ပင်လောင်းမြို့နယ် စစ်ရှောင်နေရပ်ပြန်နိုင်ရေး မြေမြှုပ်မိုင်း ကိုယ်တိုင်ရှင်းလင်းနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာဒေသအတွင်းသို့ စစ်ရှောင်များ ပြန်လည်နေထိုင်ရန် မြေမြှုပ်မိုင်းများကို ကိုယ်တိုင် ရှင်းလင်းနေရကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် ဖေဖော်ဝါရီမှ မေလအထိ သုံးလနီးပါးကြာ စစ်ကောင်စီ နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် ဖယ်ခုံ – ပင်လောင်း နယ်စပ်ဒေသ အသီးသီးမှ ကျေးရွာတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင် ကော်မတီတစ်ဦးက ပြောသည်။

လက်ရှိမှာ နေရပ်ပြန်နိုင်ရေးအတွက် ဒေသခံကိုယ်တိုင်က ပေါက်ပြားဖြင့် တူးကာ မြေမြှုပ်မိုင်းများကို ရှာဖွေ ရှင်းလင်းနေရကြောင်း ဆိုသည်။

“ကျနော်တို့ တောင်စလုံးဘက်က ရှာတာ မိုင်းက ရှေ့ထွက်မိုင်းကော၊ ၁၆ မိုင်းကော၊ ၁၄ မိုင်းကော အားလုံးပေါင်း ၁၀၀ ကျော်လောက်ရတယ်။ နောက်ထပ် ရှာဖို့ မြောက်စလုံးတစ်ရွာ ကျန်တယ်။ နောက်ပြီး နမ့်နိန်း၊ လုံးပျဉ် တို့မှာ ထပ်ရှာဖို့အများကြီး ရှိသေးတယ်။ အဲ့မိုင်းရှာတဲ့ဘက်က ကျနော်တို့ ပေါက်ပြားနဲ့ဘဲ ရှာတာ။ ခေတ်မှီတဲ့ စက်မရှိဘူး “ ဟု စစ်ရှောင်ကော်မတီ တစ်ဦးက ပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းများသည် ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ်များ၏ အုတ်တံတိုင်းနဘေးနှင့် အုတ်ခုံနဘေး စသည့် အကာအကွယ်ယူနိုင်သည့် နေရာများ၊ ပုန်းခိုနိုင်သည့် နေရာများကြားတွင် အများအပြား တွေ့ ရှိရကြောင်း သိရသည်။

မြေမြှုပ်မိုင်း အန္တရာယ်

အလားတူ စစ်ကောင်စီတပ်စွဲ နေထိုင်ခဲ့သည့် တောင်ကုန်းပေါ်တွင်လည်း အနီးတဝိုက်ရှိ ကျောက်ဆောင်၊ ကျောက်ခဲ ကြားနှင့် တောတောင်အတွင်း မိုင်းများမြှုပ်ထားခြင်းကြောင့် ဒေသခံများ လယ်ယာသို့ သွားရန် စိုးရိမ်နေကြောင်း သိရသည်။

“အခုထိ စိုးရိမ်နေရသေးတယ်။ မြောက်စလုံးက သင်္ချိုင်းကုန်းတွေဆို ထင်းရှူးတောတွေ ထူတယ်လေ။ ရှေ့ထွက်မိုင်းတွေကောရှိတယ်။ တိုက်မိုင်း၊ ၁၄ မိုင်း၊ ၁၆ မိုင်းတွေရှိတယ်။ ဒါတွေက တောထဲဆိုတော့ လုံးဝ မရှာနိုင်သေးဘူး။ ဒါပေမယ့် အဲ့ဧရိယာတွေကို ရွာသားတွေ လုံးဝ သွားခွင့်မပေးဘူး။ သွားချင်ရင် ဘယ်သူမှ တာဝန်မယူပေးနိုင်ဘူးပေါ့ “ ဟု ၎င်းစစ်ရှောင်ကော်မတီတစ်ဦးက ထပ်လောင်း ပြောသည်။

ယင်းကဲ့သို့ မြေမြှုပ်မိုင်းများ ရှာဖွေရှင်းလင်းခဲ့ရာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းများ အလုံး ၁၂၀ ခန့် ရှာဖွေနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တပ်သား ၄ ဦး၊ ဒေသခံ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...