အိမ်ပြန်ချင်နေပြီ….

“ကိုယ်နေတဲ့နေရာ…ကိုယ်လုပ်စားနေကြနေရာမှာပဲ အဆင်ပြေတယ်…နယ်မြေ အေးချမ်းတာနဲ့ ပြန်မှာ”လို့ ညောင်ရွှေမြို့နယ် မှာ စစ်ရှောင် အဖြစ် ရောက်နေတဲ့ နန်းဇင်က ပြောပါတယ်။

ညီနောင် မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သျှမ်းမြောက် ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူ အယောက် ၂ သိန်းထဲ မှာ အသက် ၃၀ အရွယ် နန်းဇင်လည်း ပါဝင်ခဲ့ပါတယ်။

နန်းဇင်ကတော့ မူဆယ်မြို့နယ်အတွင်း နေထိုင်သူဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်မှာ မူဆယ်မြို့ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံမှာ တိုက်ပွဲဖြစ်ပွားမှုပြီး လေကြောင်းဗုံးကြဲမှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင်း လားရှိုးမြို့ ဆွေမျိုးရှိရာသို့ ခေတ္တရွှေ့ပြောင်းလာခဲ့ပါတယ်။

ထိုကဲ့သို့ ရွှေ့ပြောင်းလာခဲ့ပြီး ရက်အနည်းငယ်မှာ လားရှိုးမြို့ အတွင်း စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA)တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားပြန်ပါတယ်။ ဒါကြောင့် လားရှိုးမြို့မှာ အခြေချမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေကို တဖန် ထပ်ပြီးရွှေ့ပြောင်းရပြန်ပါတယ်။

အကြိမ်ပေါင်းများစွာ စစ်ရှောင်ရတဲ့ နန်းဇင်ဟာ စိတ်ပူပန်သောက ပေါင်းစုံ၊ နေရာသစ်မှာ ကူညီသူမဲ့ဖြစ်မှုကြောင့် ဝမ်းရေးအတွက် နည်းမျိုးစုံကိုယ်ထူကိုယ်ထ ရှာကြံပြီးလုပ်ကိုင်ရပါတယ်။

“ရောက်တုန်းက ကြံခုတ်ရတယ်၊ပြောင်းချိုးရတယ်။ပိုးသတ်ဆေးတွေ လိုက်ဖြန်းရတယ်၊ရတဲ့ အလုပ် အကုန် လုပ်ရတယ်၊မလုပ်ဖူးတာတွေ အကုန်လုပ်ရတာပဲ၊ အိမ်ပြောင်းလာတာမဟုတ်ဘူး ပြေးလာရတာဆိုတော့ အစ အဆုံး တစ်အိုးတစ်အိမ် ပြန်ထူရတာ၊ လားရှိုးမှာလည်း တစ်ခါ တစ်အိုးတစ် အိမ်ပြန်ထူရ တယ်၊ဒီ ရောက်တော့ လည်း တစ်ခါ ထပ်ပြီး တစ်အိုး တစ်အိမ်ပြန်ထူရတယ်”လို့ ညောင်ရွှေမြို့ သို့ ရောက်ကာစ ဖြစ်ပျက်ကို နန်းဇင်က ပြန်ပြောပြနေပါတယ်။

တစ်ရက် နေ့စားလုပ်အားခ ၇၀၀၀ ကနေ ၁၀၀၀၀ ကြား သာရပြီး ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရတဲ့ နန်းဇင်က လက်ရှိမှာတော့ စစ်ရှောင်လာရင်း ပါလာတဲ့ ရွှေစငွေစ လေးတွေ ရောင်းချကာ အွန်လိုင်းကနေ တဆင့် မာလာဟင်း၊ သာကူ၊ ဖက်ထုတ်ကြော် ၊ငါးကင် တို့ကို ရောင်းချနေပါတယ်။

စစ်ရှောင်ဖြစ်တဲ့အတွက် ဆိုင်ခန်းခ နေရာလည်း မတက်နိုင်လို့ အိမ်အရောက် ပို့ဆောင်ခမယူဘဲ ပို့ဆောင်ရောင်းချ နေတယ်လို့ ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး “ပထမလှိုင်းမှာ လောက်ကိုင်၊ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီတို့က ဒေသခံတွေက လားရှိုး၊မိုင်းရယ်၊တန့်ယန့်၊တို့ကို အဓိက စစ်ရှောင်ကြပြီး တောင်ကြီး၊တာချီလိတ်၊ရန်ကုန်၊မန္တလေး အစရှိတဲ့ မြို့ကြီးဘက်တို့ကိုလည်း စစ်ရှောင်ကြပါတယ်။

ဒုတိယလှိုင်းမှာတော့ မြို့ကြီးဖြစ်တဲ့ လားရှိုးမြို့မှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ကြတဲ့ အတွက် ဒေသခံအများအပြား ဟာ သျှမ်းတောင်ပိုင်းဘက်ကို စစ်ရှောင်ကြတဲ့ အတွက် စစ်ရှောင်ဦးရေ ဟာ အဆမတန် များပြားလာခဲ့ပြီး နေထိုင်ရေး ခက်ခဲတဲ့အထိ ဖြစ်ခဲ့ကြောင်း စစ်ဘေးရှောင်တွေကြုံတွေ့ရတဲ့အခြေအနေ ကို နန်းဇင်က ရင်ဖွင့်လာပါတယ်။

“စစ်ရှောင်လာတာဆို အရမ်းနှိမ်တာ၊ရှိတဲ့ ပစ္စည်းလေးတွေ သွားရောင်းရင်လည်း ဈေးလည်း အနှိမ်ခံရ တယ်၊လူလည်း အနှိမ်ခံရတယ်”လို့ နန်းဇင်က ပြောပါတယ်။

လက်ရှိမှာတော့ နန်းဇင်ရောင်းချနေတဲ့ အစားအသောက်တွေကို စစ်ရှောင် အချင်းချင်း ပြန်လည် အားပေး တာတွေ လုပ်ကြတဲ့အတွက် ‌ရောက်ခါစ အခြေအနေနဲ့ယှဉ်ရင် စားရေးအတွက် မပူရဘူးလို့ ပြောပြပါတယ်။ နေရေးကတော့ တစ်လ တစ်သိန်း ခွဲ၂ သိန်းပေးရတဲ့ ကာလ မှာ ၁၀ပေ အိမ်ခန်းကျဉ်းလေး ကို တစ်လ ၆ သောင်း နဲ့ နေထိုင်ခွင့် ရတာဟာ အိမ်ရှင်ကောင်းတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

ISP-Myanmar က ထုတ်ပြန်တဲ့ စာရင်းမှာလည်း ၂၀၂၁ ကနေ ၂၀၂၄ အောက်တိုဘာ အထိ လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ရှောင်ရတဲ့ ဦးရေဟာ ၆ ဒသမ ၆ သန်းထိရှိပါတယ်။ဒီထဲ မှာ ရှမ်းပြည်နယ်က လူဦးရေ ၄၀၇၀၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။စစ်ရှောင်ဦးရေဟာ စံချိန်တင် မြင့်တက်လာပြီး ၈၃ ရာခိုင်နှုန်းကျော် ဟာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း မှ တိုးလာတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။


အလားတူ အသက် ၄၅ အရွယ်ရှိ နန်းပေ ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်နေ့ ကနေ စပြီး ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း ၃ လ ကြာ မွေးရပ်မြေ သိန္နီမြို့မှာ မှာ နေထိုင်ခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ကြောင့် ကြရတာ တွေကြောင့် သျှမ်းမြောက်ကနေ မိတ်ဆွေတွေရှိတဲ့ ရှမ်းအရှေ့ဘက် တာချီလိတ်မြို့ကို ရှောင်လာခဲ့တာပါ။

နန်းပေ တစ်ယောက် စစ်ရှောင် လာတာ ၂၀၂၄ ဒီဇင်ဘာလ မှာဆိုရင် တစ်နှစ်ရှိပါပြီ။

“ရောက်ခါစ ကဆို ပါလာတဲ့ ငွေက မြန်မာငွေ၊ဘယ်ဆိုင် မှ ဝယ်စားလို့ မရဘူး၊ငွေလဲရတော့ ရတဲ့ ငွေက နည်းနည်းလေး၊ ပါလာတဲ့ ငွေ ကို ခြစ်ကုတ်ပြီး တစ်ပတ်လောက် အတွင်း အလုပ်ရှာ တော့ တစ်ရက်ကို ဘတ် ၁၅၀ ရတယ်၊ လုပ်ရတဲ့ အလုပ်ကလည်း တစ်ပတ်မှာ က ၃ ရက် ၄ ရက်လောက်ပဲ လုပ်ရတော့ ဘယ်လို မှ အဆင်မပြေဘူး”လို့ ဝမ်းနည်းစွာနဲ့ နန်းပေက ပြောပြပါတယ်။

မွေးရပ်မြေမှာ သျှမ်း အစားအသောက် ရောင်းခဲ့တဲ့ နန်းပေက စစ်ရှောင်ရင်း ပါလာတဲ့ ကားလေး ကို ရောင်းချကာ တာချီလိတ်မြို့မှာ သျှမ်းအစားအသောက် ဆိုင်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဈေးကြီးလွန်းလှတဲ့ ဆိုင်ခန်းခ တွေရယ် ကြောင့် မြို့ပြင် လမ်းဘေးတနေရာမှာ ဆိုင်ဖွင့်ရောင်းချခဲ့ရ တယ်လို့ ပြောပြပါတယ်။

ဒုက္ခတူ စစ်ရှောင်တွေ အများဆုံးရှိကြတဲ့အတွက် မြန်မာငွေကြေးနဲ့သာ ရောင်းချပြီး ပြန်လည် လဲလှယ်သုံးစွဲရတဲ့ ငွေကြေး နဲ့ ကိုက်ညီမှု မရှိတဲ့အတွက် နန်းပေတစ်ယောက် လုံးချာလည် နေပါတယ်။

စစ်ရှောင် ရှမ်းခေါက်ဆွဲဆိုင်

အိမ်ခန်းတစ်ခန်းကို ဘတ်ငွေ ၄၀၀၀ နဲ့ အထက် ရှိတဲ့ အတွက် နန်းပေတစ်ယောက် မိသားစုလိုက်နေစားဖို့ တစ်လကို ဘတ် ၁၀၀၀၀ ကျန်ဖို့ရာ နေ့နေ့ညည ရှာဖွေရတယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့မှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပြီးတဲ့နောက် မှ တော့ နန်းပေ ရဲ့ လမ်းဘေး ဆိုင်လေး ဟာ အပြီးတိုင် ပိတ်လိုက်ရပြီး တဲ့ နောက် လက်ရှိမှာတော့ မိတ်ဆွေတွေရဲ့ ကူညီပေးမှု နဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင် မှာ စားဖိုမှူး အဖြစ် နေ့လည် ၃ နာရီခွဲ ကနေ မနက်လင်းထိ အလုပ်လုပ်ကိုင်နေပါတယ်။

“ရောက်ခါစလို တော့ မပူရတော့ဘူးပေါ့၊စားရေးနေရေးလုံလောက်ရင်ကို ကျေးဇူးတင်နေရပြီ၊အရင်လို စုမိ ဆောင်းမိဖို့ကတော့ တော်တော်မလွယ်သေးပါဘူး၊ဆန်နို့ဆီဘူး တစ်ဘူးလောက် သွားဝယ်ချက် ခေါက်ဆွဲပြုတ် တစ်ပွဲ နဲ့ စားရမယ်လို့ ဘယ်တွေးထားမလဲ ”လို့ နန်းပေးက ကြေကွဲဆို့နစ်စွာ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သျှမ်းဒေသခံအများအပြား နီးစပ်ရာ နယ်စပ်မြို့တွေ၊မြို့ကြီးတွေ ကို ထွက်ပြေးတိမ်းရှောင် ကြရပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရပါတယ်။ မိသားစု များပြား လှတဲ့ အိမ်ထောင်စု တွေ ဆိုရင်လည်း အိမ်ရှိ လူကုန် အလုပ်လုပ် ကိုင်ကြရပြီးနေ့စဉ် ကြီးမြင့်နေတဲ့ ကုန်ကျစရိတ်တွေကို ဖြေရှင်းနေရ ပါတယ်။

“ပြောကြတယ်လေ၊အထက်ပိုင်းက ဖြစ်ဦးမှာ ရန်ကုန်ဘက် သွားသွားဆိုတော့ ရန်ကုန် ပြေးလာတာပေါ့၊နယ်မြေ ကလည်း မကျွမ်း၊ကားကလည်း မစီးတက်၊တနေရာ နဲ့ တစ်နေရာကလည်း အဝေးကြီးသွားရတာပေါ့၊ရတဲ့ အလုပ် လုပ်ကြမယ်ဆိုတော့ ဈေးပဲ ရောင်းတက်တာလေ၊ဈေးရောင်းတော့လည်း မြို့ကြီး ကုန်ကျစရိတ် နဲ့ ဘယ် ကာမိမလဲ”လို့ ရန်ကုန်မြို့ကို စစ်ရှောင် အဖြစ်ရောက်လာတဲ့ အသက် ၅၀ အရွယ် ပီခမ်းက ပြောပါတယ်။

ပီခမ်းက ရန်ကုန်ရောက်ခါစကတော့ ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်ပေမယ့် လက်ရှိနေစရိတ်စားစရိတ် ကြီးတာတွေကြောင့် ဒေသမြို့ကို ပြန်ဖို့ တာဆူနေတယ်လို့ ပြောပါတယ်။ပီခမ်းရဲ့ သမီးဖြစ်သူကတော့ မြဝတီ မြို့မှာ တစ်လ ၁၀ သိန်းနဲ့အထက် အလုပ်ရမယ်လို့ ပြောတဲ့အတွက် သွားရောက်လုပ်ကိုင်နေတာ လဝက်ရှိပြီလို့ လည်း ပြောပြပါတယ်။

စစ်ရှောင် ရှမ်းခေါက်ဆွဲဆိုင်

“စစချင်းရောက်တုန်းကတော့ ပါလာတဲ့ ငွေလေးနဲ့ အိမ်ငှားပေါ့၊အလုပ်ရှာတော့ သမီးဖြစ်သူက အထည်ချုပ် စက်ရုံလေးမှာ ရတယ်၊ဘယ်လောက်မှာလဲ.နောက်တော့ သူ့သူငယ်ချင်းက ခေါ်တာနဲ့သွား လိုက်တာပဲ၊ ကံပေါ့။ တိုက်ပွဲကြားထဲ အသက်မသေတာကိုက ကံပဲလေ”လို့ မျက်ရည်ဝဲလျက် ပီခမ်းက ဆိုပါတယ်။ ပီခမ်းကလည်း အသိမိတ်ဆွေတွေကနေတဆင့် လားရှိုးမြို့ကနေ ရန်ကုန်မြို့ကို စစ်ရှောင်လာတာပါ။

“ဆိုင်တစ်ဆိုင်ဖွင့်ဖို့က မလွယ်ဘူး၊အစအဆုံး အကုန်ပြန်ဝယ်ရတာ၊နေတာနဲ့ဆိုင်ပါ တွဲလျက်ဆိုတော့ နည်းနည်း တော့ ခံသာတာပေါ့၊ဒါပေမယ့် အရင်လို စီးပွားတွေ မကောင်းကြတော့ တစ်ပွဲ ၂၅၀၀ ၃၀၀၀ ပေးစားတဲ့သူလည်း ရှား၊ပြန်စိုက်ထည့်လိုက် စားလိုက်နဲ့ ”လို့ ပီခမ်းက ဆိုပါတယ်။

နောက်ဆုံးတော့ ပီခမ်း ဈေးဆက်မရောင်းတော့ ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

ရန်ကုန်၊မန္တလေးလို့ မြို့ကြီးတွေမှာ သျှမ်းဒေသဘက်ကနေ စစ်ရှောင် အများအပြား ရောက်ရှိကာ ဒေသ အစားအစာတွေ အများအပြား ရောင်းချနေကြပါတယ်။

ဒါပေမယ့် မြင့်မားလှတဲ့ ကုန်ဈေးနှုန်း၊ကြီးမားလှတဲ့ ဆိုင်ခန်းခ တွေကြောင့် စစ်ရှောင်ရင်း တစ်ပိုင်တစ်နိုင်ဖွင့်လှစ်ကြရတဲ့ သျှမ်းခေါက်ဆွဲ ဆိုင်လေးတွေဟာ မြို့လယ် ခေါင်ထက် မြို့စွန်လူများတဲ့ နေရာတွေ မှာ ရွေးချယ်ဖွင့်လှစ်တာကိုလည်း တွေ့ရပါတယ်။မြို့နယ် အရွေးမှန် တဲ့သူကလည်း ဈေးရောင်းရပြီးတော့ မြို့နယ် အရွေးမမှန်တဲ့သူတွေကတော့ အရှုံးပေါ်ကြတယ်လို့ နီးစပ် ရာတွေကနေတဆင့် သိရပါတယ်။

“မြန်မြန်ပြီးပါစေလို့ ဘုရားဝတ်ပြုတိုင်း ဆုတောင်းတယ်…အိမ်ပြန်ချင်နေပြီ…ပြန်မှာ…. ဟေ့ ငါတို့ သျှမ်းမ တွေက အာဂနော်။ ဒီတနေရာ မရရင် နောက် တနေရာ သွားလုပ်စားမှာ ၊ဒီတိုင်းတော့ မထိုင်နေဘူး ”လို့ ပီခမ်းက မျက်ရည်များကြားကနေ ဟာသနှောပြီး ပြောပါတယ်။

ဆောင်းပါးရှင် နန်းလောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...