စစ်ရှောင်
ပင်လောင်းမြို့နယ် ဗန်းမောက်ရွာ စစ်ကောင်စီဒရုန်းဗုံးကြောင့် စစ်ဘေးရှောင် (၂)ဦးသေဆုံး၊ (၇) ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်ရှိ ဗန်းမောက်ရွာတွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချခြင်းကြောင့် မိန်းကလေးတစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်)တွင် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ဗန်းမောက်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)...
သီပေါမြို့ တိုက်ပွဲငြိမ်သက်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေး
သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လက်ရှိအချိန်ထိ ဒေသခံများ နေရပ်ပြန် နေထိုင်ရန် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ သီပေါမြို့အတွင်း၌...
လွိုင်ကော် စစ်ဘေးရှောင် မိခင်နှင့် ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် လွိုင်ကော်စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးတင်သာမက ရေဘေးကိုပါ ထပ်မံကြုံတွေ့ရပြီးနောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသရန် လမ်းကြောင်းခက်ခဲနေသည်။ ထို့ပြင် ဆေးရုံတွင်လည်း ဆေးဝါးနှင့် ကုသမှုဆိုင်ရာ...
ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များကို PNO က စစ်မှုထမ်းရန် ခေါ်သွား
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO က စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ပထမပတ်မှစ၍ ပင်လောင်းမြို့နယ်တွင် နေရပ်ပြန်သွားသော ဒေသခံများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက်...
ထီးလင်းမြို့နယ် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲပြီး PDF ကသတ်ဖြတ်ခဲ့ဟု သတင်းအမှားဖြန့်
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကသတ်ဖြတ်ခဲ့သည်ဟုဆိုကာ သတင်းအမှားဖြန့်ချိနေသည်။ Subscribers ၁၅၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ် “မှိုင်းဝေ”ချန်နယ်လ်မှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာမှ အမျိုးသား...
ပင်လောင်း စစ်ရှောင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အသက် ၅၆နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဉီး မုဒိမ်းကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်တွင် အသက် ၅၆နှစ်အရွယ် စစ်ရှောင်အမျိုးသမီးနှင့် ၎င်း၏မြေးသည် ပြောင်းခြံထဲရှိနေစဥ် အသက် ၂၀အရွယ်ရှိ လူငယ်တစ်ဉီးက လာရောက်မုဒိမ်းကျင့်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူ့ကို အသက်...
စစ်ကောင်စီကို အရှက်ရစေတဲ့ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်
ကျယ်လောင်လှတဲ့ လေယာဉ်အင်ဂျင်စက်သံဟာ စိတ်ဆိုးဒေသထွက်နေသည့်အလား သျှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတွေပေါ်ကို ညသန်းခေါင် လူအိပ်မောကျချိန် ဖြတ်ကျော်ပျံသန်းပြီး မီးလောင်ပေါက်ကွဲစေတဲ့ ဗုံးတွေကို အဆက်မပြတ် ကြဲချတိုက်ခိုက်နေပါတယ်။ စစ်ဘီလူး လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီတပ်ဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်တွေထံ ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ညစဉ်နီးပါး...
ကရင်နီစစ်ရှောင်ပြည်သူများ ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရ၊ ထမင်းနပ်မှန်အောင် မစားရဲ
SHAN -
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် လွိုင်ကော်၊ ပင်လောင်း တို့ဘက်တွင် စစ်ဘေးရှောင်ပြည်သူများသည် ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရသည်ဟု စုံစမ်းသိရသည်။ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် ပင်လောင်း စစ်ရှောင်ပြည်သူများသည် တောထဲတွင် တဲထိုးနေရပြီး ဝမ်းစာအတွက် ရုန်းကန်နေရကာ ယူဆောင်လာသည့် ဆန်နှင့် အနီးတဝိုက်ရှိ ပြောင်းဖူးခြံမှ ပြောင်းဖူးများနှင့် ရောနှော ချက်စားနေရသည်ဟု...
လားရှိုး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင်ရန် အခက်ကြုံနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး...
ပင်လောင်းမြို့နယ် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေ
ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ နှစ်ပတ်ကျော်ကြာ တိုက်ပွဲ ပြင်းထန် နေကြောင်း သတင်းရရှိသည်။ ပင်းလောင်းမြို့ နှင့် ဖယ်ခုံမြို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်းနှင့် တက်တောင် စသည့် ကျေးရွာများတွင် စစ်ကောင်စီ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့...






