ကွတ်ခိုင်မြို့နယ် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာ နှင့် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျက်စီးဆုံရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် ရွာထဲကို ဂျက်လေယာဉ်ဖြင့် ‌ဗုံးလာကြဲရာ ကာလိုင်ဈေးအနီးတွင်နေထိုင်သော ဒေသခံ အမျိုးသမီး တစ်ဦးကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

Photo- Credit လက်နက်ကြီးထိမှန်ပျက်စီးသည့်အိမ်

“ဗုံးကြဲလို့ ထိပြီးပွဲချင်းပြီး သေဆုံးသွားတာ ဟုတ်တယ်၊ အိမ်တွေလဲ ပျက်စီးသွားတာတွေရှိတယ်” ဟု ကွတ်ခိုင် ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။

ထိုအမျိုးသမီးသည် အသက် ၅၀ ဝန်းကျင် ဒေါ်မာလု ဖြစ်ပြီး ကာလိုင်ဈေးအနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညနေ ၄ နာရီဝန်းကျင်ခန့် နမ့်ဖတ်ကာကျေးရွာရှိ ခလရ ၁၂၃ တွင်လည်း ရဟတ်ယာဉ်များ နှင့် ရိက္ခာချပြီးနောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံမျိုး ကြားရပြီး အမျိုသမီးတစ်ဦး ထပ်မှန် သေဆုံးကြောင်း နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောသည်။

နမ့်ဖတ်ကာကျေးရွာတွင် သေဆုံးသည့် အမျိုးသမီးသည် အသက် ၆၅ နှစ် ဒေါ်ဖုန်ယာန်လု ကချင် အမျိုးသမီး ဖြစ်ကြောင်း သိရသည်။

ကာလိုက်ကျေးရွာတွင် နေထိုင်သော ပြည်သူအချို့လည်း ထွက်ပြေး တိမ်းရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ သိန္နီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်တိုက်ပွဲအကြား အမျိုးသား (၃) ဦး နှင့် အမျိုးသမီး ၂ ဦးတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦး အထိ ရှိလာကြောင်း သျှမ်းသံတော်ဆင့်၏ စုံစမ်းမေးမြန်းချက်များအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...