Wednesday, January 28, 2026

ဆီဆိုင်တောတောင်ထဲရှောင်နေရသော စစ်ရှောင်များ ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊တောတောင်ဖက်ရှောင်နေရသော စစ်ရှောင်များသည် ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။

သျှမ်းတောင်တွင် ဒေသခံစစ်ရှောင် ၇သောင်းကျော်နှင့် ကရင်နီစစ်ရှောင်၃သောင်းကျော် စုစုပေါင်းစစ်ဘေးရှောင် ၁သိန်းကျော်ရှိပြီး စစ်ရှောင်အများစု သည် တောထဲ၊တောင်ထဲသာ ရှောင်နေရကြောင်း သိရသည်။

“အရင်ကက္ကူဖက်၊ဟိုပုံးမြို့ဖက် ရှောင်ပေမယ့်် PNO တွေ အိမ်ပြန်ခိုင်းတယ်။တိုက်ပွဲဖြစ်နေသေးတော့ အိမ်လည်း မပြန်ရဲဘူး သူတို့ကိုလည်း ကြောက်တော့ တောဘက်ပဲပြန်နေကြတာ” ဟု ဆီဆိုင်မြို့စစ်ရှောင်အမျိုးသမီးတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ရှောင်အများစုသည် ဆေးဆိုင်၊ဆေးရုံ၊ဆေးခန်းမရှိသည့်တောဘက်သာ ရှောင်ရနေရခြင်းကြောင့် ကျန်မာရေးစောင့်ရှောက်မှုမရသည့်အပြင် စားနပ်ရိက္ခာများ အကူအညီရရှိနိုင်ရန်လည်း အခက်ခဲများစွာရှိကြောင်း သိရသည်။

“တောထဲရှောင်သူတွေက ကျန်းမာရေးကူညီစောင့်ရှောက်မှု လုံးလုံးမရရှိနေတာကို သွားတွေ့ရတယ်။ မိုးလုံလေလုံ အခင်းအကျင်းတောင် မရှိနေတာကို သွားတွေ့ရတယ်။ မိုးရာသီရောက်လာတော့မယ်ဆိုတော့ အခက်ခဲများစွာရင်ဆိုင်ကြရတော့မယ်ဖြစ်ပါတယ်။ တောထဲရှောင်သူများသည် စားနပ်ရိက္ခာအကူညီရရှိရန်အတွက် အတော်ခက်ခဲကြပါတယ်။ “ဟု ပအိုဝ်းလူငယ်အစည်းအရုံးPYOမှ တာဝန်ရှိသူမနန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် စစ်ရှောင်ရင်းကောင်းမွန်စွာဆေးကုသခွင့် မရခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရခြင်းတို့ကြောင့် မွေးကင်စ ကလေးငယ်၃ဦးလည်း သေဆုံးခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။

သျှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ရက်အတွင်းတွင် အရပ်သား၆၉ဦး သေဆုံးခဲ့ရပြီး၊၉၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးPYOထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...