ဖယ်ခုံမြို့ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး ၊ အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂ )ရက် မွန်းလွဲပိုင်းအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ဦးတည်ချက်မရှိ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး ထိမှန်သေဆုံးရသည့် အပြင် ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးက လုံကာရွာထဲကို ကျပြီး အမျိုးသား တစ်ဦး ထိမှန်ပွဲချင်းပြီး သေဆုံးရတယ်။ ပြီးတော့ ကုန်းဆုံရွာဘက်လည်း လက်နက်ကြီးကျလို့ ဘုန်းကြီးကျောင်းဆို တော်တော်များများ ပျက်စီးသွားပြီ။ တခြားနေရာ ထိခိုက်ပျက်စီးမှုလည်း ရှိနိုင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးရသည့် အမျိုးသားသည် ဖယ်ခုံမြို့နယ်၊ လုံကာကျေးရွာနေသူဖြစ်ပြီး၊ နောက်ထပ် လက်နက်ကြီးများက ကုန်းဆုံကျေးရွာ ဘုန်းကြီးကျောင်းကို ထိမှန်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်မှ စတင်လိုက်သည့် (၁၁.၁၁) စစ်ဆင်ရေးနောက်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ဖယ်ခုံမြို့ ဒေသခံ အများစုက စစ်ရှောင် ထွက်ပြေး နေရကြောင်းလည်း အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ဖယ်ခုံမြို့ အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲက ရံဖန်ရံခါ ဖြစ်နေဆဲပဲ၊ အဲ့ဒါကြောင့် ဒေသခံအတော်များများက စစ်ရှောင်သွားကြတာ။ တချို့ဆို စစ်ရှောင်သွားလိုက် ပြန်လာလိုက်နဲ့ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြတာ။ တချို့လည်း ဒီနေ့အထိ အိမ်မပြန်နိုင်ကြဘူး။ တချို့လည်း အိမ်တွေ ပျက်စီးကုန်ပြီ” ဟု အထက်ပါ နာမည်မဖော် လိုသူ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေရသည့် အပြင် တိုက်ပွဲ ပိုမိုပြင်းထန်လာမှာလည်း ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီကျော် မှစပြီး ညနေ ၃ နာရီကျော်ထိ ၇ နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ မဟာမိတ်တော်လှန်ရေးအင်အားစုများက ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊တောင်ပေါ်စခန်းကုန်း ပွိုင့်ကုန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...