နမ္မတူမြို့နယ် မီတာခ TNLA စတင်ကောက်ခံ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တိုက်ခိုက်ထိန်းချုပ်ပြီးနောက်ပိုင်းတွင် လျှပ်စစ်မီး မီတာခများကို စတင်ကောက်ယူ နေကြောင်း စုံစမ်း သိရသည်။

နမ္မတူမြို့

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်တွင် နမ္မတူမြို့နယ်အတွင်း ထိန်းချုပ်နေရာယူထားသည့် တအာင်းတပ် ( TNLA) က ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး မီတာခများကို ၎င်းတို့မှ စတင်ကောက်ယူသွားတော့မည်ဟု ပြောဆိုခဲ့ ကြောင်း လုံခြုံရေး အရ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကကတော့ ရပ်ကျေး ဥက္ကဌတွေ၊ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေအားလုံးကို စုခေါ်ပြီး အစည်းအဝေး လုပ်တာ ။ သူတို့ ပြောတာ မီတာခကို ဒီလ ကစ သူတို့က စကောက်သွားတော့မယ်တဲ့ ၊ (၂) လပိုင်းကုန်တဲ့ အထိ တစ်အိမ် ကို မြန်မာငွေကျပ် (၅၀၀၀) ကောက်မယ်၊ အဲ့ဒီနောက်မှာတော့ ယူနစ်ပေါ် မူတည်ပြီး ကောက်ယူ သွားမှာလို့ ပြောတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မီတာခများကို တအာင်းတပ် (TNLA) မှ တစ်လလျှင် တစ်အိမ် (၅၀၀၀) ကျပ်ဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး လက်ရှိ၌ လျှပ်စစ်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများကိုလည်း ၎င်းတို့၏ လူဖြင့် အစားထိုးခန့်အပ်မှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် အစည်းအဝေး၌ TNLA မှ နမ္မတူမြို့အတွင်းရှိ ကျေးရွာများကို တစ်ရွာလျှင် အိမ်ခြေ အနည်းဆုံး (၁၀၀) ရှိအောင် ပြန်လည်ဖွဲ့စည်း တည်ဆောင်သွားမည့် အကြောင်းလည်း ပြောဆိုခဲ့ကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တစ်ရွာကို အိမ်ခြေ (၁၀၀) ရှိအောင် လုပ်ရမယ်တဲ့၊ နီးစပ်တဲ့ ကျေးရွာ ၂/၃ ရွာ ဖြစ်ဖြစ်၊ ၃/၄ ရွာဖြစ်ဖြစ် စုပေါင်းပြီး တစ်ရွာကို အိမ်ခြေ (၁၀၀) ရှိအောင် လုပ်ရမယ်တဲ့၊ အဲ့မှာ ဒေသခံတွေကတော့ ကန့်ကွက်ပါတယ်။ မိမိတို့ရွာကို ဖျက်သိမ်း ပြောင်းရွှေ့ပြီးဖို့က မလွယ်တဲ့ ကိစ္စဖြစ်တယ်လေ” ဟု အစည်းအဝေး သွားတက်သည့် အသက် ၄၀ကျော် အမျိုးသားတစ်ဦး ကထပ်လောင်းပြောသည်။

နမ္မတူမြို့အတွင်းရှိ ကျေးရွာ/ အုပ်စု အများစုသည် အိမ်ခြေ ၃၀ မှ ၇၀ ဝန်းကျင်အထိသာ ရှိကြသည့်အတွက် အိမ်ခြေ (၁၀၀) ပြည့်ရန် ကျေးရွာများ စုပေါင်းနိုင်ရေးအတွက် ကျေးရွာအကွာအဝေး၊ တည်ရှိမှု အခြေအနေများတို့ကြောင့် မလွယ်ကူကြောင်း ဒေသခံများက ဆက်ပြောသည်။

တအာင်းတပ် (TNLA) သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နမ္မတူမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းယူပြီး နမ္မတူမြို့တွင်း နေရာယူ ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ အကြောင်းအရာများ နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် အတွက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...