သီပေါမြို့ တိုက်ပွဲငြိမ်သက်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေး

သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လက်ရှိအချိန်ထိ ဒေသခံများ နေရပ်ပြန် နေထိုင်ရန် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။

သီပေါမြို့အတွင်း၌ ဒေသခံများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်နေရသည့်အတွက် လက်ရှိ အချိန်ထိ မြို့အတွင်းသို့ ပြန်ရောက် နေထိုင်ရန် စိုးရိမ်နေရကြောင်း သီပေါမြို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြိုထဲမှာတော့ ဘယ်သူမှ အဲ့လောက်မနေရဲကြသေးဘူး။ ဒီရက်ပိုင်း ပြန်တဲ့လူတွေတော့ ရှိတယ်။ နေ့လယ်ဆို အိမ်မှာ ပြန်နေတယ်၊ ပြန်ကြည့်တယ်။ ညဆို ဘေးရွာတွေ မြို့ပြင်တွေမှာ အိပ်တာပေါ့။ ပြန်လည်း အရင်လို အလုပ်တွေ ပြန်လည်ပတ်နိုင်ဖို့ကလည်း ခက်နေတယ်။ အဓိက‌တော့ လေကြောင်းနဲ့ ဗုံးကြဲမှာမလို့ မပြန်ရဲကြသေးတာ သူတို့က ညလူအိပ်ချိန်တွေ ကြဲတော့ ပိုဆိုးတယ်”ဟု သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့တွင် လက်ရှိ ပြန်လည်နေထိုင်သူ နည်းပါးနေပြီး ဈေးနှင့် ကုန်စုံဆိုင်များလည်း ပြန်ဖွင့်နိုင်ခြင်း မရှိသေးကြောင်း သီပေါမြို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“မြို့အပြင်တွေလောက်ပဲ ဆိုင်တွေ ဖွင့်ရောင်းနေကြသေးတာ။ မြို့လယ်မှာတော့ ဆိုင်ဖွင့်ရောင်းနေကြတာ ဈေးရောင်းနေတာတွေ သိပ်မရှိသေးဘူး။ အများစုကတော့ ကိုယ်ရောင်းတဲ့ ပစ္စည်းတွေပါ သယ်သွားကြတာ ဆိုတော့လေ။ ပြန်လာပြီး တခုခုပြန်ဖြစ်ရင်လည်း ပြန်ပြေးဖို့ ပိုက်ဆံက ထပ်ကုန်တယ်လေ အဆင်မပြေကြဘူး”ဟု သီပေါမြို့ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

ထိုအပြင် မြို့အတွင်း၌ သူခိုးများ သောင်းကျန်းလာပြီး ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း ဒေသခံများက ပြောသည်။

သီပေါမြို့ပေါ် ရွှေဓားကျောင်းတိုက်၊ ရေဟော်ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်းတို့တွင် စစ်ဘေးရှောင် များ ဆက်လက်တိမ်းရှောင် ခိုလှုံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

အလားတူ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တွင်း တိုက်ပွဲများကြောင့် ကျေးသီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်သည် (၃) လကျော်ကြာ တိမ်းရှောင်နေပြီးနောက် လက်ရှိတွင် စားဝတ်နေရေး ခက်ခဲသည့်အပြင် စောင်နှင့် အနွေးအထည် အဝတ်အစားများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...