Tuesday, January 27, 2026

သျှမ်း-ကရင်နီနယ်စပ်တကြောရောက် စစ်ရှောင်များ နေထိုင်ရာအခက်ခဲဖြစ်

သျှမ်း- ကရင်နီပြည် နယ်စပ်တကြောမှ စစ်ဘေးတိမ်းရှောင်လာသူများ တိုးလာပြီး နေရာထိုင်ခင်း နှင့် စားဝတ်နေရေးအတွက်အခက်အခဲများကြုံတွေ့နေကြာင်း စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်

သျှမ်း -ကရင်နီပြည် နယ်စပ်တကြော တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ် နှင့် ကျေးရွာအချို့တွင် စစ်ရှောင်လာသူ ၃၀၀ ထက်မနည်း တိုးလာပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရကြောင်း ‌ဒေသခံများက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“နေ့တိုင်းတိုးနေတာပဲ။ နေရာအစုံရောက်နေကြတော့ ကျနော်တို့တောင်လက်လမ်းမမှီတော့ဘူး။ စားဝတ်နေရေး အတွက်ကြတော့ အလှူရှင်တွေပါးတော့ မလောက်၊မငှ ဖြစ်နေတာပေါ့။ နေရာတွေပျံ့နေကြတော့ လိုက်မကြည့်နိုင်ဘူး အခက်အခဲတော့ရှိတာပေါ့။”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

နေရာထိုင်ခင်းအတွက် ဝါးများဝယ်ကာ အဆင်ပြေသကဲ့သို့ တဲဆောက်၍နေထိုင် သူများလည်းရှိနေပြီး၊ စားဝတ်နေရေးအတွက် ကြုံရာအလုပ်လုပ်ကာ ရှာဖွေစားသောက်နေရကြောင်း စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြေးလာတာဘာမှ မပါလာတာရှိတယ်။အဝတ်အထည်တွေက ဒီကနေတချို့ပေးတယ်။တချို့ တွေကြတော့ နေရာတွေပြည့်တော့ ကိုယ်ဟာကို ဝါးဝယ်ပြီး တဲ တွေဆောက်ပြီးနေတာတွေရှိတယ်။မြေကတော့ သူတို့ သတ်မှတ်ပေးတဲ့နေရာပေါ့။ချဲ့လို့တော့ မရတော့ဘူး။ခုတော့ ပြောင်းလေးလိုက်ချိုး နေရလို့နည်းနည်း အဆင်ပြေသေးတယ် ဒီပြောင်းဖူးပြီးသွားရင်တော့ စိတ်ပူရတာပေါ့။အကြာကြီးနရမှာဆိုတော့ ရှိတာလေး တွေတော့ဆက်လုပ်ရမှာပဲ။” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“၁၁.၁၁”စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ်တကြောမှ စစ်ရှောင်များသည် ဘုရားစောင်းတန်း ၊ ဘုန်းကြီးကျောင်းများ၊ ဇရပ်များနှင့် နီးစပ်ရာဆွေမျိုးအိမ်းများ အိမ်ငှားနေသူများ အဆင်ပြေသလို ခင်းကျဉ်းနေထိုင်ကြသည်။

လက်ရှိ ဆီဆိုင်မြို့သို့စစ်ဘေးရှောင်လာသူ သုံး သောင်းကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...