စစ်ရှောင်

မိုးမိတ်မြို့စစ်ရှောင်များထံ စစ်ကောင်စီပစ္စည်းလုယက်နေ

သျှမ်းပြည် မိုးမိတ်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်လာစဥ် စစ်ကောင်စီ တပ်သားများက ပစ္စည်းလုယက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်) နှစ်ရက်အတွင်း မြို့တွင်းတိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာစဉ် မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၉၉)...

မိုးမိတ်မြို့ မြို့မရဲစခန်းအပါအဝင် တပ်စခန်းတချို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်

သျှမ်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများအား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၈ ရက်)မှစပြီး မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းများအား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA မှ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး...

မူဆယ် ၁၀၅ မိုင် စစ်ရှောင်များကို ရက္ခိုင့်တပ်တော် ( AA) ဆန်ဝေ

သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ဘေးရှောင်များကို ကူညီပံ့ပိုးမှုအဖြစ် ရက္ခိုင့်တပ်တော် AA က ဆန်ဝေငှပေးခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၁၆ ရက် နေ့လည် (၁)နာရီခွဲခန့်မှ စတင်၍ ညနေ (၆)နာရီခန့်အထိ မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အနီးတဝိုက်ရှိ...

သျှမ်း-ကရင်နီနယ်စပ်တကြောရောက် စစ်ရှောင်များ နေထိုင်ရာအခက်ခဲဖြစ်

သျှမ်း- ကရင်နီပြည် နယ်စပ်တကြောမှ စစ်ဘေးတိမ်းရှောင်လာသူများ တိုးလာပြီး နေရာထိုင်ခင်း နှင့် စားဝတ်နေရေးအတွက်အခက်အခဲများကြုံတွေ့နေကြာင်း စုံစမ်းသိရသည်။ သျှမ်း -ကရင်နီပြည် နယ်စပ်တကြော တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ် နှင့် ကျေးရွာအချို့တွင် စစ်ရှောင်လာသူ ၃၀၀ ထက်မနည်း တိုးလာပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရကြောင်း...

စံကားအင်း ဒေသခံများကို စစ်ကောင်စီ နှင့် PNA စားသောက်စရာ အတင်းပို့ဆောင်ပေးခိုင်းနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တို့က ဒေသခံများကို ၎င်းတို့အတွက် စားသောက်စရာများ အတင်းပို့ဆောင်ခိုင်း နေကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ အတင်းခိုင်းစေမှုကြောင့် ဒေသခံများမှ ၎င်းတို့အတွက် စားသောက်စရာများ ပို့ဆောင် ပေးရသော်လည်း လုံခြုံရေး...

နမ္မတူမြို့နယ် မီတာခ TNLA စတင်ကောက်ခံ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တိုက်ခိုက်ထိန်းချုပ်ပြီးနောက်ပိုင်းတွင် လျှပ်စစ်မီး မီတာခများကို စတင်ကောက်ယူ နေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်တွင် နမ္မတူမြို့နယ်အတွင်း ထိန်းချုပ်နေရာယူထားသည့် တအာင်းတပ် (...

လားရှိုး နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် လားရှိုးမြို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”စတင်စဉ်ကတည်းက မန်ဆူသျှမ်းကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့် သိန္နီမြို့မှ လားရှိုးမြို့သို့ ထပ်မံတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ...

သျှမ်း-ကရင်နီ နယ်စပ် စစ်ကောင်စီ လက်နက်ကြီးပစ်ခက်မှု သံဃာတော်များ၊ဒေသခံများ စစ်ရှောင်နေရ

သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် သံဃာတော်များ နှင့် ဒေသခံများ စစ်ဘေး‌ရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်တကြော တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် လွိုင်လင်လေးမြို့နှင့် အနီးတဝိုက် ကျေးရွာမှ သံဃာတော်များနှင့် ဒေသခံများပါ ဇန်နဝါရီလ လစမှစ၍ စစ်ဘေး‌ရှောင်နေရပြီး...

တစ်ပူပေါ် နှစ်ပူဆင့်နဲ့ ကြုံတွေ့နေရသည့် ပင်လောင်းရှိ စစ်ရှောင်များ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် ဆောင်း၀င်ချိန်မှ စတင်ကာ ရေရှားပါးခြင်းဒဏ်ကို ခံစားနေရပြီး ထိုရေသုံးစွဲမှုမှ တဆင့် ကျန်းမာရေးထိခိုက်သူများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွင် လူဦးရေ (၃၅၀)ကျော်ခန့်ရှိပြီး အခြား နီးစပ်ရာရွာများနင့် ဘုန်းကြီးကျောင်းများတွင်လည်း စစ်ရှောင်ဦးရေ တစ်ထောင့်နှစ်ရာခန့် (၁၂၀၀) ရှိနေပြီ...

ကျောက်မဲမြို့ အမျိုးသားကို ညီနောင်မဟာမိတ်တပ်အတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်မှ အမျိုးသား တစ်ဦးကို မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ အတွက် ရိက္ခာဝယ်ယူပေးသူဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်မှ အသက် (၃၀)...

Latest news