စစ်ရှောင်

လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတား ဗုံးဖောက်ခွဲခံရ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းတံတားသည် ဗုံးဖောက်ခွဲခံရပြီး ထက်ပိုင်းကျိုးကျသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူး ညသန်းခေါင်တွင် လားရှိုးမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် လားရှိုး-နမ္မတူ ကားလမ်းမကြီးပေါ်ရှိ အီနိုင်းတံတားသည် ဗုံးဖောက်ခွဲဖျက်ဆီးခံရပြီး ထက်ပိုင်းကျိုးကျသွားသဖြင့် သွားလာ၍မရတော့ကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၅ လုံး မီးလောင်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဘက်တိုက်ပွဲအကြား ပြည်သူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးတန်းရပ်ရှိ...

“၁၀၂၇ စစ်ဆင်ရေး” နှစ်လအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှု ဆက်လက်မြင့်တက်

သျှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် နှစ်လကျော်ကာလအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးဒဏ်ရာရရှိမှု ဆက်လက်မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်တို့၏ မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဆင်ရေး (၂)လအတောအတွင်း...

မူဆယ်မြို့အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ပျံဝဲပြီး ပစ်လိုက်သည့် ကျည်ကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း မူဆယ်မြို့ ဒေသခံများက ပြောသည်။ ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်) နေ့လယ် ၁၂ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းကင်ပေါ်သို့ စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် ပျံဝဲပြီး ပစ်ခတ်လိုက်သည့်...

ဝင်ငွေခွန် မဖြစ်မနေ ပေးဆောင်ရမည့်အပေါ် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများမှ အဆင်မပြေ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် လစဥ် ၀င်ငွေခွန် ၏ ၂%ကို သုံးလတစ်ကြိမ် ပေးဆောင်ရန် မြန်မာသံရုံး (ဘန်ကောက်) မှ ဒီဇင်ဘာလ (၁၃)ရက်တွင် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အဆင်မပြေဖြစ်ရကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။ ထိုင်းနိုင်ငံတွင် တရား၀င် ရောက်ရှိနေသော မြန်မာနိုင်ငံမှ...

လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့

ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။ သို့သော်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီ မှရဟတ်ယာဥ်ဖြင့် မူဆယ်မြို့ပေါ် လှည့်နေချိန် ညီနောင်မဟာမိတ်တပ်ဖွဲ့ မှ မြေပြင်မှ...

နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း...

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်တပ်မှလေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲခြင်းကြောင့် ကျေးရွာတချို့ ရွာပျက်ဖြစ်လာ

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာတချို့မှာ နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း နေရပ်ပြန်သွားကြည်သူများထံများက ပြောသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်လာသည့် “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း နှစ်လနီးပါးအကြာ သျှမ်းမြောက် မြို့နယ်များမှ စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀၀ နီးပါးကို...

လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး...

Latest news