စစ်ရှောင်

သျှမ်းနယ်စပ်ဒေသ အပါအဝင် ကရင်နီ (ကယား) ပြည် တစ်လအတွင်း အရပ်သား ၆ ဦး သေဆုံး

သျှမ်းနယ်စပ်ဒေသ အပါအဝင် ကရင်နီ (ကယား) ပြည်တွင် သြဂုတ်လ တစ်လအတွင်း အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ယမန်နေ့ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ . စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်လကာလအတွင်း ကရင်နီ (ကယား)...

ပင်လောင်းမြို့နယ် စစ်ရှောင်နေရပ်ပြန်နိုင်ရေး မြေမြှုပ်မိုင်း ကိုယ်တိုင်ရှင်းလင်းနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာဒေသအတွင်းသို့ စစ်ရှောင်များ ပြန်လည်နေထိုင်ရန် မြေမြှုပ်မိုင်းများကို ကိုယ်တိုင် ရှင်းလင်းနေရကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် ဖေဖော်ဝါရီမှ မေလအထိ သုံးလနီးပါးကြာ စစ်ကောင်စီ နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် ဖယ်ခုံ - ပင်လောင်း နယ်စပ်ဒေသ အသီးသီးမှ ကျေးရွာတွင်...

စစ်ရှောင်ထွက်ပြေးနေရသည့် လဲချား ပရဟိတကျောင်းမှ ကလေးများ စာသင်ခွင့် မရသေး

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ပရဟိတ ကျောင်းမှ ကလေးငယ်များ ယနေ့ထိ စာသင် ခွင့်မရခဲ့သေးကြောင်း သိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် လဲချားမြို့နယ်တွင်း၌ စစ်ကောင်စီ နှင့်...

စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲကြား စစ်ကောင်စီဘက် ၁၀ ဦး ထက်မနည်း သေဆုံး

လဲချားမြို့နယ် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား ယမန်နေ့ (သြဂုတ် ၆) ရက် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း SSPP မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (သြဂုတ် ၆)...

မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သားများ ထိခိုက်မှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြစ်ပွားသည့် တိုက်ပွဲကြား အရပ်သားများထိခိုက်မှုရှိနေကြောင်းစုံစမ်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၁၀ စီးကို TNLA...

ကျောက်မဲမြို့ပေါ်သို့ ၂ နှစ်နီးပါး တိမ်းရှောင်သည့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်

ကျောက်မဲမြို့အတွင်းသို့ ၂ နှစ်နီးပါး စစ်ဘေးတိမ်းရှောင်လာသည့် စစ်ရှောင် (၅) ထောင်ကျော်မှ စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်သွားကြောင်း စုံစမ်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် မေလမှ စတင်ပြီး လက်ရှိချိန်ထိ နေရပ်သို့ ပြန်သွားသည့် စစ်ရှောင် (၄၀၀) ကျော်၊ အိမ်ခြေ...

ကွတ်ခိုင်မြို့နယ် စစ်ရေးတင်းမာမှုကြောင့် ခိုမုန်းကျေးရွာရောက် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ၂၀၀ ကျော်သည် နေရပ်ပြန်ချင်သော်လည်း ဒေသအတွင်း စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်တွင် ကွတ်ခိုင်မြို့နယ် ဆူပရာရွာ နှင့် ကောင်ရာရွာ အနီး ကချင်လွတ်လပ်ရေးတပ်မတော်...

သျှမ်း – ကယားနယ်စပ်က စစ်ရှောင် ၇၀၀ နီးပါး တုပ်ကွေး ကူးစက်နေ / ရိက္ခာအကူညီလိုအပ်

သျှမ်းပြည် နှင့် ကယားပြည် (ကရင်နီပြည်) နယ်စပ်ဒေသရှိ တောတွင်းတစ်နေရာသို့ ရောက်ရှိနေသည့် စစ်ရှောင် လူဦးရေ ၇၀၀ နီးပါးသည် တုပ်ကွေးရောဂါ ကူးစက်ခံစားနေရပြီး ရိက္ခာအကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်းပြည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် ကရင်နီပြည်မှ ဒီးမော့ဆိုမြို့နယ်တို့ အပြင်...

အလှူရှင် အားကိုးနေရတဲ့ ဖယ်ခုံမြို့နယ် စစ်ရှောင်တွေရဲ့ ဘဝများ

ခရမ်းချဉ်သီး၊ အသားတုလုံး၊ ကြာဇံ စတဲ့ စားစရာ အာဟာရတွေပါတဲ့ စားနပ်ရိက္ခာတွေကို ဝေစုခွဲထားလိုက်ပြီး တန်းစီပြီး စောင့်နေတဲ့ စစ်ရှောင်တွေကို လူတစ်ယောက်က ပေးကမ်းနေတာ မြင်တွေ့နေရပါတယ်။ အဲ့ စစ်ရှောင်တွေဟာ ဖယ်ခုံမြို့ အနောက်ဖက် တစ်နေရာမှာနေထိုင်ကြပြီး စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့်...

မိုးဗြဲ တိုက်ပွဲဆက်လက်ပြင်းထန်၊ နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးမှုရှိ၊ ဘာသာရေး အဆောက်အအုံ နေအိမ်ပျက်စီးမှုများ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ ထိခိုက် သေဆုံးမှုရှိပြီး ပြည်သူပိုင် ဘာသာရေး အဆောက်အအုံ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ) ရက် နံနက်ပိုင်း အချိန်မှစပြီး မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF...

Latest news