သျှမ်း – ကယားနယ်စပ်က စစ်ရှောင် ၇၀၀ နီးပါး တုပ်ကွေး ကူးစက်နေ / ရိက္ခာအကူညီလိုအပ်

သျှမ်းပြည် နှင့် ကယားပြည် (ကရင်နီပြည်) နယ်စပ်ဒေသရှိ တောတွင်းတစ်နေရာသို့ ရောက်ရှိနေသည့် စစ်ရှောင် လူဦးရေ ၇၀၀ နီးပါးသည် တုပ်ကွေးရောဂါ ကူးစက်ခံစားနေရပြီး ရိက္ခာအကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ပုံ – ဟောင်း (သျှမ်း – ကယား နယ်စပ် စစ်ရှောင်များ )

အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်းပြည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် ကရင်နီပြည်မှ ဒီးမော့ဆိုမြို့နယ်တို့ အပြင် အနီးပတ်ဝန်းကျင်မှ ဒေသခံရွာသားများ စစ်ရှောင်ထွက်ပြေး လာရခြင်းဖြစ်ကြောင်းလည်း သိရသည်။

“တစ်နေရာတည်း စုနေတာမျိုးတော့ မဟုတ်ပါဘူး၊ ဟိုနေရာတစ်စု ဒီနေရာ တစ်စုနဲ့ ဒီတောထဲမှာ ရှိနေတာ တစ်နှစ် လောက်ရှိနေပြီ၊ အခုက မိုးတွေရွာလာပြီဆိုရင် အမိုးအကာတွေ မလောက်မငှနဲ့ တော်တော်ကို ခက်ခဲတယ်၊ ပြီးတော့ ကလေးငယ်တွေ အားလုံးနီးပါးက တုပ်ကွေးဖြစ်တယ်၊ လူကြီးတွေကလည်း အဖျားပိုးတွေ ဝင်နေကြ တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာကို စစ်ကောင်စီ တပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထပ်မံထွက်ပြေးလာရသည့် စစ်ရှောင်များ အပါအဝင် လက်ရှိ စစ်ရှောင်များသည် ၇၀၀ ကျော် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များအနက် အများစုသည် အမျိုးသမီး နှင့် ကလေးသူငယ်များ ဖြစ်ကြပြီး သက်ကြီးရွယ်အိုများ လည်း ပါဝင်ကြကြောင်း စစ်ရှောင်ကူညီထောက်ပံ့ပေးသူများက ဆက်ပြောသည်။

လက်ရှိတွင် စစ်ရှောင်များအတွက် လေးရက်စာအတွက်သာ ရိက္ခာများ ကျန်ရှိနေပြီး ကူညီထောက်ပံ့မှု အချိန်မှီ မရနိုင်ပါက စစ်ရှောင်များ ရိက္ခာပြတ်တောက်နိုင်ကြောင်းလည်း စစ်ရှောင်ကူညီပေးသူ အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောလောဆယ်တော့ ရှိထားတဲ့ ရိက္ခာက ၄ ရက်စာ အတွက်ပဲ လုံလောက်နိုင်တော့မယ်။ ဒါတောင် ချွေတာရေး နည်းလမ်းနဲ့ တွက်ထားတာ။ အရင်ကတော့ အလှူရှင်တွေ PDF တွေကနေ လာထောက်ပံ့ပေးတာ ရှိပေမဲ့ အခု ရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရှောင်စခန်းတွေကို ဦးတည်တိုက်ခိုက်တာတွေ လုပ်လာတော့ အားလုံးက အခက်ခဲတွေ ဖြစ်ရကုန်တာ၊ ဖြစ်နိုင်တော့ အလှူရှင်တွေ အချိန်မှီ ရချင်တာပေါ့” ဟု စစ်ရှောင်ကူညီပေးနေသူက ဆက်ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် မြေပြင်တွင် အရေးနိမ့်ပြီး အပြစ်မဲ့ပြည်သူများရှိရာ စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ထုခြင်း၊ ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်ထားသည်၊၊

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်လအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ကြောင်း KNDF B09 က ဇူလိုင်လ ၅ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...