Tuesday, January 27, 2026

ထီးလင်းမြို့နယ် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲပြီး PDF ကသတ်ဖြတ်ခဲ့ဟု သတင်းအမှားဖြန့်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကသတ်ဖြတ်ခဲ့သည်ဟုဆိုကာ သတင်းအမှားဖြန့်ချိနေသည်။

Subscribers ၁၅၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ် “မှိုင်းဝေ”ချန်နယ်လ်မှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာမှ အမျိုးသား ၄ ဦး အကြမ်းဖက် PDF များမှ စစ်တပ်သတင်းပေးဒလန်ဟု စွပ်စွဲကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်” ဟု (မူးရင်းအတိုင်း) ဆိုတာ ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၅,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/xAaPn

သို့ပေမယ့် ကျားခဲကျေးရွာမှ အရပ်သားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီအာပေး တယ်လီဂရမ်ချန်နယ်လ် ဝါဒဖြန့်ချန်နယ်လ်တွင် ကျားခဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က ဝန်ခံခဲ့သည်ကို တွေ့ရသည်။

လင့်ခ် – https://archive.ph/RfdBm

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ လုပ်ကြံဖန်တီးရေးသားထားသည့် ဝါဒဖြန့်သတင်းအမှား ဖြစ်သည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ဟာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၆ ရက်နေ့)က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

MPA သတင်းဌာန၏ ဖော်ပြချက်အရ (အောက်တိုဘာလ ၂၅ ရက်) ည ၇ နာရီခန့်တွင် ထီးလင်းမြို့ ရွှေထီးခန်းမမှ စတင်ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် (အောက်တိုဘာလ ၂၆ ရက်) နံနက် ၄ နာရီခန့်၌ ထီးလင်းမြို့နယ် ကျားခဲကျေးရွာသို့ အလစ်အငိုက်ဝင်ရောက်ကာ ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ကာ ၄ ဦးအား မီးရှို့သတ်ထားကြောင်း ယောတော်လှန်ရေးတပ် (YRA -ထီးလင်း) ၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဝင်းဆန်းဦး၊ ကိုမင်းသူ၊ ကိုမျိုးကျော်နှင့် ကိုသန်းစိန်မင်းတို့ဖြစ်ပြီး သွေးလွန်သေဆုံးသူမှာ ကိုနေဆန်းဝင်းဖြစ်ကြောင်း MPA သတင်းဌာနက ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ် -https://rb.gy/4a1y6d

ရွှေဖီမြေသတင်းဌာနာမှာလည်း “ထီးလင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့က အရပ်သား ၅ ဦး သတ်ဖြတ်သွား” ဆိုပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သတင်းဖော်ပြထားသည်။

သတင်းလင့်ခ် -https://rb.gy/em7fsy

ထို့အတူ မြေလတ်အသံသတင်းဌာနတွင် “ကျားခဲရွာက ဒေသခံ ၄ ဦးကို မီးရှို့သတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး” ဆိုပြီး အောက်တိုဘာလ ၂၇ ရက်နေ့က သတင်းဖော်ပြသည်။

သတင်းလင့်ခ် -https://rb.gy/k5uz9k

သုံးသပ်ချက်

ထိုကြောင့် ထီးလင်းမြို့နယ် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲပြီး PDF ကသတ်ဖြတ်ခဲ့သည်ဆိုသည့် ဖြန့်ချိမှုဟာ မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက စစ်ကောင်စီ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် PDF တပ်ဖွဲ့အား ပုံဖျက်ရန်အတွက် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း ဘုတလင်မြို့နယ် စီပါရွာတွင် ဖြစ်ပွားခဲ့သည့် အရပ်သားသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင်လည်း PDF အချင်းချင်းနယ်မြေလုရင်း ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြန့်ချိခဲ့သည်။

ထိုသတင်းကို Myanmar Fact-Checking Network အဖွဲ့ဝင်များမှ စီစစ်ခဲ့ပြီး သတင်းအမှားဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လင့်ခ် –

https://www.facebook.com/myanmarfactcheckingnetwork/videos/519667520963521

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...