သျှမ်း-ကရင်နီနယ်စပ်တကြောရောက် စစ်ရှောင်များ နေထိုင်ရာအခက်ခဲဖြစ်

သျှမ်း- ကရင်နီပြည် နယ်စပ်တကြောမှ စစ်ဘေးတိမ်းရှောင်လာသူများ တိုးလာပြီး နေရာထိုင်ခင်း နှင့် စားဝတ်နေရေးအတွက်အခက်အခဲများကြုံတွေ့နေကြာင်း စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်

သျှမ်း -ကရင်နီပြည် နယ်စပ်တကြော တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ် နှင့် ကျေးရွာအချို့တွင် စစ်ရှောင်လာသူ ၃၀၀ ထက်မနည်း တိုးလာပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရကြောင်း ‌ဒေသခံများက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“နေ့တိုင်းတိုးနေတာပဲ။ နေရာအစုံရောက်နေကြတော့ ကျနော်တို့တောင်လက်လမ်းမမှီတော့ဘူး။ စားဝတ်နေရေး အတွက်ကြတော့ အလှူရှင်တွေပါးတော့ မလောက်၊မငှ ဖြစ်နေတာပေါ့။ နေရာတွေပျံ့နေကြတော့ လိုက်မကြည့်နိုင်ဘူး အခက်အခဲတော့ရှိတာပေါ့။”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

နေရာထိုင်ခင်းအတွက် ဝါးများဝယ်ကာ အဆင်ပြေသကဲ့သို့ တဲဆောက်၍နေထိုင် သူများလည်းရှိနေပြီး၊ စားဝတ်နေရေးအတွက် ကြုံရာအလုပ်လုပ်ကာ ရှာဖွေစားသောက်နေရကြောင်း စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြေးလာတာဘာမှ မပါလာတာရှိတယ်။အဝတ်အထည်တွေက ဒီကနေတချို့ပေးတယ်။တချို့ တွေကြတော့ နေရာတွေပြည့်တော့ ကိုယ်ဟာကို ဝါးဝယ်ပြီး တဲ တွေဆောက်ပြီးနေတာတွေရှိတယ်။မြေကတော့ သူတို့ သတ်မှတ်ပေးတဲ့နေရာပေါ့။ချဲ့လို့တော့ မရတော့ဘူး။ခုတော့ ပြောင်းလေးလိုက်ချိုး နေရလို့နည်းနည်း အဆင်ပြေသေးတယ် ဒီပြောင်းဖူးပြီးသွားရင်တော့ စိတ်ပူရတာပေါ့။အကြာကြီးနရမှာဆိုတော့ ရှိတာလေး တွေတော့ဆက်လုပ်ရမှာပဲ။” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“၁၁.၁၁”စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ်တကြောမှ စစ်ရှောင်များသည် ဘုရားစောင်းတန်း ၊ ဘုန်းကြီးကျောင်းများ၊ ဇရပ်များနှင့် နီးစပ်ရာဆွေမျိုးအိမ်းများ အိမ်ငှားနေသူများ အဆင်ပြေသလို ခင်းကျဉ်းနေထိုင်ကြသည်။

လက်ရှိ ဆီဆိုင်မြို့သို့စစ်ဘေးရှောင်လာသူ သုံး သောင်းကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...