မိုးမိတ်မြို့ မြို့မရဲစခန်းအပါအဝင် တပ်စခန်းတချို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်

သျှမ်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများအား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့နယ်

ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၈ ရက်)မှစပြီး မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းများအား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA မှ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်းအပါအဝင် တပ်စခန်းအချို့ကို ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်)က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ကတော့ မိုးမိတ်တပ်စခန်းတွေကို သိမ်းတယ်ဆိုတဲ့သတင်း ကျနော်တို့ ရထားပါတယ်။ ဒါပေမယ့် အောက်ခြေအချက်အလက် ပြည့်ပြည့်စုံစုံကတော့ ဘာမှမရသေးဘူး။ အဲ့ဖက်မှာ ကျနော်တို့လည်း ဖုန်းလိုင်းအဆက်အသွယ် အခက်ခဲအများကြီးရှိနေလို့လေ။ မြို့မစခန်းတို့၊ တပ်စခန်းတို့ သိမ်းလို့ရပြီဆိုတဲ့သတင်းလောက်ပဲ ကျနော်တို့ ကြားသိရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သျှမ်းသံတော်ဆင့်မှ မိုးမိတ်မြို့ကို တော်လှန်းရေးတပ်ဖွဲ့များက အလုံးစုံထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာလည်း စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းများကို နေရာယူထားသည့် အခြေအနေသာ ရှိသေးကြောင်း ဆက်ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်များမှ မိုးမိတ်မြို့မရဲစခန်းနှင့် တပ်စခန်းများကို KIA နှင့် PDF တို့ လာရောက်တိုက်ခဲ့၍ လေကြောင်းဖြင့် ပစ်ကူခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

မိုးမိတ်မြို့နယ်တွင် ခြေလျင်တပ်ရင်း ခလရ (၂၂၃)၊ ခလရ (၂၇၆) တပ်ရင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင် ခမရ ( ၃၄၈) တို့အပြင် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကွဲမှူဌာနချုပ် ဗျူဟာတစ်ခု တည်ရှိသည်။

ယင်းကဲ့သို့ မိုးမိတ်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကို အာကာ ကို သျှမ်းသံတော်ဆင့်မှမေးမြန်းရာမှာ “လောလောဆယ် ကျနော်ဖြေပေးလို့မရသေးဘူး” ဟု ဖြေကြားထားသည်။

လက်ရှိတွင် မိုးမိတ်မြို့တွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များ ရှိသကဲ့သို့ မြို့အဝင်၊ အထွက် ပိတ်ဆို့မှုကြောင့် တိုက်ပွဲကြား ပိတ်မိနေသူများလည်း ရှိနေဆဲပင် ဖြစ်သည်။

ထွက်ပြေးတိမ်ရှောင်နေရသူ ဒေသခံတစ်ဦးက “ကျနော်တို့ ထွက်ပြေးနေရတာ တစ်ပတ်လောက် ရှိတော့မယ်။ အခုမြို့ထဲမှာ ပိတ်မိနေသူများတယ်။ ထွက်လာလို့မရတဲ့သူတွေ များတယ်။ ဖုန်းလည်း ဆက်သွယ်လို့မရဘူး။ ဖုန်းလိုင်းပိတ်ထားတယ်။ လမ်းတွေပိတ်ထားတယ်”ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ တိုက်ပွဲကြား ပြည်သူပိတ်မိနေချိန် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးမိတ်ဈေးမီးလောင်တစ်ခုလုံး (ဇန်နဝါရီလ ၁၉ ရက်) ည၌ မီးလောင်သွားသည်။

အလားတူ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ (၅) မိုင်တပ်စခန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၈ မိုင်ရှိ ပိန်ပြစ်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ထို့အပြင် မိုးကုတ်နှင့် မိုးမိတ်ကြားရှိ တအာင်းတပ်ဖွဲ့ TNLA ရှိရာ (၈) မိုင်သို့ စစ်ကောင်စီက လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက် ၃ လက်သိမ်းဆည်းရမိကြောင်း ယနေ့ (ဇန်နဝါရီလ ၂၂ ရက်)က TNLA ထုတ်ပြန်ထားသည်။

ထို့အတူ မံစီမြို့နယ် မန်ဝန်းကြီးရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ ဝင်တိုက်ခိုက်ခဲ့၍ ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်)တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...