မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သားများ ထိခိုက်မှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြစ်ပွားသည့် တိုက်ပွဲကြား အရပ်သားများထိခိုက်မှုရှိနေကြောင်းစုံစမ်းသိရသည်။

စယ်လန့်ကျေးရွာ နေအိမ်ထိခိုက်မှု

အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၁၀ စီးကို TNLA တပ်ဖွဲ့ က မူဆယ်နှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကြား အောက်တုန့်ခန် ကျေးရွာအနီး ယနေ့ (သြဂုတ် ၂)ရက် နေ့လည် ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်တပ်သား ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်ခံရအပြီး မူဆယ်မြို့ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်တွင် တပ်စွဲထားသည့် အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မူဆယ်- ၁၀၅မိုင် ကုန်သွယ်ရေးဇုံကြားရှိ နေအိမ်တလုံး ထိမှန်ခဲ့ပြီး အမျိုးသမီး တဦး လက်နက်ကြီး စထိမှန်ခဲ့ကာ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း ဒေသခံများတချို့လည်း မူဆယ်မြို့ပေါ် နှင့် နမ့်အွမ် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းဝန်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသည် မူဆယ်မြို့ ၁၀၅မိုင် ကုန်သွယ်ရေးဇုံ မှ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်သို့ သွားသည့် လမ်းမကြီး ဖြစ်သည်။

အလားတူပင် ယနေ့ (သြဂုတ် ၂)ရက် နံနက်ပိုင်း တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အုပ်စု လွိုင်တေးမိန်းတောင်ခြေအနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားရာ မူဆယ်မြို့ ထဲရှိ စစ်ကောင်စီတပ် နှင့် ဟိုမွန်ရပ်ကွက်မှ ဆုတောင်းတောင်ရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီး များဖြင့် ပစ်ကူခဲ့သည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာ ဈေးအနီးရှိ နေအိမ်တစ်လုံး ရှေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ ပြီး အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦးကို လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံများ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စယ်လန့်ထဲကို လက်နက်ကြီး နှစ်လုံးကျတာ၊ တစ်လုံးက ခြံဝန်းထဲပဲ ပေါက်ကွဲတာ ထိခိုက်ပျက်စီးမှု မရှိဘူး၊ နောက်တစ်လုံးကတော့ အိမ်ရှေ့မှာပေါက်ကွဲပြီး ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီးတစ်ဦးကို လက်နက်ကြီးစတွေ ထိမှန်သွားတယ်၊ ဒဏ်ရာတွေတော့ မပြင်းဘူး” ဟု စယ်လန့်ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စယ်လန့်ကျေးရွာအုပ်စု တောင်ရပ်ကွက်မှ ဒေသခံများ အချို့သည် လွိုင်တေးမိန်း ကမ္မဌာန်း ကျောင်းတိုက်သို့ စစ်ရှောင်ထွက်ပြေး နေထိုင်ကြရကြောင်းလည်း သတင်းသိရသည်။

စယ်လန့် စစ်ရှောင်

ယနေ့ စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တိုက်ပွဲကြား ထိခိုက်ကျဆုံးမှုများကို သျှမ်းသံတော်ဆင့်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ (သြဂုတ် ၂)ရက် နံနက်ပိုင်းမှ စတင်ပြီး ယခု သတင်းရေးသားသည့် ည ၉နာရီကျော်ထိ လက်နက်ကြီးသံများ ကြားနေရကြောင်း မူဆယ်မြို့ပေါ်ဒေသခံများ ကပြောသည်။

“ လက်နက်ကြီးသံတွေကတော့ တနေကုန်ပဲ။ အသံတွေကလည်း အကျယ်ကြီးပဲ။ တိုက်ပွဲက ဒီထက် ဆိုးလာနိုင်တဲ့အနေအထားပဲ။ အပြင်ထွက်သွား၊လာတာတော့ သတိထားရမယ်” လို့ မူဆယ်မြို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်မှ စတင်ကာ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...