ဝင်ငွေခွန် မဖြစ်မနေ ပေးဆောင်ရမည့်အပေါ် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများမှ အဆင်မပြေ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် လစဥ် ၀င်ငွေခွန် ၏ ၂%ကို သုံးလတစ်ကြိမ် ပေးဆောင်ရန် မြန်မာသံရုံး (ဘန်ကောက်) မှ ဒီဇင်ဘာလ (၁၃)ရက်တွင် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အဆင်မပြေဖြစ်ရကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

Photo – Credit ( ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား)

ထိုင်းနိုင်ငံတွင် တရား၀င် ရောက်ရှိနေသော မြန်မာနိုင်ငံမှ အထွေအထွေ လုပ်သား (၂)သန်းထဲတွင် နေ့စားအလုပ်သမားများနှင့် လခစားအလုပ်သမားများ ပါ၀င်ကြပြီး လက်ရှိအချိန်တွင် အလုပ်မရှိသေးသော အလုပ်လက်မဲ့များလည်း ရှိနေကာ အလုပ်သမားအများစုမှာ အိမ်သို့ ပြန်လည်ထောက်ပံ့နေရသူများလည်း ဖြစ်ကြသည်။

“ကျမတို့က နေ့စားလုပ်တော့ အလုပ်ပေါ်မှ၊ ခေါ်တဲ့သူရှိမှ လုပ်ရတာဆိုတော့ လစဥ်ပုံမှန်၀င်ငွေ မရဘူး။ အဲ့အလုပ်ပြီးသွားလို နောက်အလုပ်ရှာမရမချင်း အလုပ်လည်းမရှိဘူး။ တချို့ဆို ထိုင်းမှာသာ ရောက်နေတာ၊ အလုပ်ရှာမရတဲ့သူတွေလည်း အများကြီးပဲ။ သူများနိုင်ငံမှာ အလုပ်လာလုပ်နေရတာ အဆင်မပြေတာ ၊ခေါင်းပုံဖြတ်ခံရတာတွေမှ အများကြီးကို ကူညီဖြေရှင်းပေးမယ့်အစား ပြည်သူတွေရဲ့ လုပ်အားခကို အလကားဖဲ့ယူနေတာလို့ပဲ မြင်တယ်” ဟု အဆိုပါ အမျိုးသမီးမှ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး စသဖြင့် အဖက်ဖက်မှ ဆုတ်ယုတ်လာကာ ငွေကြေးဖောင်းပွမှုနှင့် ကုန်စျေးနှုန်းများလည်း အဆမတန် တက်လာ၍ ပြည်သူများအတွက် ၀င်ငွေ၊ ထွက်ငွေ မမျှတတာကြောင့် မြန်မာနိုင်ငံမှ လူငယ်နှင့် လူလတ်ပိုင်း အများစုမှာ အရင်းအနှီးကြီးကြီးဖြင့် ပိုမို ပြည်ပထွက် အလုပ်လုပ်ကိုင်လာကြသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အလုပ်ရှာဖွေရတာ မလွယ်ကူသလို မိသားစုကို ပြန်လည်ထောက်ပံ့ရမှုတွင်လည်း ၀င်ငွေခွန်ကြောင့် အထိအခိုက်ဖြစ်ရပြီး ထိုင်းရောက် မြန်မာလုပ်သားများ၏ ၀င်ငွေခွန် ပေးဆောင်မှုအတွက် စစ်ကောင်စီဘက်မှ မြန်မာနိုင်ငံတွင် ပြန်လည်ရရှိခွင့်ပေးမည့် အကျိုးခံစားခွင့်များကိုလည်း လုပ်သားအများစုမှာ ယုံကြည်မှုမရှိကြကြောင်း သိရှိရသည်။

“စစ်ကောင်စီ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပိုခက်ခဲလာလို့ ပြည်ပထွက် အလုပ်လုပ်ရတာ။ အဲ့ဒါကြောင့် သူတို့ကို ၀င်ငွေခွန် ပြန်ပေးဆောင်ရမယ်ဆိုရင် မပေးချင်ဘူး။ အိမ်လခ၊ ရေမီးခတွေနဲ့ အိမ်ကိုပြန်ပို့နိုင်ဖို သူများနိုင်ငံမှာ ခေါက်ဆွဲပြုတ် စားပြီး အလုပ်လုပ်နေရတာကို အခွန်ပေးရမယ်ဆိုရင် ပိုပြီး ခက်ခဲဖို့ပဲ ရှိတော့တယ်” ဟု ၄င်းမှ ထပ်လောင်းပြောသည်။

ထို၀င်ငွေခွန် ပေးဆောင်မှုအတွက် အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်ကို မြန်မာသံရုံးမှ ပြန်လည် ထုတ်ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အလုပ်သမားသက်သေခံကတ်ပြား၊ ထောက်ခံစာ စသဖြင့် အထောက်အထား စာရွက်စာတမ်းကိစ္စများ လုပ်ဆောင်ရာတွင် ထိုအခွန်ပေးသွင်းမှုစာရွက် ပြသ၍ လုပ်ဆောင်ရမည်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာ(၁၄) ရက်နေ့တွင် ထပ်မံထုတ်ပြန်ထားသည်။

အဆိုပါ ၀င်ငွေခွန်ပေးသွင်းရမည့် ထုတ်ပြန်ချက်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမ္မဂရုံးအရှေ့တွင် မြန်မာအလုပ်သမားများ စုဝေးပြီး ဒီဇင်ဘာ (၁၇)ရက်နေ့တွင် ဆန္ဒပြထုတ်ဖော်ခြင်း ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

ထို့အပြင် ထိုင်းအစိုးရ အနေဖြင့် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုများအား ရပ်တန့်ရန် တောင်းဆိုခဲ့ကြပြီး မြန်မာအလုပ်သမားများမှ စစ်ကောင်စီ၏ ၀င်ငွေခွန် ကောက်ခံမှုကို ကန့်ကွက်ကြောင်း လက်မှတ်များနှင့် သ၀ဏ်လွှာကို ထိုင်းနိုင်ငံ အစိုးရနှင့် လွှတ်တော်သို့ ပေးပို့ရန် ဆောင်ရွက်နေမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...