စံကားအင်း ဒေသခံများကို စစ်ကောင်စီ နှင့် PNA စားသောက်စရာ အတင်းပို့ဆောင်ပေးခိုင်းနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တို့က ဒေသခံများကို ၎င်းတို့အတွက် စားသောက်စရာများ အတင်းပို့ဆောင်ခိုင်း နေကြောင်း စုံစမ်းသိရသည်။

စံကားမြို့

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ အတင်းခိုင်းစေမှုကြောင့် ဒေသခံများမှ ၎င်းတို့အတွက် စားသောက်စရာများ ပို့ဆောင် ပေးရသော်လည်း လုံခြုံရေး နှင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမိန့်နဲ့ လာတာမို့လို့ သူတို့ခိုင်းတဲ့ အတိုင်းလုပ်ဆောင်ပေးရတယ်ဆိုပေမဲ့ PDF တွေ ရန်ပြုမှာကိုလည်း ကြောက်ရတယ်။ ကျနော်တို့ ရွာသားတွေက သူတို့ခိုင်းတဲ့ အတိုင်းသာ လုပ်ပေးရတာလေ။ ဒါကို PDF တွေ နားမလည်ပြီး ရန်ပြုလာရင် နစ်နာခံ ရမှာက ကျနော်တို့ ရွာသားတွေပဲ ဖြစ်ကြမယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စံကားအင်းဒေသသည် သျှမ်း-ကယားနယ်စပ် ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းဖြင့်လည်း ဆက်သွယ်သွားလာနိုင်သည့် အတွက် အာဏာသိမ်း စစ်ကောင်စီ နှင့် PNA တပ်သားများက စစ်ဆေးရေးဂိတ် ပြုလုပ်ကာ ဖြတ်သန်းသွားလာ ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်းလည်းသိရသည်။

လက်ရှိအချိန်၌ စံကားအင်းဒေသမှ ပြည်သူများသည် အလှည့်ကျ စနစ်ဖြင့် စစ်ကောင်စီ တပ်သား နှင့် PNA စစ်သားများအတွက် ထမင်း နှင့် သောက်စရာ ရေဗူးများကို ပို့ဆောင်ပေးနေကြောင်း အထက်ပါ အမျိုးသား က ဆက်ပြောသည်။

“တစ်နေ့ကို နှစ်အိမ် / သုံးအိမ် စုပြီး သူတို့အတွက် ချက်ပြုတ်ပြီးတော့ အလှည့်ကျပို့ပေးရတာပေါ့။ ချက်ပေးမယ် လာယူပါဆိုလည်း မဟုတ်ဘူး ၊ သွားပို့ပေးရတာတဲ့။ အဲ့ကြောင့် လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်ရတာ။ သွားရင်း လာရင်း တစ်ခုခု ဖြစ်ရင် ဘယ်သူတာဝန်ယူပေးမလဲ။” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စံကားအင်းဒေသ ခေါ် စံကားမြို့သည် အင်းလေးကန်၏ တောင်ဘက် မိုင်(၄၀) အကွာတွင် တည်ရှိနေခြင်း ဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO) များစစ်ဆေးမှုတင်းကြပ်သည့်အပြင် မကြာခဏဆိုသလို မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး ပိုက်ဆံတောင်းမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...