စစ်ရှောင်
နေအိမ်ပေါ် လက်နက်ကြီးကျ မိသားစုလေးဦး ပြင်းထန်စွာဒဏ်ရာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊လင်းခေး(လင်ခံ)ရွာတွင် လက်နက်ကြီး လူနေအိမ်ပေါ် ကျရောက်ခြင်းကြောင့် နေအိမ်ထဲရှိ မိသားစုလေးဦးထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပင်လောင်းမြို့နယ် လင်းခေး( လင်ခံ)ကျေးရွာတွင် ယမန်နေ့ (ဇွန်လ၂၀)ရက် ည လူအိပ်နေချိန်၌ စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လင်းခေး (လင်ခံ)ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက...
ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ရက်တွင် ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲပြင်ထန်ပြီး ဒေသခံ တစ်ဦးနှင့် ကလေး နှစ်ဦးထိမှန်ခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့်...
ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ နေရာပြောင်းရွှေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) နံနက်ပိုင်းမှစ၍ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာသည့်အတွက် နမ်းဖာမူ၊...
ဆီဆိုင် မီးလောင် နေအိမ်ထောက်ပံ့ကြေး စစ်ကောင်စီ ဘက်တော်သားနှင့် နီးစပ်သူသာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများကြောင့်မီးလောင်ပျက်စီးခဲ့ရသည့်နေအိမ်များအတွက် ထောက်ပံ့ကြေးကို စစ်ကောင်စီ ဘက်တော်သားများနှင့် နီးစပ်သူများသာ ရရှိကြောင်း မြို့ခံတစ်ဦးက ယနေ့ (ဇွန် ၁၈)ရက်တွင် ပြောသည်။ စစ်ကောင်စီဘက်တော်သားများဖြစ်ကြသည့် စစ်ကောင်စီအသိုင်းအဝိုင်း နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ နှင့် နီးစပ်သူများသာ ရရှိကြသည်။ ထိုမီးလောင်းသွားသည့် နေအိမ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁...
ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့် စစ်ကောင်စီပြန်မလွှတ်သေး
သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ပတ်ကြာသည့် အထိ ပြန်လွှတ်လာခြင်းမကြားရသေးကြ PNLO ဘက်ကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၅၉ ဦးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျေးရွာရှိခန်းမ၌...
“သူတို့ အသတ်ခံခဲ့ရသည်”
“အလောင်းတော့ ပြန်ရတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မြညှိ က ငိုရင်းပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ အတွင်းက စတင်ခဲ့သည့် သျှမ်းတောင်၊ ဆီဆိုင်မြို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် မြို့ခံများထဲတွင် ဒေါ်မြညှိတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။ ပြင်းထန်သည့် ဆီဆိုင်မြို့ပေါ် တိုက်ပွဲများကြောင့် ဒေသတွင်းရှိ ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ပြီးနောက်...
စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ
SHAN -
ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် ၁၅ရက် နံနက် ၈နဦရီတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး PNOပြည်သူ့စစ် စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း...
စဉ့်အင် ဖောင်ဆိပ်၌ လှုမှုရေးအသင်းကား အပါအဝင် ကား ၂ စီး ရေထဲပြုတ်ကျ
သျှမ်းမြောက်၊ လားရှိုး-သီပေါကြားရှိ တံတားပျက်စီးနေသည့် စဉ့်အင်တွင် ဖောင်ဖြင့် ချောင်းဖြတ်ကူးစဥ် ကား၂ စီး ရေထဲပြုတ်ကျသွားကြောင်း ကူညီကယ်ဆယ်ရာတွင် ပါဝင်သည့် ဒေသခံ တစ်ဦးက ပြောသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) ညနေပိုင်းက ဖောင်ဖြင့် ကား ၂ စီးတင်ဆောင် ဖြတ်ကူးစဉ် တဖက်ကမ်းသို့...
ဆီဆိုင် အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းထပ်မံနင်းမိကာ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းစုံစမ်းသိရှိရပါသည်။ သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ရင်းရွာရှိ ဇွန်လ ၁၃ရက် ညနေ ၅နာရီခန့်တွင် နန်းထားထားရီ သည် နိုင်ငံရပ်ခြားတွင်ရောက်ရှိနေသော အစ်မဖြစ်သူနှင့် ဖုန်းဆက်သွယ်ပြောဆိုရန် ရွာအရှေ့ဘက် ဖုန်းလိုင်းမိသောနေရာသို့သွားရောက်ခဲ့သည်။ ၎င်းအမဖြစ်သူနှင့်ဖုန်းဆက်ပြီးအပြန်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ကာဘယ်ဖက်မျက်လုံး အစထိမှန်ဒဏ်ရာရရှိခဲ့သည်။...
မဲနယ်တောင်ဒေသ စိုက်ပျိုးလုပ်ကိုင်သူများ လျော့နည်းလာ
SHAN -
သျှမ်းပြည် ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ နေထိုင်သူများသည် ထပ်ဆင့်စစ်ဘေးရှောင်ရမည်စိုး၍ စိုက်ပျိုးရေးလုပ်ကိုင်သူများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဇန်နဝါရီ ၂၁ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ် ပအိုဝ်းပြည်သူ့စစ်တပ်မတော်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရပြီး စိုက်ခင်းများပျက်စီးခဲ့ရသည်။ ယခုကာလတွင်...





