စံကားမြို့
စံကားမြို့ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို စစ်ကောင်စီက သိမ်းဆည်း
သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားမြို့ရှိ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို နန်းပန်မြို့ ဂိတ်ရှိ စစ်ကောင်စီတပ်သားများက သိမ်းယူသွားခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ မေလ၅ရက်နေ့တွင် သိမ်းယူသွားခြင်းဖြစ်ပြီး ယင်းဆန်အိတ်များကို ကမ္ဘာစားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (WFP)က စံကားမြို့ရှိ စစ်ရှောင်များအတွက် ကူညီထားကြောင်း သိရသည်။ " လုံးကန်အုပ်စု ကWFP လှူတဲ့ဆန်က ညောင်ရွှေကနေတင်လာတာ နန်းပန်ဂိတ်ကဖမ်းထားတယ်။ကားသမားတော့မဖမ်းဘူး။...
စံကားအင်း ဒေသခံများကို စစ်ကောင်စီ နှင့် PNA စားသောက်စရာ အတင်းပို့ဆောင်ပေးခိုင်းနေ
သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တို့က ဒေသခံများကို ၎င်းတို့အတွက် စားသောက်စရာများ အတင်းပို့ဆောင်ခိုင်း နေကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ အတင်းခိုင်းစေမှုကြောင့် ဒေသခံများမှ ၎င်းတို့အတွက် စားသောက်စရာများ ပို့ဆောင် ပေးရသော်လည်း လုံခြုံရေး...





