Tuesday, February 3, 2026

စစ်ကောင်စီ

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇‌ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁ နာရီကျော် အချိန်ထိ စစ်ကောင်စီတပ်က...

PNO ဖမ်းဆီးထားသည့် ဆီဆိုင် မူးယစ်ဆေး သုံးစွဲသူများကို ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မူယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူစစ် (PNO)ဖမ်းပြီး ငွေအဆမတန်ဖြင့် ပြန်ရွေးခိုင်းနေသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ)မှစတင်ပြီး ယခုလ (အောက်တိုဘာလ )အထိ ဆီဆိုင်မြို့တွင် မူးယစ် ဆေးဝါးသုံးစွဲသူကို အစုလိုက်အပြုံလိုက်ဖမ်းမိထားကာ ပိုက်ဆံရှိသည့် ပေါ်မူတည်ပြီး ကျပ်သိန်း ၅၀ဖြင့် ပြန်ရွေးခိုင်းကြောင်း ထိုဖြစ်စဉ်ကို သိသည့် ဆီဆိုင်မြို့မှ...

လျှပ်စစ်မီတာခကောက်ခံမှု မြှင့်တက်၊ လျှပ်စစ်မီးအစား မီးသွေးနှင့်ထင်း အစားထိုး ပိုမိုသုံးစွဲလာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် လျှပ်စစ်မီတာခ နှစ်ဆတိုး ကောက်ခံမှုကြောင့် လျှပ်စစ်မီးအစား မီးသွေးနှင့် ထင်းကို အစားထိုး ပိုမိုအသုံးပြုလာကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်မီတာခကို ယခင်ကာလတွင် တစ်ယူနစ် ကျပ် (၃၀) မှ...

လားရှိုး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင်ရန် အခက်ကြုံနေရ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။​ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး...

ပင်လောင်း-ညောင်ရွှေကြား စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

သျှမ်းပြည် ပင်လောင်းမြို့နှင့် ညောင်ရွှေမြို့ကြားရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ စစ်‌ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် တိုက်ပွဲများကြောင့် ပင်လောင်းမြို့မှ ညောင်ရွှေမြို့သို့ သွားသော လမ်းတကြောရှိ နောင်ပီနှင့် တပ်ဦးမုတ်ကျေးရွာတို့တွင်...

တရုတ်အထိမခံသည့် မူဆယ်မြို့တွင် MNDAA နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပြည်သူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်) ည ၅ နာရီခွဲခန့်မှ စတင်၍ မူဆယ်မြို့နှင့် ၃ မိုင်ခန့်သာ...

မိုးကုတ်၊ မိုးမိတ် TNLA ထံ အခွန်မဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေး၊ ရွှေ(၁၀)ပိဿာ အခွန်ကိစ္စ ညှိနှိုင်းနေဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ မပေးဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပေးဆောင်ရန် TNLA မှ မိုးကုတ်နှင့် မိုးမိတ်တကြောရှိ ရွှေမျှောပိုင်ရှင်များထံ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ ကောက်ခံခဲ့ရာ...

ပင်လောင်းမြို့နယ် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေ

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ နှစ်ပတ်ကျော်ကြာ တိုက်ပွဲ ပြင်းထန် နေကြောင်း သတင်းရရှိသည်။ ပင်းလောင်းမြို့ နှင့် ဖယ်ခုံမြို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်းနှင့် တက်တောင် စသည့် ကျေးရွာများတွင် စစ်ကောင်စီ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့...

“လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူး”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

စစ်ကောင်စီအနေဖြင့် လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့)တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၉ နှစ်မြောက်နှစ်ပတ်လည် မိန့်ခွန်းတွင် ယင်းကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက “နိဂုံးချုပ်အနေနဲ့ပြောရရင် လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့...

ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်၎င်း၏ဇနီးသတ်ခံရပြီး ဒေသခံ သက်ကြီးနှစ်ဦးဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး သတ်ခံရပြီးနောက် ဒေသခံ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးသွားရာ ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးတို့အသတ်ခံခဲ့ရပြီး၊ ကျေးရွာဒေသခံ အသက် ၅၀အရွယ်ရှိ ဒေါ်ထွေးနှင့်...

Latest news