စစ်ရှောင်
နောင်ချို တကျော့ပြန်တိုက်ပွဲ တစ်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦးသေဆုံး
သျှမ်းပြည် နောင်ချိုမြို့နယ် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၆ ရက်) ည ၉ နာရီကျော်ခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း...
ဟိုပုံးမြို့နယ် စစ်ကောင်စီဂိတ် ငွေညှစ်တောင်းနေ
သျှမ်းပြည် ဟိုပုံးမြို့ နှင့် နမ့်ခုတ်ကျေးရွာကြားရှိ ပအိုဝ်းပြည်သူ့စစ် (PNO နှင့် စစ်ကောင်စီတို့ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ နှင့် နမ့်ခုတ် ကျေးရွာကြာရှိ PNO နှင့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လမှစ၍ စစ်ဆေးတင်းကြပ်ပြီး ငွေကြေး...
ဆီဆိုင်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရ
သျှမ်းပြည် ဆီဆိုင်မြို့ တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦနှင့် မိသားစုဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ သီရိရပ်ကွက် နယ်မြေ ၃ တွင် မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင်...
ပင်လောင်းမြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ် ဗန်မောက်ကျေးရွာရှိ ကရင်နီဘက်မှ ရောက်ရှိလာသည့်စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာမှစ၍ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရပြီး၊လက်ရှိတွင် အနီးအနားရွာတွင် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ များ ဝယ်ယူရန် လမ်းကြောင်းများ သွားလာခက်ခဲနေကြောင်း...
သျှမ်းးတောင် နှစ်ပတ်တိုက်ပွဲအတွင်း အရပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် တောင်ပိုင်း နှစ်ပတ်အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီ၏ လက်နက်ကြီးများ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ညောင်ရွှေမြို့နယ်၊ဟိုပုံးမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင် ခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံများသည် သွားလာရာလမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ မိုင်းနင်းမိခြင်း၊ ကြွင်းကျန် လက်နက်ကြီး...
မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာ
မြန်မာ-တရုတ်နယ်စပ်ဒေသတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ပွဲစားမျာကအလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေးခေါ်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာနေကြောင်း သိရသည်။ သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်စပ်ဒေသခံများအပါအဝင် စစ်ဘေးရှောင်များသည် အလုပ်လုပ်ကိုင်ရန်အတွက် မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) သော်လည်းကောင်း၊ ယာယီလက်မှတ် စာအုပ်နီသော်လည်းကောင်း ပြုလုပ်ပြီး တရုတ်ပြည်သို့သွားရောက်အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ “အလုပ်ရမယ်၊ အလုပ်ပေးမယ်ခေါ်ပြီးတော့...
နောင်ချို တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်ဘေးရှောင်များ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေ
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှ စ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ...
ဆီဆိုင်တောတောင်ထဲရှောင်နေရသော စစ်ရှောင်များ ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊တောတောင်ဖက်ရှောင်နေရသော စစ်ရှောင်များသည် ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။ သျှမ်းတောင်တွင် ဒေသခံစစ်ရှောင် ၇သောင်းကျော်နှင့် ကရင်နီစစ်ရှောင်၃သောင်းကျော် စုစုပေါင်းစစ်ဘေးရှောင် ၁သိန်းကျော်ရှိပြီး စစ်ရှောင်အများစု သည် တောထဲ၊တောင်ထဲသာ ရှောင်နေရကြောင်း သိရသည်။ "အရင်ကက္ကူဖက်၊ဟိုပုံးမြို့ဖက် ရှောင်ပေမယ့်် PNO တွေ အိမ်ပြန်ခိုင်းတယ်။တိုက်ပွဲဖြစ်နေသေးတော့ အိမ်လည်း မပြန်ရဲဘူး သူတို့ကိုလည်း ကြောက်တော့ တောဘက်ပဲပြန်နေကြတာ"...
စံကားမြို့ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို စစ်ကောင်စီက သိမ်းဆည်း
သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားမြို့ရှိ စစ်ရှောင်များအတွက် သယ်လာသည့် ဆန်အိတ်၉၀၀ကို နန်းပန်မြို့ ဂိတ်ရှိ စစ်ကောင်စီတပ်သားများက သိမ်းယူသွားခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ မေလ၅ရက်နေ့တွင် သိမ်းယူသွားခြင်းဖြစ်ပြီး ယင်းဆန်အိတ်များကို ကမ္ဘာစားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (WFP)က စံကားမြို့ရှိ စစ်ရှောင်များအတွက် ကူညီထားကြောင်း သိရသည်။ " လုံးကန်အုပ်စု ကWFP လှူတဲ့ဆန်က ညောင်ရွှေကနေတင်လာတာ နန်းပန်ဂိတ်ကဖမ်းထားတယ်။ကားသမားတော့မဖမ်းဘူး။...
ပင်လောင်းမြို့၊ နန်းတုတ်ရွာ စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၃လုံးနှင့် မီးတိုင်များပျက်စီး
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လူနေအိမ်သုံးလုံးနှင့် ကျေးရွာရှိ မီးတိုင်များ ထိမှန်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။ မေလ၁၀ရက် နေ့လည် ၂နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီရီးလက်နက်ကြီးတပ်မှ ပစ်ခတ်တိုက်ခတ်လာခဲ့ပြီး လူနေအိမ် များကို ထိခိုက်ပျက်စီးပြီးနောက် ရွာသားလည်း ဘေးလွှတ်ရာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ "လူထိခိုက်တာတော့မရှိဘူး။ အိမ်သုံးလုံးနဲ့...





