စစ်ရှောင်ထွက်ပြေးနေရသည့် လဲချား ပရဟိတကျောင်းမှ ကလေးများ စာသင်ခွင့် မရသေး

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ပရဟိတ ကျောင်းမှ ကလေးငယ်များ ယနေ့ထိ စာသင် ခွင့်မရခဲ့သေးကြောင်း သိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် လဲချားမြို့နယ်တွင်း၌ စစ်ကောင်စီ နှင့် SSPP/SSA တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးများသည် လဲချားမြို့ တောင်ဘက်ရှိ ကောင်းဝိုးလုံ ပရဟိတကျောင်းအနီးသို့ ကျရောက်ထိမှန်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ လက်နက်ကြီး ကျရောက်သည့်အတွက် ကောင်းဝိုးလုံ ပရဟိတကျောင်းမှ ကျောင်းသူ တစ်ဦး သတိလစ် မေ့မျောသွားခဲ့ပြီး ကျောင်းသား/သူများအားလုံးက လဲချားမြို့ပေါ် ရပ်ကွက် (၄) ရှိ ကမ္မဌာန်းကျောင်းသို့ စစ်ရှောင်ခိုလှုံနေရကြောင်း စစ်ရှောင်ကူညီသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit

“လက်နက်ကြီးက ကျောင်းနားကို အရမ်းကပ်ကျတော့ ကျောင်းသူ တစ်ဦး ကြောက်လန့်ပြီး သတိလစ် သွားတယ်၊ အဲ့ဒီအချိန်မှာ တချို့က ကျောင်းသူကို ပြုစုရင်း တချို့က စစ်ရှောင်ဖို့ ပြင်ဆင်ကြတာပေါ့၊ အခုတော့ ကျောင်းသား/သူ စုစုပေါင်း ၆၆ ယောက်နဲ့ ဆရာ/မပေါင်း ၇ ယောက်က မြို့ပေါ် စစ်ရှောင်ခဲ့တာ” ဟု စစ်ရှောင်ကူညီပေးနေသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကောင်းဝိုးလုံပရဟိတ ကျောင်းသား / သူ (၆၆) ဦး နှင့် ဆရာ/ဆရာမ ၇ ဦး၊ ကျောင်းထိုင် ဘုန်းကြီး ၁ ပါး တို့သည် လဲချားမြို့ပေါ် ရပ်ကွက် (၄) ရှိ ကမ္မဌာန်းကျောင်းတိုက်တွင် စစ်ရှောင်ရောက်ရှိ နေကြကြောင်းသိရသည်။

စစ်ရှောင် ကျောင်းသား/သူများအနက် ဖျားနာသည့် ကျောင်းသူ (၃) ဦး၊ အနာစိမ်းပေါက်သည့်အတွက် ခွဲစိတ်ရသည့် ကျောင်းသား ၁ ဦးလည်း ပါဝင်ကြောင်းလည်း သိရသည်။

“ဖျားနာတဲ့ သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်၊ ခွဲစိတ်ရတဲ့ ကျောင်းသားကလည်း ခွဲစိတ်အောင်မြင်ပြီး လက်ရှိတော့ ဆေးရုံမှာပါ။ ဒါပေမဲ့ ကျောင်းသားတွေကတော့ စာမသင်ရသေးဘူး၊ နေရပ်လည်း မပြန်နိုင်ကြသေးဘူး။ စစ်ရေးတင်းမာနေတုန်းမို့ အခြေအနေကို စောင့်ကြည့်နေရတုန်း” ဟု စစ်ရှောင်ကို ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လဲချားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကောင်းဝိုးလုံ ပရဟိတကျောင်းအပြင် မက်လန်းကျေးရွာ နှင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ဒေသခံများ ရာနဲ့ချီ စစ်ရှောင်ထွက်ပြေးရကြောင်းလည်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့ နောက်ပိုင်း ဒေသအတွင်း ပစ်ခတ်သံများ ထပ်မကြားရသေးသော်လည်း စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှု ဆက်လက်ရှိနေသေးသည့်အကြောင်း ၊ စစ်ရေးတင်းမာမှု ရှိနေသေးသည့် အကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှု ရှိနေသည့်အတွက် လူနေကျေးရွာအနီး၊ စာသင်ကျောင်း အနီး တိုက်ပွဲ မဖြစ်ကြရန် ဒေသအတွင်းက သံဃာတော်များ အရပ်သား ဒေသခံများကလည်း မေတ္တာရပ်ခံ တောင်းဆိုလိုကြောင်းလည်း ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...