ကွတ်ခိုင်မြို့နယ် စစ်ရေးတင်းမာမှုကြောင့် ခိုမုန်းကျေးရွာရောက် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ၂၀၀ ကျော်သည် နေရပ်ပြန်ချင်သော်လည်း ဒေသအတွင်း စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်များ

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်တွင် ကွတ်ခိုင်မြို့နယ် ဆူပရာရွာ နှင့် ကောင်ရာရွာ အနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် အာဏာသိမ်း စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများက ခိုမုန်းကျေးရွာသို့ စစ်ရှောင်ထွက်ပြေး လာရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ရှောင်ထွက်ပြေးလာခဲ့ရသည်မှာ ၃ ရက်မြောက် ရှိလာပြီး ကျန်ခဲ့သည့် စစ်ရှောင်များ၏ နေအိမ်များကို သူခိုးတို့ ဖောက်ထွင်းမှု ရှိနေသည့် သတင်းကြားမိသည့်အတွက် နေရပ်ပြန်လိုကြောင်း စစ်ရှောင် ကူညီ ပေးနေသူ အသက် ၄၀ ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်ဦးရေ စုစုပေါင်း ၂၂၀ ဦးပါ၊ အိမ်ခြေက ၅၃ အိမ်ဖြစ်ပါတယ်။ ရွာနှစ်ရွာ စလုံးက ရွာလုံးကျွတ်ထွက်ပြေး လာကြတာ၊ အခုက သူတို့အိမ်ကို သူခိုးတွေက ဝင်ဖောက်နေကြတာတွေလည်း သိရတော့ ပိုပြီး အိမ်ပြန်ချင်ကြ တာ။ ဒါပေမဲ့ မြေပြင်မှာ စစ်ရေးတင်းမှာနေတုန်းမို့ မပြန်နိုင်သေးဘူး” ဟု ခိုမုန်းရောက် စစ်ရှောင်ကို ကူညီပေး နေသည့် အမျိုးသားက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် ခိုမုန်းကျေးရွာရှိ ဘုရားကျောင်း နှင့် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေထိုင် ကြရပြီး စားသောက်ရေးအတွက်ကို အသင်းတော် နှင့် ဒေသအတွင်း လူမှုကူညီရေး ပရဟိတသမားများက ကူညီပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်တွင်လည်း ကောင်လာရွာတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကောင်းလာရွာ ဒေသခံ အမျိုးသား ၂ ဦးကို ဖမ်းဆီးရိုက်နှက်မှု ရှိကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲက ငြိမ်သွားပေမယ့် စစ်တပ်က ရွာထဲ တပ်စွဲထားနေတုန်းပဲ၊ အဲ့ဒါကြောင့် ရွာသားတွေက နေရပ်ပြန်ဖို့ ကြောက်ရတယ်။ ရွာအနီးမှာလည်း KIA တပ်က သွားလာ လှုပ်ရှားမှုတွေ ရှိနေတယ်လေ” ဟု အထက်ပါ စစ်ရှောင် ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှ စတင်ကာ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA တို့အကြား တိုက်ပွဲကြောင့် အရပ်သား ၂ ဦး လက်နက်ကြီးထိ သေဆုံးရသည့် အပြင် တခြားဒေသခံ ၅ ဦး ထက်မနည်း လက်နက်ကြီးထိမှန် ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...