ဆီဆိုင်တောတောင်ထဲရှောင်နေရသော စစ်ရှောင်များ ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊တောတောင်ဖက်ရှောင်နေရသော စစ်ရှောင်များသည် ဆေးဝါး၊စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။

သျှမ်းတောင်တွင် ဒေသခံစစ်ရှောင် ၇သောင်းကျော်နှင့် ကရင်နီစစ်ရှောင်၃သောင်းကျော် စုစုပေါင်းစစ်ဘေးရှောင် ၁သိန်းကျော်ရှိပြီး စစ်ရှောင်အများစု သည် တောထဲ၊တောင်ထဲသာ ရှောင်နေရကြောင်း သိရသည်။

“အရင်ကက္ကူဖက်၊ဟိုပုံးမြို့ဖက် ရှောင်ပေမယ့်် PNO တွေ အိမ်ပြန်ခိုင်းတယ်။တိုက်ပွဲဖြစ်နေသေးတော့ အိမ်လည်း မပြန်ရဲဘူး သူတို့ကိုလည်း ကြောက်တော့ တောဘက်ပဲပြန်နေကြတာ” ဟု ဆီဆိုင်မြို့စစ်ရှောင်အမျိုးသမီးတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ရှောင်အများစုသည် ဆေးဆိုင်၊ဆေးရုံ၊ဆေးခန်းမရှိသည့်တောဘက်သာ ရှောင်ရနေရခြင်းကြောင့် ကျန်မာရေးစောင့်ရှောက်မှုမရသည့်အပြင် စားနပ်ရိက္ခာများ အကူအညီရရှိနိုင်ရန်လည်း အခက်ခဲများစွာရှိကြောင်း သိရသည်။

“တောထဲရှောင်သူတွေက ကျန်းမာရေးကူညီစောင့်ရှောက်မှု လုံးလုံးမရရှိနေတာကို သွားတွေ့ရတယ်။ မိုးလုံလေလုံ အခင်းအကျင်းတောင် မရှိနေတာကို သွားတွေ့ရတယ်။ မိုးရာသီရောက်လာတော့မယ်ဆိုတော့ အခက်ခဲများစွာရင်ဆိုင်ကြရတော့မယ်ဖြစ်ပါတယ်။ တောထဲရှောင်သူများသည် စားနပ်ရိက္ခာအကူညီရရှိရန်အတွက် အတော်ခက်ခဲကြပါတယ်။ “ဟု ပအိုဝ်းလူငယ်အစည်းအရုံးPYOမှ တာဝန်ရှိသူမနန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် စစ်ရှောင်ရင်းကောင်းမွန်စွာဆေးကုသခွင့် မရခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရခြင်းတို့ကြောင့် မွေးကင်စ ကလေးငယ်၃ဦးလည်း သေဆုံးခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။

သျှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ရက်အတွင်းတွင် အရပ်သား၆၉ဦး သေဆုံးခဲ့ရပြီး၊၉၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးPYOထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...