ကွတ်ခိုင်မြို့ စစ်ကောင်စီ၏ စစ်တပ်စခန်းအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်ဖြင့် ပျံဝဲ

သျှမ်းပြည် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအား ညီနောင်မဟာမိတ်တပ်ဖွဲ့ (၃)ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့ ပျက်စီးသွားသည့်အဆောက်အဦး

ယနေ့ (ဇန်နဝါရီလ ၂ ရက်) နံနက်အစောပိုင်းအချိန်တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့တော့ We love Kut Ki ပေါ်က စစ်ကောင်စီ တပ်စခန်းကုန်းမှာ ပစ်နေကြတယ်။ လေယာဉ်လည်း ဝဲနေတယ်” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိသောကြောင့် တိုက်ပွဲနှင့်နီးစပ်ရာ လူနေအိမ်နှင့် ရပ်ကွက်များပေါ်သို့ ဗုံးကြဲချမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်)တွင် ကွတ်ခိုင်မြို့အနီး ဟွေခုတ်ကျေးရွာကို စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိသည်။

အလားတူ ကွတ်ခိုင်မြို့ရပ်ကွက် (၄)၊ ရပ်ကွက် (၅)၊ ရပ်ကွက် (၈) အပြင် မြို့နှင့်အနီးတဝိုက်ရှိ မန်ဂျတ်ရွာ၊ ခိုတင်ရွာ၊ မန်ကန်ရွာ စသည့် ကျေးရွာများတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သော လက်နက်ကြီးများအား လူနေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲ၍ လူထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် သျှမ်းသံတော်ဆင့် မှ ဒေသအတွင်းလူမှုကူညီရေးအသင်းထံသို့ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းပြတ်မှုကြောင့် ဆက်သွယ်၍မရပေ။

ကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက “အခုချိန်မှာ ကွက်ခိုင်မြို့ထဲမှာရှိတဲ့ ပြည်သူတွေ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတယ်။ တချို့ကလားရှိုးဘက်ကို သွားကြတယ်။ တချို့ကျတော့ တာမိုးညဲဘက်ကို ပြေးတယ်။ တာမိုးညဲဘက်က ပြန်လို့ရပြီလို့ ပြောကြတာ တကယ်ပြန်လို့ရ၊ မရ လည်း သေချာမသိဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ ပြန်ကြားရေးထံ Signal မှတစ်ဆင့် ဆက်သွယ်မေးမြန်ခဲ့ရာ ဖြေကြားရှင်းမရှိသေးပေ။

လက်ရှိတွင် ကွတ်ခိုင်မြို့သည် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ဝိုင်းရံထားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးသော်လည်းကောင်း၊ လေကြောင်းဖြင့် သော်လည်းကောင်း ခုခံတိုက်ခိုက်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...