ကရင်နီစစ်ရှောင်ပြည်သူများ ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရ၊ ထမင်းနပ်မှန်အောင် မစားရဲ

သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် လွိုင်ကော်၊ ပင်လောင်း တို့ဘက်တွင် စစ်ဘေးရှောင်ပြည်သူများသည် ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရသည်ဟု စုံစမ်းသိရသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် ပင်လောင်း စစ်ရှောင်ပြည်သူများသည် တောထဲတွင် တဲထိုးနေရပြီး ဝမ်းစာအတွက် ရုန်းကန်နေရကာ ယူဆောင်လာသည့် ဆန်နှင့် အနီးတဝိုက်ရှိ ပြောင်းဖူးခြံမှ ပြောင်းဖူးများနှင့် ရောနှော ချက်စားနေရသည်ဟု စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ ၃ လလောက်ရှိနေပြီ တိုက်ကြတာ။ ရွာတွေထဲထိ ဝင်လာတော့ အိမ်မှာရှိတဲ့ ဆန်တွေ နိုင်သလောက်ပဲ သယ်လာတာ။ တောထဲရောက်တော့ စားသောက်ဖို့က မလောက်ဘူး၊ အဲ့တဝိုက်ကရှိတဲ့ ပြောင်းဖူးတွေယူပြီး ရောချက်စားရတာ။ ထမင်းနပ် မှန်အောင်လည်း မစားရဲဘူး၊ နောက်ရက်တွေအတွက် မကျန်မှာဆိုးလို့ ကလေးတွေလည်းရှိတယ်” ဟု ၎င်းစစ်ရှောင် အမျိုးသမီးက ပြောသည်။

သျှမ်း-ကရင်နီနယ်စပ် စစ်ရှောင်

သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ-ပင်လောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်း စသည့် ကျေးရွာအသီးသီးတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူစစ် PNO တို့ ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု တို့ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရှောင်နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးကင်းလုံခြုံသည့်နေရာ တောထဲတွင်သာ ခိုအောင်းနေထိုင်နေရပြီး စားဝတ်နေရေးအတွက် တစ်နေ့ထက် တစ်နေ့ ပိုပိုခက်ခဲလာသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။

ယခင်ကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်နေသည့် လွိုင်ကော်နှင့် ဖယ်ခုံ၊ ပင်လောင်းတို့မှ စစ်ရှောင်ပြည်သူများသည် ရေဘေးတင်သာမက စစ်ဘေးပါ ထပ်မံတိမ်းရှောင်နေရသည်ဟု သိရသည်။

“လွိုင်ကော်နဲ့ ဖယ်ခုံဘက် ပင်လောင်းဘက်လည်း ရေဘေးကော စစ်ဘေးကော ရှောင်နေရတယ်။ တောထဲမှာ နေရတော့ ဘာအလုပ်မှလည်းမရှိ၊ မြို့ထဲလည်း သွားလို့မရဘူး။ နေတဲ့တဝိုက်နားက အကုန်တိုက်ပွဲတွေဖြစ်နေကြတာ။ စားသောက်ဖို့ကလည်း စိတ်ပူနေရတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

ပင်လောင်းနှင့် ဖယ်ခုံမြို့ နယ်စပ်တွင် စစ်ကောင်စီလက်‌အောက်ခံ ပအိုဝ်းပြည်သူ့စစ်တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ လမ်းများပိတ်ထားသည့်အတွက် တိုက်ပွဲအတွင်း၌ ပိတ်မိနေသည့် ဒေသခံများရှိနေကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာအပြင် အနီးအနား ကျေးရွာများရှိ ဒေသခံ ရာနှင့်ချီသည် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စ၍ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...