ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များကို PNO က စစ်မှုထမ်းရန် ခေါ်သွား‌

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO က စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သွား‌ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ပထမပတ်မှစ၍ ပင်လောင်းမြို့နယ်တွင် နေရပ်ပြန်သွားသော ဒေသခံများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက် (၆၀) အတွင်း အမျိုးသားများကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားပြီး အချို့ကို ရွာအတွင်း၌ ကင်းစောင့်ခိုင်းနေကြောင်း အသက် (၄၀)နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်ချင်တယ် အိမ်ပြန်ကြည့်ချင်တယ်ဆိုရင် စစ်ထဲဝင်ပြီးတော့ ပြန်ရတယ်။ ပြီးတော့ သူတို့က ရှေ့တန်းသွားဖို့ ခေါ်ရင်လည်း တစ်ခါကို (၁၀) ယောက် မဲနှိုက်ပြီး ခေါ်တယ်။ ယောကျာ်းလေးတွေက (၁၆) နှစ်ကနေ (၆၀) ထိ ယူတယ်။ ရွာထဲမှာလည်း အလှည့်ကျ ကင်းစောင့်ခိုင်းတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

PNO တပ်သား

ပင်လောင်းမြို့နယ်အတွင်း နောင်ဝိုးကျေးရွာ၊ လှဲလောင်းနှင့် အခြားသော နေရပ်ပြန်သွားသည့် ကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO မှ စစ်မှုထမ်းရန် ယခုနည်းလမ်းကို အသုံးပြုခေါ်ယူနေကြောင်း ရွာဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်း ပြောသည်။

“တိုက်ပွဲတွေ ငြိမ်နေတော့ တချို့အမျိုးသားတွေက ပြန်သွားကြတာ။ ပြန်ရောက်နေတဲ့ လူတွေကို ထမင်းဟင်းတွေ ချက်ခိုင်း၊ ရှေ့တန်းရောက်နေတဲ့ တပ်သားတွေကို သူတို့က ထမင်းဟင်းတွေ သွားပို့ခိုင်းတာ။ အများစု အိမ်ပြန်ကြည့်ကြတဲ့ လူတွေက ယောကျာ်းလေးတွေလေ။ အဲ့မှာ ပြန်ရောက်သွားတဲ့ လူတွေကို သူတို့က စစ်ဝတ်စုံတွေ ဆင်ပေးပြီးတော့ ကင်းစောင့်ခိုင်းတယ်”ဟု အသက် (၃၀)နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ယခုလက်ရှိ ပင်လောင်းမြို့နယ် သျှမ်း-ကရင်နီနယ်စပ် နမ့်ဖာမူဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်နေလျှက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...