စစ်ရှောင်
မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာ
မြန်မာ-တရုတ်နယ်စပ်ဒေသတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ပွဲစားမျာကအလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေးခေါ်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာနေကြောင်း သိရသည်။ သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်စပ်ဒေသခံများအပါအဝင် စစ်ဘေးရှောင်များသည် အလုပ်လုပ်ကိုင်ရန်အတွက် မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) သော်လည်းကောင်း၊ ယာယီလက်မှတ် စာအုပ်နီသော်လည်းကောင်း ပြုလုပ်ပြီး တရုတ်ပြည်သို့သွားရောက်အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ “အလုပ်ရမယ်၊ အလုပ်ပေးမယ်ခေါ်ပြီးတော့...
နောင်ချို တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်ဘေးရှောင်များ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေ
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှ စ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ...
ဆီဆိုင်တောတောင်ထဲရှောင်နေရသော စစ်ရှောင်များ ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊တောတောင်ဖက်ရှောင်နေရသော စစ်ရှောင်များသည် ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။ သျှမ်းတောင်တွင် ဒေသခံစစ်ရှောင် ၇သောင်းကျော်နှင့် ကရင်နီစစ်ရှောင်၃သောင်းကျော် စုစုပေါင်းစစ်ဘေးရှောင် ၁သိန်းကျော်ရှိပြီး စစ်ရှောင်အများစု သည် တောထဲ၊တောင်ထဲသာ ရှောင်နေရကြောင်း သိရသည်။ "အရင်ကက္ကူဖက်၊ဟိုပုံးမြို့ဖက် ရှောင်ပေမယ့်် PNO တွေ အိမ်ပြန်ခိုင်းတယ်။တိုက်ပွဲဖြစ်နေသေးတော့ အိမ်လည်း မပြန်ရဲဘူး သူတို့ကိုလည်း ကြောက်တော့ တောဘက်ပဲပြန်နေကြတာ"...
စံကားမြို့ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို စစ်ကောင်စီက သိမ်းဆည်း
သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားမြို့ရှိ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို နန်းပန်မြို့ ဂိတ်ရှိ စစ်ကောင်စီတပ်သားများက သိမ်းယူသွားခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ မေလ၅ရက်နေ့တွင် သိမ်းယူသွားခြင်းဖြစ်ပြီး ယင်းဆန်အိတ်များကို ကမ္ဘာစားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (WFP)က စံကားမြို့ရှိ စစ်ရှောင်များအတွက် ကူညီထားကြောင်း သိရသည်။ " လုံးကန်အုပ်စု ကWFP လှူတဲ့ဆန်က ညောင်ရွှေကနေတင်လာတာ နန်းပန်ဂိတ်ကဖမ်းထားတယ်။ကားသမားတော့မဖမ်းဘူး။...
ပင်လောင်းမြို့၊ နန်းတုတ်ရွာ စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၃လုံးနှင့် မီးတိုင်များပျက်စီး
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လူနေအိမ်သုံးလုံးနှင့် ကျေးရွာရှိ မီးတိုင်များ ထိမှန်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။ မေလ၁၀ရက် နေ့လည် ၂နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီရီးလက်နက်ကြီးတပ်မှ ပစ်ခတ်တိုက်ခတ်လာခဲ့ပြီး လူနေအိမ် များကို ထိခိုက်ပျက်စီးပြီးနောက် ရွာသားလည်း ဘေးလွှတ်ရာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ "လူထိခိုက်တာတော့မရှိဘူး။ အိမ်သုံးလုံးနဲ့...
စစ်ရှောင်ကူညီသူ အမျိုးသား နှစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ် သတ်ဖြတ်
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊နောင်ရင်းရွာနေ ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန် တို့သည် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်း အမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံထံမှသိရသည်။ ယနေ့ (မေလ ၁၀)ရက် နံနက်အစေားပိုင်တွင် စစ်ရှောင်နေသူဖြစ်သကဲ့သို့ စစ်ရှောင်များကိုလည်းကူညီနေသည့် ခွန်ဇာခွန်တို့ညီအစ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက နောင်ရွာခေါ်ပြန်ခဲ့ပြီး အရောက်တွင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း...
ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့်
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာ (ထီဗွာကျေးရွာ) မှ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့် နေသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “တရားမဝင်ပြည်ဖျက် မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာ...
ဆိုက်ခေါင်ကျေးရွာရောက် စစ်ရှောင် ၃ထောင်ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၊တောင်ကျောင်းကြီးဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ တောင်ကျောင်းကြီးတွင် ရှိရင်း စစ်ရှောင် တစ်ထောင်နီးပါးရှိပြီး ယခု မေလ၇ရက် တွင် ထပ်မံပြီး ၂ထောင်ကျော် အသစ်ထပ်မံရောက်လာသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ "ဘုန်းကြီးကျောင်းမှာနေတယ်။အလှူရှင်လည်း တစ်နေ့ရှိ တစ်နေ့မရှိပါဘဲ။ခုလည်း ရုတ်တရက် များလာတော့ စားနပ်ရက္ခာ...
အောင်ပန်းမြို့ ရေရှားပါးမှု ပိုဖြစ်လာ
သျှမ်းပြည် အောင်ပန်းမြို့တွင် ရေရှားပါးမှုကြောင့် ရပ်ကွက် အချို့နှင့် စစ်ဘေးရှောင် နေရာအချို့ ရေအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ သျှမ်းပြည် အောင်ပန်းမြို့တွင် မတ်လ နောက်ဆုံးပတ်မှ စ၍ ယခု မေလထိ မြို့ဟောင်းရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ကောင်းမူတော်ဘုန်းကြီးကျောင်း စသည့် ရပ်ကွက်နှင့် စစ်ဘေးရှောင်နေရာ အချို့တွင် ရေရှားပါမှု အခက်အခဲများ...
သျှမ်းပြည်တောင်ပိုင်း ၁ပတ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ထပ်တိုး
သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၁ ပတ်အတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီး အကြိမ် ၁၀၀ ထပ်မနည်းပစ်ခတ်ပြီး စစ်ဘေးရှောင် တစ်ထောင်ကျော် တိုးလာပြီးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီမှ ၁ ပတ်အတွင် လက်နက်ကြီး ပတ်ခတ်မှု...






