လွိုင်ကော် စစ်ဘေးရှောင် မိခင်နှင့် ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် လွိုင်ကော်စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးတင်သာမက ရေဘေးကိုပါ ထပ်မံကြုံတွေ့ရပြီးနောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသရန် လမ်းကြောင်းခက်ခဲနေသည်။

ထို့ပြင် ဆေးရုံတွင်လည်း ဆေးဝါးနှင့် ကုသမှုဆိုင်ရာ အားနည်းချက်များ ရှိနေပြီး မိခင်နှင့် ကလေးများအတွက် အသက်အန္တရာယ် ရှိလာနိုင်သည်အထိ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိတော့ ကိုယ်ဝန်ဆောင်မိခင် မီးဖွားဖို့၊ ဆေးခန်းပြဖို့ အတော်လေး ရုန်းကန်ရတယ်။ ကလေးငယ်တွေဆို ကာကွယ်ဆေးထိုးဖို့လည်း ဆေးက မရှိ။ ဆေးရုံမှာလည်း ဆေးဝါးပိုင်းဆိုင်ရာတွေက မရှိဘူး။ အဲ့လိုတွေကြောင့် မိခင်နဲ့ကလေးတွေ အသက်အန္တရာယ် ရှိလာနိုင်တယ်” ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် လွိုင်ကော်မြို့တွင် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်တချို့သည် ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်သူ ရှိသကဲ့သို့ တိမ်းရှောင်ရန် ခက်ခဲနေသည့် ပြည်သူများသာ ၎င်းမြို့အနီးတဝိုက်ရှိ တောထဲတွင် တဲထိုးပြီး နေထိုင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီး က ပြောဆိုသည်။

စက်တင်ဘာလအတွင်း လွိုင်ကော်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်တွင် သောက်သုံးရေများလည်း ပြတ်လတ်ကာ ကလေးနှင့် လူငယ်များတွင် အရေပြားယားယံမှု ပိုမိုဖြစ်ပွားလာပြီး ဝမ်းလျှောဝမ်းပျက်ခြင်းလည်း ထပ်မံကူးစက်မှု ရှိနေကြောင်း အသက် (၄၀)နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

အရေပြားရောဂါ ဖြစ်ပွားနေသူများတွင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များက အများဆုံးဖြစ်ပြီး တကိုယ်ရည် သန့်ရှင်းမှု နည်းပါးသည့်အပြင် မသန့်ရှင်းသော ရေကို အသုံးပြုနေရခြင်းကြောင့် ဖြစ်သည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“အခုက ရေတော့ကျသွားတယ်၊ ‌ရေဝယ်သုံးရတဲ့ အခက်အခဲတွေ ရှိတယ်။ စစ်ရှောင်တွေကလည်း ရေနောက်တွေနဲ့ပဲ ရေချိုး၊ ရေသောက်တာတွေ ရှိတော့ ယားယံတာ ဖြစ်တယ်၊ ဝမ်းလျှော ဝမ်းပျက်တာတွေ ရှိတယ်။ ဘာမှ မရှိတဲ့ကြားက ရှိတာလေးနဲ့ ရှာဖွေစားသောက်ရတဲ့ အပိုင်းက တော်တော်ရုန်းကန်ယူနေရတယ်”ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထို့အပြင် ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တပ်တို့ ပူးပေါင်းပြီး မြို့အဝင်အထွက်ဂိတ်တွင် ပစ္စည်းသယ်ယူခွင့်ကိုလည်း တားဆီးပိတ်ပင်နေသည်ဟု ဒေသခံပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...