မိုးမိတ်မြို့စစ်ရှောင်များထံ စစ်ကောင်စီပစ္စည်းလုယက်နေ

သျှမ်းပြည် မိုးမိတ်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်လာစဥ် စစ်ကောင်စီ တပ်သားများက ပစ္စည်းလုယက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့ ပျက်စီးသွားသည့်နေအိမ်

ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်) နှစ်ရက်အတွင်း မြို့တွင်းတိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာစဉ် မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၉၉) မှ တပ်သားများမှ ခေါ်ယူစစ်ဆေးမေးမြန်းပြီး ပါလာသော ဒေသခံများ၏တန်းဖိုးကြီးပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြို့ထဲကရွှေဆိုင်ပိုင်ရှင်တစ်ဦး ရွှေတွေယူပြီး ထွက်ပြေးလာတာ။ မြို့ထဲမှာ စစ်ကောင်စီ တပ်သားတွေနဲ့ လာတိုးတာ။ သူပါလာသမျှရွှေတွေ အကုန်ယူသွားတယ်။ အဲ့အပြင် ပါလာတဲ့ ပိုက်ဆံတွေကော အကုန်ယူသွားတယ်။ ရွှေကတော့ ၃ ကျပ်သား ကျော်တယ်။ ငွေကတော့ ကျပ်သိန်း ၅၀၀ လောက် ပါသွားတယ်” ဟု ၎င်းကပြောသည်။

မိုးမိတ် နေအိမ်ပျက်စီးပုံ

ထို့အပြင် ဒေသခံများ၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်သားများသည် ညအချိန်တွင် ဝင်ရောက်ပြီး ပစ္စည်းမွှေယူနေသကဲ့သို့ အိမ်စောင့်နေသူများတွေ့လျှင် သေနတ်ဖြင့်ခြိမ်းခြောက်၊ ရိုက်နှက်ကာ ရွှေ၊ ငွေများ တောင်းယူခြင်းခံခဲ့ရကြောင်း ဆိုသည်။

အလားတူ ပစ္စည်းလုယက်ခံရသည့် ဒေသခံအမျိုးသားတစ်ဦးက “နားကပ်တွေ၊ လည်ဆွဲတွေ ဝတ်ထားလို့ မရဘူး။ စစ်ကောင်စီ တပ်သားတွေ တွေ့ရင်ချွတ်တာ။ ပြီးတော့ အိတ်ထဲဘာပါလည်း နှိုက်တယ်။ ပါလာတာတွေ အကုန်ယူသွားတာ” ဟု ဆိုပြန်သည်။

မိုးမိတ်မြို့နယ်တွင် ခြေလျင်တပ်ရင်း ခလရ (၂၂၃)၊ ခလရ (၂၇၆) တပ်ရင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၄၈) နှင့် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကွဲမှူဌာနချုပ် ဗျူဟာတစ်ခုရှိရာမှ တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီ တပ်မ (၉၉)သည် အင်အားဖြည်တင်းသည့်အနေဖြင့် ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိ မိုးမိတ်မြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီ၏ မြို့မရဲစခန်း၊ တပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ PDFပူးပေါင်းတပ်ဖွဲ့ တို့ သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများက ထွက်ပြေးကာ မိုးမိတ်မြို့ ရွှေဂူကျောင်း၊ ရွှေကြာပင်ကျောင်း စသည့်ဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် ဝင်ရောက်နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။

ယင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးများလည်း လက်ရှိတွင် မန်အုံရွာ၊ မိုးဘုံရွာ၊ မန်ကျည်းပင်ရွာ၊ ကင်းချောင်းရွာ၊ သစ်ဆိမ့်ကုန်း စသည့်ကျေးရွာများရှိ ဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံနေရသည်။

“အခုစစ်ဘေးရှောင်တွေတော့ အထက်ပိုင်း၊ အောက်ပိုင်း ဘုန်းတော်ကြီးကျောင်းတွေမှာ ရှောင်နေရတယ်။ စစ်ဘေးရှောင်ဦးရေ အသိအကျမသိရသေးဘူး။ မိုးဘုံမှာဆိုရင်တော့ ပုဗ္ဗာရုံကျောင်း ကိုယ်ရင်လေးတွေ၊ လူတွေနဲ့ဆိုရင် ရာချီရှိလောက်တယ်။ အခုစားနပ်ရိက္ခာတွေ လိုအပ်နေတယ်”ဟု စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ရက်သတ္တပတ် ၁ ပတ်အကြာတိုက်ပွဲကြောင့် ပြည်သူ ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...