သျှမ်းမြောက်သို့ စစ်ကောင်စီတပ် အင်အားအများအပြား ဖြည့်တင်းနေ

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် သျှမ်းပြည် မြောက်ပိုင်းသို့ တြိဂံဒေသနှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ ကုန်းလမ်းဖြင့် စစ်သည်အင်အား ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်

ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ စစ်သည်အင်အားများကို ကုန်းကြောင်းမှတဆင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်က ကျိုင်းတုံ၊ ခိုလမ်နဲ့ တောင်ကြီးတွေမှာ ရှိတဲ့ တိုင်းရုံးတွေကနေ မြောက်ပိုင်းကို ကုန်းလမ်းကနေ အင်အားဖြည့်နေတာ။ ဒီလဆန်းပိုင်းတုန်းက ကျိုင်းတုံကနေ ၁၂ ဘီးကားနဲ့ သံလွင်မြစ်ကို ဖြတ်လာပြီး ကာလိဘက်မှာ ၁၂ စီး တွေ့လိုက်တယ်။ သူတို့ စစ်ဝတ်စုံနဲ့ မဟုတ်ပဲ အရပ်သားတွေပုံစံ ဝတ်ထားပြီး ကားထဲမှာ အများကြီး ထိုင်လိုက်လာကြတာ တွေ့ခဲ့တယ်။ သူတို့ ဘယ်လမ်းကနေ မြောက်ပိုင်းကို တက်မလဲတော့ မသိဘူး”ဟု စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ခိုလမ်၊ နမ့်ဆန်တပ်နယ်တို့မှ စစ်သည်များနှင့် ရပ်စောက်၊ ဗထူးတပ်တို့မှ စစ်ကောင်စီအင်အား အများအပြားလည်း သျှမ်းပြည် မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် ကုန်းကြောင်းမှ အင်အားဖြည့်တင်းနေသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အလားတူ ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကား ၄၀ စီးခန့်နှင့် သံချပ်ကာ ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကိုလည်း TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က နောင်ချိုမြို့နယ် အုမ္မသီးနှင့် ရွှေညောင်ပင်ရွာတွင် ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်၏ သံချပ်ကာ ၁ စီး ဖျက်စီးထားနိုင်သည်ကို တွေ့ရကြောင်း နောင်ချိုဒေသခံများက ပြောသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များမှ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)နှင့် သိန္နီမြို့တို့ကို ထိန်းချုပ်ထားနိုင်သည်ဟု ကြေညာထားပြီး နမ့်ခမ်း၊ ကွမ်းလုံနှင့် လောက်ကိုင်မြို့တို့ကို အလုံးစုံထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားလျက် ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ၎င်း၏တပ်စခန်း ၁၅၀ ကျော် ဆုံးရှုံးထားရပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့ကို လက်လွှတ်ထားရသည်ဟု ထုတ်ဖော်ဝန်ခံထားသည်။

ထို့ကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိကာ စစ်ကောင်စီခေါင်းဆောင်က ညီနောင်မဟာမိတ်တပ်ဖွဲ့များကို ပြန်လည်ခြေမှုန်းမည်ဟု နိုဝင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။

#SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

စစ်ကောင်စီ #လားရှိုး #လေကြောင်းလိုင်း #ညီနောင်မဟာမိတ် #တိုက်ပွဲ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...