ဆီဆိုင်စစ်ရှောင်များ နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟု စစ်ကောင်စီပြော

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မှ ထွက်ပြေးလာသည့် စစ်ရှောင်များနေရပ်သို့ မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟု မေလဆန်းပိုင်းတွင် စစ်ကောင်စီမှ ပြောဆိုသဖြင့် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်နေရကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်( PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲကြောင့် ဒေသခံများသည် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

ဆီဆိုင်မြို့နယ် အပျက်အစီး

ထို့ကြောင့် လက်ရှိမှာ တောင်ကြီးမြို့သို့ စစ်ရှောင်လာသော ဆီဆိုင်မြို့စစ်ရှောင်များကို စစ်ကောင်စီမှ နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် သတင်းကြောင့် စိုးရိမ်ထိတ်လန့်မှုဖြင့် ပြန်နေရကြောင်း ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆီဆိုင်က ကလေးတွေအကုန် ကျောင်းပြန်အပ်ရမယ်ပြောတယ်။ ကျောင်းပြောင်းခွင့်လည်း မပေးဘူး ပြန်မလာရင် နေအိမ်တွေ အကုန်ချိတ်ပိတ်မယ်ဆိုလို့ အကုန်ပြန်ကုန်ကြပြီ”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို့အပြင် ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပြီး (၃)လအတွင်း စစ်ကောင်စီဖိ အားပေးမှုကြောင့် နေရပ်သို့ပြန်ကြရာတွင် နေအိမ် အများအပြား ပျက်စီးပြီး အချို့ အိမ်ခေါင်မိုးများမရှိသောကြောင့် ဖြစ်သလိုနေကြရကြောင်း ဆီဆိုင် စစ်ရှောင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ဆီဆိုင် စစ်ရှောင်

“အခု အိမ်ခေါင်မိုးတွေမရှိတော့လို့ မိုးကာတွေအုပ်ပြီးနေရတယ် တစ်ချို့ကျတော့ အသိအိမ်တွေမှာ နေနေရတာပေါ့” ဟု ၎င်းစစ်ရှောင်အမျိုးသားက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်များတွင် စစ်ဘေးရှောင်အရပ်သားများကို ဖိအားပေးပြီးပြန်ခိုင်းသည့် ဖြစ်စဉ်အများအပြားရှိပြီး ဒဏ်ကြေးရခြင်း ပိုင်ဆိုင်မှုများ သိမ်းယူခံရခြင်း၊ ခြိမ်းခြောက်မှုများကြောင့် နေရပ်သို့ ပြန်နေရကြောင်း Pa-O Youth Organization မှ မေလ ၁၃ရက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး သျှမ်းတောင်တိုက်ပွဲ ၃လတာကာလအတွင်း စစ်ဘေးရှောင်ဦးရေ (၆)သောင်းအထက်ရှိကြောင်းသိရသည်။


သျှမ်းတောင် စစ်ပွဲအတွင်းတွင် သေဆုံးသူ (၆၉)ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ အရပ်သား(၉၈)ဦး ရှိသည် ထိုထဲမှ (၁၇)ဦးသည် နေရပ်ပြန်ရင်းစစ်ပွဲ အကြွင်းအကျန်လက်နက်ထိမှန် ကြောင်းသိရသည် ။

အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...