မိုးဗြဲ တိုက်ပွဲဆက်လက်ပြင်းထန်၊ နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးမှုရှိ၊ ဘာသာရေး အဆောက်အအုံ နေအိမ်ပျက်စီးမှုများ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ ထိခိုက် သေဆုံးမှုရှိပြီး ပြည်သူပိုင် ဘာသာရေး အဆောက်အအုံ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြည်သူနေအိမ်များ ထိခိုက်ပျက်စီး

ယမန်နေ့ (ဇွန်လ ၁၇ ) ရက် နံနက်ပိုင်း အချိန်မှစပြီး မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ စစ်ကောင်စီဘက်မှ (၁၀) ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ PDF မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MBPDFမှ ထုတ်ပြန်ထားသည်။  

ထို တိုက်ပွဲအတွင်း စစ်ကောင်စီ၏ မိုးဗြဲမှ ၄၂၂ တပ်၊ လွိုင်ကော် ခလရ ၅၄ တပ်တို့မှ အဝေးပစ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် မိုးဗြဲအရှေ့ဖက်ခြမ်းတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲမြို့ဒေသခံ အသက် ၄၀ နှစ် အရွယ်အမျိုးသား တစ်ဦးပြောသည်။

“မနေ့က တိုက်ပွဲဖြစ်တဲ့အချိန် သူတို့ ရမ်းသမ်းပစ်လိုက်တာ  မိုးဗြဲအရှေ့ဖက်ခြမ်းမှာ ကျနော့်သမီးပါသွားတယ်။ ကျနော် သမီးသေသွားပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူ ၂ နှစ်ယောက်ရှိတယ် “ ဟု ၎င်း အမျိုးသားက ပြောသည်။

အဆိုပါ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ အရှေ့ဖက်ခြမ်းတွင် ကျရောက်ပေါက်ကွဲသွားရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဘာသာရေးအဆောက်အုံပျက်စီး

ထို့အပြင် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အထူးစစ်ဆင်ရေး ပြုလုပ်နေသောကြောင့် သာယာကုန်း၊ ပင်သာ၊ သစ်ယာကုန်း၊ စျေးကုန်း စသည့် လူနေရပ်ကွက်မှ ပြည်သူများ ထောင်နှင့်ချီ မြို့ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“မိုးဗြဲမြို့မှာတော့ မကျန်သလောက်ပဲ။ သတ်ဖြတ်ခံရတာလည်း များနေပြီ။ ပြည်သူတွေတော့ ဖယ်ခုံမြို့ကို ရောက်သွားတာလည်း ရှိတယ်။ မိုးဗြဲအရှေ့ဖက်ခြမ်း ရောက်သွားတာရှိတယ်။ ဆွေမျိုးဖက်ကို တိမ်းရှောင်သွားတဲ့သူလည်း ရှိတယ်။ မြို့ပေါ်မှာ ပြည်သူတွေတော့ မရှိသလောက်ပဲ အကုန်လုံးကို ထွက်သွားပေးဖို့ ကြေညာထားတော့ ထွက်သွားကြတာ။ လူဦးရေတော့ ထောင်နှင့်ချီရှိတယ် “ ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိ မိုးဗြဲမြို့ပေါ်တွင် နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် ကျေးရွာဖက်သို့ တိမ်းရှောင်နေထိုင်ဖို့ရန် နှင့် သွားလာဖြတ်သန်းခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေး PDF မှ ထပ်မံသတိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်မှ ၈ ရက်နေ့ထိ မိုးဗြဲမြို့ အနီးတဝိုက်ရှိ အရပ်သား ၂၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်ခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၁၄ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...