Wednesday, January 28, 2026

ညီနောင်မဟာမိတ်

ကွမ်းလုံမြို့အား ညီနောင်မဟာမိတ်အဖွဲ့ သိမ်းပိုက်၊ လောက်ကိုင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ

သျှမ်းပြည် လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့အား အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်မီဒီယာမှတဆင့် သတင်းထုတ်ပြန်လာသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး သံချပ်ကာယာဉ်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိကြောင်း...

သျှမ်းမြောက်သို့ စစ်ကောင်စီတပ် အင်အားအများအပြား ဖြည့်တင်းနေ

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် သျှမ်းပြည် မြောက်ပိုင်းသို့ တြိဂံဒေသနှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ ကုန်းလမ်းဖြင့် စစ်သည်အင်အား ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ စစ်သည်အင်အားများကို...

မိုင်းရယ်တွင် “ဝ”နယ်မှ ပို့ဆောင်လာသော စစ်ဘေး‌ရှောင် ၅၀၀ ကျော်ရှိ

သျှမ်းပြည် မိုင်းရယ်မြို့တွင် “ဝ”နယ် နမ့်တစ်မြို့မှတဆင့် ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ဘောလုံးကွင်းတို့တွင် ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း စုံစမ်းသိရသည်။ “ဝ”နယ် နမ့်တစ်မြို့တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ...

သိန္နီ စစ်ရှောင်မိသားစု သေနတ်ပစ်ခံရ အမျိုးသား ပွဲချင်းပြီးသေဆုံး၊ အမျိုးသမီးနှင့်ကလေး ကျည်ထိမှန်

သျှမ်းပြည် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်က မိသားစုဝင် (၃)ဦးကို သေနတ်ပစ်ခဲ့ရာ အမျိုးသား တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် မိသားစု ၃...

တန့်ယန်းမြို့ရောက် စစ်ရှောင် ၁ ထောင်ကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည် တန့်ယန်းမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ၁ ထောင်ကျော် အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရှိရသည်။ “ ၁၀၂၇ စစ်ဆေးရေး “ တိုက်ပွဲကြောင့် လောက်ကိုင်မြို့အတွင်း ထွက်ပြေးလာသူများနှင့် ချင်းရွှေဟော်မြို့ရှိ စစ်ရှောင်များသည် ဒေသအတွင်း အာဏာပိုင်များ၏...

သိန္နီ စစ်ဘေးရှောင်များ တောလမ်းမှတဆင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေ

တိုက်ပွဲနေ့စဉ်ပြင်းထန်နေသည့် သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ဘေးရှောင်များသည် လုံခြုံရေးအခြေအနေ စိုးရိမ်ပူပန်မှုများကြောင့် တောလမ်းမှတဆင့် နီးစပ်ရာ မြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်အတွင်း မြို့ပေါ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် ‌လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များသည် နိုဝင်ဘာလ ပထမပတ်မှစ၍ စားနပ်ရိက္ခာ အခက်အခဲ နှင့် လုံခြုံရေး အခြေအနေများကြောင့်...

ညီနောင်မဟာမိတ် ၃ ဖွဲ့ CB Bank ကို ဝင်ရောက်ဖောက်ခွဲ

သျှမ်းပြည် တိုက်ပွဲဖြစ်ပွားခဲ့သည့် သိန္နီမြို့ရှိ CB Bank ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့က ဝင်ရောက် ဖောက်ခွဲခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့၊ လားရှိုး ဘဏ်ခွဲဖြစ်သည့် သိန္နီ CB Bank ကို (နိုဝင်ဘာလ ၆ ရက်)...

လောက်ကိုင်မြို့ကို အရဲစွန့်ပြီး နေရပ်ပြန်လာသည့် လူဦးရေ ၆၀၀ ကျော် လမ်းတစ်ဝက်မှာ သောင်တင်နေ

“ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် လောက်ကိုင်မြို့အတွင်း ပိတ်မိနေကြသူများသည် အရဲစွန့်ပြီး နေရပ်ပြန်လာကြရာ လမ်းတစ်ဝက်၌ နှစ်ရက်ကြာထပ်မံ ပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ( နိုဝင်ဘာလ ၄ ရက် ) နှင့် (နိုဝင်ဘာလ ၅...

ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း တိုက်ပွဲပြင်းထန် နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ကာ နှစ်ဘက်ထိခိုက် သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် နေရာယူထားသော စစ်ကောင်စီတပ်စခန်းအား TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်) နံနက်...

လောက်ကိုင်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် အခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး စစ်ကောင်စီမှ ဖုန်းလိုင်းများပါ ဖြတ်တောက်ထား‌သောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သော သျှမ်းမြောက် ညီနောင်မဟာမိတ် သုံးဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများ အရှိန်မြင့်လာသည့်နှင့်အမျှ ပြည်ထောင်စု လမ်းမကြီးများပေါ်...

Latest news