လောက်ကိုင်မြို့ကို အရဲစွန့်ပြီး နေရပ်ပြန်လာသည့် လူဦးရေ ၆၀၀ ကျော် လမ်းတစ်ဝက်မှာ သောင်တင်နေ

“ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် လောက်ကိုင်မြို့အတွင်း ပိတ်မိနေကြသူများသည် အရဲစွန့်ပြီး နေရပ်ပြန်လာကြရာ လမ်းတစ်ဝက်၌ နှစ်ရက်ကြာထပ်မံ ပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ( နိုဝင်ဘာလ ၄ ရက် ) နှင့် (နိုဝင်ဘာလ ၅ ရက် ) နှစ်ရက်အတွင်း လောက်ကိုင်မြို့ကို အရဲစွန့်ပြီး နေရပ်ပြန်လာကြသူ လူဦးရေ ၆၀၀ ကျော်သည် ပြန်လာစဉ် လောက်ကိုင် – ချင်းရွှေဟော်ကြားရှိ ပါစင်ကျော်ရွာအနီး လမ်းတစ်ဝက်တွင် ပိတ်မိနေသည်ဟု ပိတ်မိနေသူ အမျိုးသားတစ်ဦးက ပြောသည်။

Photo – Credit ( လောက်ကိုင်မြို့မှ ပြည်သူများ လမ်းလျှောက်ပြန်ကြသူများ)

“ ပြန်လှည့်လို့လည်း မရဘူး။ လောက်ကိုင်ဘက်မှာလည်း ပိတ်နေတယ်။ စားစရာပါလာတာလည်း ကုန်ပြီ။ အခုလောဆယ် ကြံရာကြံစိုက်ခင်းထဲက ကြံချိုးစားနေရတယ်။ ရေမချိုးရ၊ ရေမသောက်ရတာလည်း နှစ်ရက်ရှိပြီ “ ဟု ၎င်းက ပြောသည်။

ပိတ်မိနေသူ လူဦးရေ ၆၀၀ ကျော်ထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်။

ထို့အတူ ဖုန်းလိုင်း ပြတ်တောက်မှုနှင့် ကြုံတွေ့နေရသဖြင့် ဆက်သွယ်ရန် ခက်ခဲသည့် အခြေအနေ နှင့် ကြုံတွေ့နေရသည်။

ထို့အပြင် လောက်ကိုင်မြို့ဘက်ကို ပြန်လှည့်ပြီး ခရီးဆက်ရန်အတွက် မြို့အဝင်ရှိ စစ်တပ်မှ ပိတ်ထားသောကြောင့် ပြန်ဝင်လို့မရတော့ပေ။

“ ပြန်လှည့်လို့ မရတော့ဘူး။ စစ်တပ်က လောက်ကိုင်ဘက်မှာ ပိတ်ထားပါတယ်။ ပြန်လှည့်ဖို့ ဆိုင်ကယ်နဲ့ သွားပြီး ညှိကြသူတွေထဲ တချို့ပြန်မရောက်လာဘူး “ ဟု ပိတ်မိနေသူ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

တစ်ဖက်တွင်လည်း ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့် MNDAA တပ်ဖွဲ့မှ နယ်မြေမတည်ငြိမ်မှုကြောင့် ဖြတ်သန်းသွားလာခွင့်အပြင် မြို့ထဲကို ဝင်ခွင့်ပိတ်ပင်ထားကြောင်းလည်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကိုးကန့် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက “ ဒါကတော့ စစ်ကောင်စီဘက်ကနေ ပိတ်ထားတာနေမှာပါ။ ကျနော်တို့ဘက်က အဲ့လိုလုပ်တာ မရှိဘူး “ ဟု ကိုးကန့် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ငြင်းဆိုထားသည်။

လက်ရှိ လမ်းတစ်ဝက်မှာ ပိတ်မိနေသည့် လူဦးရေ ၆၀၀ ကျော်သည် စားနပ်ရိက္ခာပြတ်လပ်နေပြီ ဖြစ်သောကြောင့် အရေးပေါ်အကူညီလိုအပ်နေလျက်ရှိသော်လည်း သွားရောက်ကူညီသူ မရှိသေးပေ။

ယင်းကဲ့သို့ အရဲစွန့်ပြီး နေရပ်ပြန်လာကြသူများကလည်း ပြီးခဲ့သည့် ( နိုဝင်ဘာလ ၄ ရက် ) က လှုမှုကွန်ရက် စာမျက်နှာပေါ်၌ ပြန်နှံ့လာသည့် “ လောက်ကိုင်မှ လားရှိုးသို့ လမ်းလျှောက်ပြန်လို့ရတယ် “ ဆိုသည့် သတင်းအမှားတခုကြောင့် စွန့်စားပြီးလာကြသူများ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...