သျှမ်း-ကရင်နီစစ်ရှောင်
သျှမ်း-ကရင်နီတကြော ရောက် စစ်ရှောင်အချို့ ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရ
SHAN -
သျှမ်း-ကရင်နီနယ်စပ် တကြောရောက်ရှိနေသည့် စစ်ဘေးရှောင်အချို့သည် ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောဖြစ်သည် စစ်ဘေးရှောင်များမှာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုတို့ဘက်ခြမ်းဖြစ်သည်။ “စစ်ရှောင်တချို့ဆို ထင်းခြောက်လေးတွေကောက်ပြီး ရောင်းစားနေရတဲ့သူတွေလည်းရှိတယ်။ မိသားစုများတဲ့သူတွေပါတော့ ရှိတာနဲ့တင် မလုံလောက်ဘူး။ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ရှာဖွေနေကြတဲ့သူလည်း ရှိတယ်” ဟု မိုးဗြဲစစ်ရှောင်အမျိုးသမီး တစ်ဉီးက...
ကရင်နီစစ်ရှောင်ပြည်သူများ ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရ၊ ထမင်းနပ်မှန်အောင် မစားရဲ
SHAN -
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် လွိုင်ကော်၊ ပင်လောင်း တို့ဘက်တွင် စစ်ဘေးရှောင်ပြည်သူများသည် ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရသည်ဟု စုံစမ်းသိရသည်။ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် ပင်လောင်း စစ်ရှောင်ပြည်သူများသည် တောထဲတွင် တဲထိုးနေရပြီး ဝမ်းစာအတွက် ရုန်းကန်နေရကာ ယူဆောင်လာသည့် ဆန်နှင့် အနီးတဝိုက်ရှိ ပြောင်းဖူးခြံမှ ပြောင်းဖူးများနှင့် ရောနှော ချက်စားနေရသည်ဟု...





