စစ်ကောင်စီမှ ရဟတ်ယာဉ်လေးစင်းဖြင့် သိန္နီမြို့ပေါ်သို့ ပစ်ခတ်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လေးစင်းသည် ဝေဟင်မှနေ၍ ပြည်သူနေအိမ်များရှိရာ သိန္နီမြို့အတွင်းသို့ စက်သေနတ်များဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဉီးမှ သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။

သိန္နီ လက်နက်ကြီးကျ အိမ်ပျက်စီး

အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီမှ သိန္နီမြို့အား ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားစဉ် ယခုလို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ နှစ်စီးဆင်း နှစ်စီးတက်ပုံစံနဲ့ ရဟတ်ယာဉ်လေးစင်းက အလှည့်နဲ့ ဒီနေ့တစ်နေကုန် မြို့ထဲပတ်ပစ်နေတာ ၊ ရဟတ်ယာဉ်က လားရှိုးဘက်ကနေတက်လာတဲ့ လေယာဉ်တွေဖြစ်တယ်” ဟု သိန္နီမြို့နေ စိုင်းအောင် (အမည်လွှဲ) က သျှမ်းသံတော်ဆင့် ထံ ပြောကြားသည်။

သိန္နီမြို့နေပြည်သူတစ်ဉီး၏ နေအိမ်အား ကျဉ်ဆံများထိမှန်ပြီး ထော်လာဂျီတစ်စီး ၊ သုံးဘီးတစ်စီး မီးလောင်ပျက်စီးသွားသည်ဟု သိရပြီး အဆက်အသွယ်များပြတ်တောက်နေပါသဖြင့် ထိုထက်မက ထိခိုက်ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

MNDAA တပ် သိန္နီသိမ်းပိုက်ခဲ့ပုံ

သိန္နီရှိ စစ်ကောင်စီလက်အောက်ခံ စကခ (၁၆) နှင့် ရေပူဂိတ်စခန်း ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက တပြိုင်နက်တည်းတိုက်ခိုက်ရန် ကြိုးစားနေကြောင်း၊ စစ်ရှောင် ၃၀၀၀ ကျော်ရှိနေသည့် ကျောင်းခမ်းကျောင်းဘုန်းတော်ကြီးကျောင်းသည် သိန္နီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စကခ ( ၁၆ )၏ အနီးဝန်းကျင်တွင် တည်ရှိကြောင်း သိရသည်။

မဟာမိတ်တပ်များ စကခ (၁၆) အား ဝင်ရောက်တိုက်ခိုက်ပါက ကြားညှပ်မည်ကို စိုးရိမ်နေသော ပြည်သူများသည် အခြားတနေရာသို့ တိမ်းရှောင်ရန်ကြိုးစားသော်လည်း စစ်ဘေးရှောင်များအား စစ်ကောင်စီမှ ထွက်ခွင့်မပေးပဲ ပိတ်ပင်ထားသည်ဟု စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ မြောက်ပိုင်းညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့် (MNTJP/MNDAA) ၊ တအာင်း (PSLF/TNLA) နဲ့ ရက္ခိုင့် (ULA/AA) တို့ ဉီးဆောင်ပြီး အာဏာသိမ်း စစ်ကောင်စီကို Operation 1027 အမည်ဖြင့် တိုက်ခိုက်နေသည့် စစ်ဆင်ရေးကြီးတွင် ဗမာပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် BPLA နှင့် မန္တလေးပြည်သူ့ကာကွယ်ရေး MDY-PDF တို့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်မှစသည့် စစ်ဆင်ရေးကြီးသည် ရက်အနည်းငယ်အတွင်း သျှမ်းမြောက်ရှိ မြို့နယ် ၁၀ မြို့နယ်ထက်မနည်း စစ်မီးလျှံများ လျှင်လျှင်မြန်မြန် ကူးစက်ပျံ့နှံ့သွားခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများလည်း သောင်းဂဏန်းအထိ တဟုန်ထိုး မြှင့်တက်ခဲ့ကြောင်း သိရှိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

စစ်ကောင်စီ #သိန္နီ #ရဟတ်ယာဥ် #ညီနောင်မဟာမိတ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...