လားရှိုး နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် လားရှိုးမြို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”စတင်စဉ်ကတည်းက မန်ဆူသျှမ်းကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့် သိန္နီမြို့မှ လားရှိုးမြို့သို့ ထပ်မံတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း လားရှိုးမြို့မှ စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

“အခုက မန်ဆူသျှမ်းကျောင်းမှာ စစ်ဘေးရှောင်က လူဦးရေအားဖြင့် ၁၀၀၀ ကျော် ကျန်သေးတယ်။ ရေရှည်ဖြစ်လာတယ်ဆိုတော့ ဆန်က ခက်ခဲလာတယ် ။ အစပိုင်းတုန်းကတော့ လာလှူတဲ့လူများတယ်၊ အခုက ကူညီတဲ့လူ နည်းသွားပြီ။ ရိက္ခာကတော့ တဖြည်းဖြည်းနဲ့ နည်းလာပြီ၊ အဓိက လိုအပ်နေတာကတော့ ဆန်ပေါ့”ဟု လားရှိုးမြို့မှ စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇/၂၈ ရက်ကတည်းက စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် ရောက်ရှိလာပြီး လားရှိုးမြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့သည့် နိုဝင်ဘာလအတွင်း စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်အထိ လာရောက်ခိုလှုံခဲ့ရကြောင်း လားရှိုးမြို့ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲစဖြစ်ကတည်းက အခုထိဆိုရင် ၃ လ နီးပါးရှိပြီပေါ့။ အခုလက်ရှိကတော့ စစ်ဘေးရှောင် ၁၀၀၀ ကျော်ပဲ ကျန်တော့တယ်။ အိမ်ထောင်စုအားဖြင့် ၂၃၅ စု ရှိတယ်။ ကန်မိန်း၊ တာပုံ၊ ဟိုပိတ်၊ ရိပ်သာကျောင်း ဒီမှာရှောင်နေကြတာ မပါသေးဘူး။ သိန္နီကျောင်းခမ်းက စစ်ဘေးရှောင်တွေလဲ အကုန်လုံး မန်ဆူကျောင်းကို ရောက်နေတယ်၊ သူတို့က အိမ်လဲ မပြန်နိုင်ကြတော့ဘူးလေ”ဟု လားရှိုးမြို့ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ပထမအကြိမ် တွေ့ဆုံခဲ့ပြီးနောက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိလာပြီး မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းတို့တွင်သာ စုစည်းထားရှိရန် ညွှန်ကြားခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များမှာ တိုက်ပွဲကြားနေရပ်ပြန်သူနှင့် ဘေးလွတ်ကင်းရာသို့ ထပ်မံတိမ်းရှောင်သွားကြသည်ဟု လားရှိုးမြို့ဒေသခံများက ပြောသည်။

“တချို့စစ်ရှောင်တွေလည်း ကုန်းသာ၊ ဟိုနား၊ ပန်စုံ ဒီဘက်ရွာတွေက ပြန်သွားကြပေမယ့် အိမ်မှာ မနေရဲကြဘူး။ နှစ်ဘက်လုံးက ယာယီအပစ်ရပ်တယ် ပြောပြီး မြေပြင်မှာက နှစ်ဘက်တပ်တွေက နီးနီးကပ်ကပ် ရှိနေကြတာ။ တိုက်ပွဲထပ်ဖြစ်မှာ စိတ်ပူနေရတာပေါ့။ တချို့ကြတော့ ဘေးလွတ်မယ်ထင်တဲ့ နေရာကို ဆက်သွားကြတာလဲရှိတယ်”ဟု လားရှိုးမြို့မှ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇန်နဝါရီ ပထမပတ်ကလည်း ညီနောင်မဟာမိတ်တပ်များက လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လားရှိုးမြို့ဒေသခံ အများအပြားလည်း မြို့ဆက်လက်သိမ်းပိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်သောကြောင့် လားရှိုး-မိုင်းရယ်လမ်းမှတဆင့် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...