Tuesday, January 27, 2026

သျှမ်းနယ်စပ်ဒေသ အပါအဝင် ကရင်နီ (ကယား) ပြည် တစ်လအတွင်း အရပ်သား ၆ ဦး သေဆုံး

သျှမ်းနယ်စပ်ဒေသ အပါအဝင် ကရင်နီ (ကယား) ပြည်တွင် သြဂုတ်လ တစ်လအတွင်း အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ယမန်နေ့ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

.

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်လကာလအတွင်း ကရင်နီ (ကယား) ပြည်နှင့် သျှမ်းနယ်စပ်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ၊ သတ်ဖြတ်ရက်စက်မှုများနှင့် မြေမြှုပ်မိုင်းများကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစုမှ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှ ၂၀၂၃ သြဂုတ်လ (၃၁) ရက်အထိ သေဆုံးသွားသော အရပ်သား ပြည်သူစာရင်း စုစုပေါင်း ၃၈၀ ဦးရှိပြီး နေ့စဉ်သေဆုံးခဲ့သည့် စစ်ရှောင်စာရင်းမှာ စုစုပေါင်း ၁၄၂ ဦး ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်နှိုင်းယှဥ် ကြည့်ပါက သြဂုတ်လ တစ်လအတွင်း သေဆုံးသွားသော အရပ်သား ပြည်သူစာရင်းထဲတွင် ၆ ဦး တိုးလာပြီး နေ့စဉ် သေဆုံးခဲ့သည့် စစ်ရှောင်စာရင်းမှာ ၁ ဦးရှိလာခဲ့သည်။

“အများဆုံးကတော့ စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့သူတွေ အများဆုံးပဲ။ နောက်ပြီး စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးသွားတဲ့ သူတွေပါ့။ ကျန်တာတော့ မိုင်းနင်းမိလို့ သေဆုံးတဲ့သူတွေ၊ လေကြောင်းတိုက်ခံရလို့ သေဆုံးရတာတွေပေါ့ “ ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF မှ တာဝန်ခံတစ်ဦးက ပြောသည်။

ဒါ့အပြင် ကရင်နီ (ကယား) ပြည်တွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာရာမှ စစ်ရှောင်များထံ စားနပ်ရိက္ခာလုံလောက်စွာ မထောက်ပံ့နိုင်ခြင်း၊ ဆေးဝါးလုံလောက်မှု မရှိခြင်းကြောင့် နေ့စဉ်နီးပါး စစ်ရှောင်များ သေဆုံးနေရသည်။

အလားတူ ဖယ်ခုံမြို့နယ် စစ်ရှောင်ကူညီသူ ကော်မတီတစ်ဦးက “စစ်ကောင်စီ နဲ့ PNO စစ်ဆေးရေးဂိတ်မှာဆိုရင် သူတို့က စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေ ပေးမသယ်ဘူး။ သယ်လာတာ တွေ့ရင် သိမ်းတယ်။ ဒီဇယ်၊ စက်သုံးဆီတွေလည်း ပေးမသယ်ဘူး“ ဟု ဆိုသည်။

လက်ရှိအချိန်ထိ သျှမ်းနယ်စပ်ဒေသ နှင့် ကရင်နီ (ကယား) ပြည်တွင် စစ်ကောင်စီတပ် အင်အား ဖြည့်တင်းနေလျက်ရှိသလို လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံဝဲနေပြီး စစ်ရှောင်များကို ပစ်မှတ်ထား၍ ဗုံးကြဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...