ထီးလင်းမြို့နယ် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲပြီး PDF ကသတ်ဖြတ်ခဲ့ဟု သတင်းအမှားဖြန့်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုစွပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကသတ်ဖြတ်ခဲ့သည်ဟုဆိုကာ သတင်းအမှားဖြန့်ချိနေသည်။

Subscribers ၁၅၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ် “မှိုင်းဝေ”ချန်နယ်လ်မှ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာမှ အမျိုးသား ၄ ဦး အကြမ်းဖက် PDF များမှ စစ်တပ်သတင်းပေးဒလန်ဟု စွပ်စွဲကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်” ဟု (မူးရင်းအတိုင်း) ဆိုတာ ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၅,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/xAaPn

သို့ပေမယ့် ကျားခဲကျေးရွာမှ အရပ်သားသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီအာပေး တယ်လီဂရမ်ချန်နယ်လ် ဝါဒဖြန့်ချန်နယ်လ်တွင် ကျားခဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က ဝန်ခံခဲ့သည်ကို တွေ့ရသည်။

လင့်ခ် – https://archive.ph/RfdBm

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ လုပ်ကြံဖန်တီးရေးသားထားသည့် ဝါဒဖြန့်သတင်းအမှား ဖြစ်သည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ဟာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၆ ရက်နေ့)က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

MPA သတင်းဌာန၏ ဖော်ပြချက်အရ (အောက်တိုဘာလ ၂၅ ရက်) ည ၇ နာရီခန့်တွင် ထီးလင်းမြို့ ရွှေထီးခန်းမမှ စတင်ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် (အောက်တိုဘာလ ၂၆ ရက်) နံနက် ၄ နာရီခန့်၌ ထီးလင်းမြို့နယ် ကျားခဲကျေးရွာသို့ အလစ်အငိုက်ဝင်ရောက်ကာ ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ကာ ၄ ဦးအား မီးရှို့သတ်ထားကြောင်း ယောတော်လှန်ရေးတပ် (YRA -ထီးလင်း) ၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဝင်းဆန်းဦး၊ ကိုမင်းသူ၊ ကိုမျိုးကျော်နှင့် ကိုသန်းစိန်မင်းတို့ဖြစ်ပြီး သွေးလွန်သေဆုံးသူမှာ ကိုနေဆန်းဝင်းဖြစ်ကြောင်း MPA သတင်းဌာနက ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ် -https://rb.gy/4a1y6d

ရွှေဖီမြေသတင်းဌာနာမှာလည်း “ထီးလင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့က အရပ်သား ၅ ဦး သတ်ဖြတ်သွား” ဆိုပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သတင်းဖော်ပြထားသည်။

သတင်းလင့်ခ် -https://rb.gy/em7fsy

ထို့အတူ မြေလတ်အသံသတင်းဌာနတွင် “ကျားခဲရွာက ဒေသခံ ၄ ဦးကို မီးရှို့သတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး” ဆိုပြီး အောက်တိုဘာလ ၂၇ ရက်နေ့က သတင်းဖော်ပြသည်။

သတင်းလင့်ခ် -https://rb.gy/k5uz9k

သုံးသပ်ချက်

ထိုကြောင့် ထီးလင်းမြို့နယ် ပြည်သူ ၄ ဦးကို ဒလန်ဟုစွပ်စွဲပြီး PDF ကသတ်ဖြတ်ခဲ့သည်ဆိုသည့် ဖြန့်ချိမှုဟာ မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက စစ်ကောင်စီ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် PDF တပ်ဖွဲ့အား ပုံဖျက်ရန်အတွက် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း ဘုတလင်မြို့နယ် စီပါရွာတွင် ဖြစ်ပွားခဲ့သည့် အရပ်သားသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင်လည်း PDF အချင်းချင်းနယ်မြေလုရင်း ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြန့်ချိခဲ့သည်။

ထိုသတင်းကို Myanmar Fact-Checking Network အဖွဲ့ဝင်များမှ စီစစ်ခဲ့ပြီး သတင်းအမှားဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လင့်ခ် –

https://www.facebook.com/myanmarfactcheckingnetwork/videos/519667520963521

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...