရောက်သည်။

ထိုမှတစ်ဆင့် တန့်ယန်း-လားရှိုးမြို့သို့ အရဲစွန့်ပြီး နေရပ်ပြန်နေကြောင်း လောက်ကိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ လောက်ကိုင်ကနေ ချင်းရွှေဟော်ထိ ဆင်းပြီး နမ့်တိန်း ( “ဝ” ဒေသ) ထဲ ဝင်လို့ရတယ်။ အဲ့ကတဆင့် ပန်ဆန်း၊ တန့်ယန်းဘက် ပတ်ပြန်မယ်။ ဒီနေ့ ပြန်တဲ့လူတွေ များတယ် “ ဟု ၎င်းကဆိုသည်။

အဆိုပါ နေရပ်ပြန်သွားကြသူများ ကားခ တစ်ဦးကို တရုတ်ယွမ်ငွေ (၂,၀၀၀) ပေးဆောင်ရကြောင်း သိရသည်။

အလားတူ လောက်ကိုင်မြို့အတွင်း ပိတ်မိနေသည့် အွန်လိုင်းဂိမ်းပိုင်ရှင်၊ သူဌေးရှင်များကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် အခုရက်ပိုင်းအတွင်း ကယ်ထုတ်ပြောင်းရွှေ့ပေးနေကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟုတ်ပါတယ်။ အခုရဟတ်ယာဉ်တွေနဲ့ အွန်လိုင်းလုပ်နေတဲ့သူဌေးတွေ၊ ပိုင်ရှင်တွေကို ရဟတ်ယာဉ်တွေနဲ့ ပြောင်းရွှေ့ပေးနေတယ် “ ဟု ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောသည်။

ထို့အပြင် လောက်ကိုင်-ချင်းရွှေဟော်-လားရှိုး ပြည်ထောင်စုလမ်းမကြီးအတိုင်း အရဲစွန့်ပြီး နေရပ်ပြန်သွားသည့် ပြည်သူအချို့လည်း ရှိနေကြောင်း ကားဆရာသမားများထံမှ သိရသည်။

ယင်းကဲ့သို့ နေရပ်ပြန်သွားကြသည့် ပြည်သူများဟာ ယမန်နေ့ ( နိုဝင်ဘာလ ၄ ) ညပိုင်းက လှုမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံလာသည့် “ လောက်ကိုင်မှ လားရှိုးသို့ လမ်းလျှောက်ပြန် “ ဆိုသည့် သတင်းအမှားတခုကြောင့် ပါဝင်သည်။

တိုက်ပွဲကြောင့် လက်ရှိမှာလည်း သျှမ်းမြောက်ဒေသ မြို့နယ်နေရာအတော်တော်များတွင် ဖုန်းလိုင်းပြတ်တောက်နေသည်။

တိုက်ပွဲကြောင့် ရက်သတ္တပတ် ၁ ပတ်ကျော်ကြာ လောက်ကိုင်မြို့အတွင်း ပိတ်မိနေတဲ့ “ ခမ်းဆိုင် “ (နာမည်လွှဲ) ဆိုသူ အမျိုးသမီးတစ်ဦးကလည်း နေရပ်ပြန်ရန်အတွက် စိုးရိမ်နေကြောင်း ပြောသည်။

“ လမ်းအခြေအနေက မကောင်းဘူး ကြောက်တယ်။ ဒီမှာနေရတာအကောင်း၊ ပြန်လိုက်မှ လမ်းမှာတခုခု ဖြစ်သွားမှာ ကြောက်တယ်။ အခုချိန်မှာလည်း လိုင်းကမရနဲ့ အိမ်ကလူနဲ့တောင် ကောင်းကောင်း စကားမပြောရဘူး “ ဟု ခမ်းဆိုင်က ပြောသည်။

လက်ရှိ သျှမ်းမြောက်ဒေသတွင် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် တိုက်ပွဲနယ်မြေအတွင်း အရဲစွန့်ပြီး ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်၊ ထို့သို့ ဖြတ်သန်းသွားလာသူများကိုလည်း အသက်ဘေးအန္တရာယ် တာဝန်မယူပေးနိုင်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

အောက်တိုဘာ ၂၇ ရက်မှစ၍ “ ၁၀၂၇ စစ်ဆင်ရေး “ ခေါင်းစဉ်ဖြင့် စတင်ခဲ့သည့် တိုက်ပွဲကြောင့် သျှမ်းမြောက်ဒေသဖြစ်တဲ့ လားရှိုး၊ သိန္နီ၊ နမ့်ခမ်း၊ ပန်ဆိုင်း (ကြူကုတ်) နှင့် နောင်ချို စသည့် မြို့နယ်များတွင် စစ်ရှောင် ၃သောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...