စစ်ရှောင်
တောင်ကြီးတွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း အိမ်ငှားနေသူများထံမှ သိရှိရသည်။ ယခင် (၂၀၂၃) ခုနှစ်တွင် တစ်ထပ်အိမ် တစ်လုံးကိုကျပ်( ၂ သိန်းခွဲ) သာရှိပြီး ယခုကာလတွင် ကျပ်(၆သိန်း) အထိ ဈေးမြင့်တက်လာကာ အလုပ်ကိုင် ဝင်ငွေ အဆင်ပြေမှ သာ ရေရှည်ရပ်တည် နိုင်မည်ဖြစ်ကြောင်း အိမ်ငှားများကပြောသည်။ ထို့အပြင်...
နောင်ချိုမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်နေရသည့် ဒေသခံ အများစုသည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ပထမ)ပတ်မှ စတင်၍ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်သဖြင့် တအာင်း(ပလောင်) အမျိုးသား...
သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် စစ်ကောင်စီနှင့် PNO ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း
SHAN -
သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO...
သျှမ်း-ကရင်နီတကြော ရောက် စစ်ရှောင်အချို့ ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရ
SHAN -
သျှမ်း-ကရင်နီနယ်စပ် တကြောရောက်ရှိနေသည့် စစ်ဘေးရှောင်အချို့သည် ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောဖြစ်သည် စစ်ဘေးရှောင်များမှာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုတို့ဘက်ခြမ်းဖြစ်သည်။ “စစ်ရှောင်တချို့ဆို ထင်းခြောက်လေးတွေကောက်ပြီး ရောင်းစားနေရတဲ့သူတွေလည်းရှိတယ်။ မိသားစုများတဲ့သူတွေပါတော့ ရှိတာနဲ့တင် မလုံလောက်ဘူး။ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ရှာဖွေနေကြတဲ့သူလည်း ရှိတယ်” ဟု မိုးဗြဲစစ်ရှောင်အမျိုးသမီး တစ်ဉီးက...
အိမ်ပြန်ချင်နေပြီ….
SHAN -
“ကိုယ်နေတဲ့နေရာ…ကိုယ်လုပ်စားနေကြနေရာမှာပဲ အဆင်ပြေတယ်…နယ်မြေ အေးချမ်းတာနဲ့ ပြန်မှာ”လို့ ညောင်ရွှေမြို့နယ် မှာ စစ်ရှောင် အဖြစ် ရောက်နေတဲ့ နန်းဇင်က ပြောပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သျှမ်းမြောက် ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူ အယောက် ၂ သိန်းထဲ...
ဗန်းမော်မြို့ တိုက်ပွဲပြင်းထန် ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်၊ ပိတ်မိနေသူများလည်းရှိ
ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင် နေကြရကာ မြို့အတွင်း၌ ပိတ်မိသူများလည်းရှိနေကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မှစတင်၍ စစ်ကောင်စီတပ် နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့...
ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် ၎င်းတို့၏ နေရပ်သို့ အပြီးပြန်နေခိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများက အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ တတိယပတ်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျေးရွာ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများ လာမည့် ၂၀၂၅...
မူဆယ်-နမ့်ခမ်းကြား စစ်ကောင်စီနှင့် TNLA ကုန်စည်စီးဆင်းမှု အပြန်အလှန်ပိတ်ပင်
သျှမ်းပြည် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ကုန်စည်စီးဆင်းမှုကို နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅)...
ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကို စိုရိမ်နေရ
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ မှလက်နက်ကြီး ရမ်းတမ်းပစ်ခတ်ပြီးနောက် ကျေးရွာနေ ဒေသခံများအတွက် စိုးရိမ်နေရကြောင်း သိရသည်။ ဖယ်ခုံမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၄၂၁ တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်ထိ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဖယ်ခုံ အရှေ့ဘက်ခြမ်းကျေးရွာများ အတွက်ဒေသခံများ စိုးရိမ်းနေရကြောင်း အသက်...
မကူညီရဲတော့ပါ…
SHAN -
သိန္နီမြို့မှာ ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်လည် ရွေးခိုင်းတဲ့ အထဲတွင် မကျော့(အမည်လွှဲ) ကလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ “ကျမကို ရတဲ့ နည်းနဲ့ အပြင်ကို ထုတ်ပေးပါလို့ ပြောပေးပါရှင်”လို့ အပြင်မှာ ရှိနေတဲ့ တစ်စုံတစ်ဦးက...






